- Than Min Htike
အရှိန်ကြီးသောပဌနာ(၄)
“ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသားတို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရားကို ဆုတောင်းပြီးလျှင်၊ အို နေ သင်သည်ဂိဗောင်မြို့၌လည်းကောင်း၊ အို လ သင်သည်အာယလုန်ချိုင့်၌လည်းကောင်း ငြိမ်ဝပ်စွာနေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆိုသည်အတိုင်း၊ ဣသရေလလူတို့သည် ရန်သူတို့အား အပြစ်ဒဏ်မပေးမီတိုင်အောင် နေသည် ငြိမ်ဝပ်စွာနေ၍ လသည်ရပ်လေ၏။ ယာရှာ၏စာ၌ပါသည်ကား၊ မိုးကောင်းကင်အလယ်၌ နေသည်ရပ်နေ၏။ ဝင်မြဲဝင်အံ့သောငှာ တစ်နေ့လုံးအလျှင်းမပြုဟု ပါသည်မဟုတ်လော။”(ယောရှု-၁၀:၁၂-၁၃)
ရပ်တန့်ပစ်လို့ရပါတယ်
ခေါင်းဆောင်တစ်ယောက်ဖြစ်လာတယ်ဆိုတာ အများကြီးသိလို့ အများကြီးတတ်လို့ မဟုတ်ဘူး ဘုရားသုံးလို့ပါ။ ဘုရားမသုံးရင် ဘယ်လောက်တော်တော် ဘယ်လောက်တတ်တတ် အသုံးမဝင်ဘူး။ ယောရှုဆိုတဲ့ ဘုရားအသုံးပြုတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာ သူ့အသက်တာမှာလည်း မပြည့် စုံတာတွေ အားနည်းချက်တွေရှိတယ်ဆိုတာကို တွေ့ရတယ်။ ပြည့်စုံမှလုပ်မယ်ဆိုရင်တော့ ဘယ်တော့မှ ဘယ်သူမှ ဘုရားအတွက်လုပ်နိုင်မှာမဟုတ်ဘူး။ လုပ်ရင်း ဘုရားစကားနားထောင်ရင်းနဲ့ပဲ ဘုရားက ပိုမို ပြည့်စုံစေတယ်။ ဘုရားအသုံးပြုဖို့က အရည်အချင်းတွေ ပညာတွေထက် အသုံးတော်ခံချင်တဲ့နှလုံးသား ဘုရားအတွက် ပြင်းပြတဲ့ဆန္ဒရှိခြင်းသာအရေးကြီးတယ်။ မောရှေကိုရွေးကောက်တဲ့အခါမှာလည်း သူကိုယ်တိုင် သူ့ရဲ့အားနည်းချက်တွေကြောင့် အခြားသူကိုရွေးချယ်ဖို့ ငြင်းပယ်ခဲ့တယ်မဟုတ်လား။ ဒါပေမယ့် ဘုရားက သူရွေးကောက်တဲ့သူကိုပဲသူအသုံးပြုခဲ့တယ်။ ယောရှုခေါင်းဆောင်ဖြစ်လာတဲ့အခါမှာ ရန်သူတွေကို ဘုရားသူ့လက်မှာအပ်တဲ့အခါမှာ တနေ့ထဲအပြီးတရားစီရင်ဖို့ သူက ဆန္ဒရှိခဲ့တယ်။ ဒါကြောင့် ဘုရားဆီမှာ ဆုတောင်း
ပြီးတော့ နေကို ရပ်တန့်ဖို့အတွက် အမိန့်ပေးခဲ့တယ်။ လကိုလည်း ငြိမ်ဝပ်စွာနေဖို့ ပြောထုတ်ခဲ့တယ်။ ဘယ်လောက်တောင် အံ့ဩစရာကောင်းလည်းဆိုရင် နေနဲ့လက သူ့စကားနားထောင်ခဲ့တယ် ဆိုတာကို မှတ်တမ်းတင်ခံရတယ်။ ရန်သူတွေကို တရားစီရင်ခြင်းမပြီးမချင်း နေ့တစ်ရက်မကုန်သွားဘူး။ တကယ်တော့ ဒီလိုလုပ်ဖို့ ဘုရားလည်းမခိုင်းပါဘူး။ ကျမ်းစာမှာလည်းအရင်က လူတွေလုပ်တယ်ဆိုတာလည်းမပါဘူး။ ဒါကိုဘာကြောင့်များ ဘုရားက သူ့ဆုတောင်း နားထောင်ခဲ့တာလဲ။ တော်သေးတယ် ဒီခတ်မှာ ယောရှုမလုပ်လို့ လုပ်ရင် လူမှုကွန်ယက်မှာ တော်တော်အဆဲခံရမယ်။ သူ့ခေါင်းဆောင်မောရှေတောင်မလုပ်တာ အခြားဘယ်သူမှ မလုပ်တာတွေကို လုပ်တယ်ဆိုပြီးတော့ မှားယွင်းတဲ့ အဖွဲ့ထဲမှာတောင် ထည့်မလားမသိဘူး။ လောကကြီးတစ်ခုလုံး ရပ်တန့်သွားတယ်လို့ပြောလို့ရအောင် ယောရှုရဲ့ဆုတောင်းချက်က လုပ်ခဲ့တယ်။ ဒီနေ့ သင့်ရဲ့ ပြဿနာတွေ၊ ရောဂါတွေ၊ အခက်အခဲတွေ ဘာလို့ မရပ်တန့်နိုင်ရမှာလဲ။ အရင်က လုပ်ဖူးတယ် မလုပ်ဖူးဘူး ဘာလို့ လျှောက်စဉ်းစားနေအုံးမှာလဲ။ အရေးကြီးတာ ဘုရားဆီမှာတောင်းဖို့ပဲမဟုတ်လား။ သင်တကယ်ဆုတောင်းမယ်ဆိုရင် သမိုင်းမှာ မရှိတဲ့အဖြစ်ပျက်တွေ၊ သက်သေခံချက်တွေ သင့်အသက်တာမှာ ဖြစ်ပျက်လာမယ်။ ယောရှုအရမ်းကြီးမှန်နေလို့ ဘုရားကအဖြေပေးခဲ့တာမဟုတ်ပါဘူး။ သူက နေကိုအမိန့်ပေးခဲ့တယ် ရပ်တန့်ဖို့။ တကယ်တော့နေက နဂိုကတည်းက ရပ်တန့်နေတာပါ တကယ်လည်ပတ်နေတာက ကမ္ဘာကြီးပါ၊ နေကို လှည့်ပတ်နေတာပါ။ ရပ်ဖို့အမိန့်ပေးရင်ကမ္ဘာကို ရပ်အောင်အမိန့်ပေးရမှာ။ လူရှေ့မှာ သူခပ်တည်တည်နဲ့ လက်ညိုး ထိုးပြီး အမိန့်ပေးတာ အမှားကြီးပဲ။ ဒါပေမယ့်ဘုရားပေးတဲ့အဖြေကတော့ မှန်တယ်။
နေမဝင်သွားဘူး။ ခေါင်းဆောင်ဖြစ်ပေမယ့် အာလုံးသိတာတော့မဟုတ်ဘူး ဒါပေမယ့်ဆုတောင်းခြင်းနဲ့ ဘုရားဆီမှာတိုး၀င်၊ ဆုတောင်းခြင်းနဲ့ ဘုရားနဲ့ အချိန်ယူတဲ့ အခါမှာတော့ အခြားသူတွေမရတဲ့အခွင့်အရေးတွေ၊ အခြားသူတွေမလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်နိုင်တဲ့သူဖြစ်လာစေတယ်။

Zawgyi
အ႐ွိန္ႀကီးေသာပဌနာ(၄)
“ထိုသို႔ အာေမာရိလူတို႔ကို ဣသေရလအမ်ိဳးသားတို႔၌ အပ္ေတာ္မူေသာေန႔မွာ၊ ေယာ႐ႈသည္ ထာဝရဘုရားကို ဆုေတာင္းၿပီးလွ်င္၊ အို ေန သင္သည္ဂိေဗာင္ၿမိဳ႕၌လည္းေကာင္း၊ အို လ သင္သည္အာယလုန္ခ်ိဳင့္၌လည္းေကာင္း ၿငိမ္ဝပ္စြာေနေလာ့ဟု ဣသေရလအမ်ိဳးသားမ်ားေ႐ွ႕တြင္ ႁမြက္ဆိုသည္အတိုင္း၊ ဣသေရလလူတို႔သည္ ရန္သူတို႔အား အျပစ္ဒဏ္မေပးမီတိုင္ေအာင္ ေနသည္ ၿငိမ္ဝပ္စြာေန၍ လသည္ရပ္ေလ၏။ ယာ႐ွာ၏စာ၌ပါသည္ကား၊ မိုးေကာင္းကင္အလယ္၌ ေနသည္ရပ္ေန၏။ ဝင္ၿမဲဝင္အံ့ေသာငွာ တစ္ေန႔လုံးအလွ်င္းမျပဳဟု ပါသည္မဟုတ္ေလာ။”(ေယာ႐ႈ-၁၀:၁၂-၁၃)
ရပ္တန္႔ပစ္လို႔ရပါတယ္
ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာတယ္ဆိုတာ အမ်ားႀကီးသိလို႔ အမ်ားႀကီးတတ္လို႔ မဟုတ္ဘူး ဘုရားသုံးလို႔ပါ။ ဘုရားမသုံးရင္ ဘယ္ေလာက္ေတာ္ေတာ္ ဘယ္ေလာက္တတ္တတ္ အသုံးမဝင္ဘူး။ ေယာ႐ႈဆိုတဲ့ ဘုရားအသုံးျပဳတဲ့ ေခါင္းေဆာင္တစ္ေယာက္ရဲ႕အသက္တာကိုၾကည့္တဲ့အခါမွာ သူ႕အသက္တာမွာလည္း မျပည့္ စုံတာေတြ အားနည္းခ်က္ေတြ႐ွိတယ္ဆိုတာကို ေတြ႕ရတယ္။ ျပည့္စုံမွလုပ္မယ္ဆိုရင္ေတာ့ ဘယ္ေတာ့မွ ဘယ္သူမွ ဘုရားအတြက္လုပ္ႏိုင္မွာမဟုတ္ဘူး။ လုပ္ရင္း ဘုရားစကားနားေထာင္ရင္းနဲ႔ပဲ ဘုရားက ပိုမို ျပည့္စုံေစတယ္။ ဘုရားအသုံးျပဳဖို႔က အရည္အခ်င္းေတြ ပညာေတြထက္ အသုံးေတာ္ခံခ်င္တဲ့ႏွလုံးသား ဘုရားအတြက္ ျပင္းျပတဲ့ဆႏၵ႐ွိျခင္းသာအေရးႀကီးတယ္။ ေမာေ႐ွကိုေ႐ြးေကာက္တဲ့အခါမွာလည္း သူကိုယ္တိုင္ သူ႕ရဲ႕အားနည္းခ်က္ေတြေၾကာင့္ အျခားသူကိုေ႐ြးခ်ယ္ဖို႔ ျငင္းပယ္ခဲ့တယ္မဟုတ္လား။ ဒါေပမယ့္ ဘုရားက သူေ႐ြးေကာက္တဲ့သူကိုပဲသူအသုံးျပဳခဲ့တယ္။ ေယာ႐ႈေခါင္းေဆာင္ျဖစ္လာတဲ့အခါမွာ ရန္သူေတြကို ဘုရားသူ႕လက္မွာအပ္တဲ့အခါမွာ တေန႔ထဲအၿပီးတရားစီရင္ဖို႔ သူက ဆႏၵ႐ွိခဲ့တယ္။ ဒါေၾကာင့္ ဘုရားဆီမွာ ဆုေတာင္း
ၿပီးေတာ့ ေနကို ရပ္တန္႔ဖို႔အတြက္ အမိန္႔ေပးခဲ့တယ္။ လကိုလည္း ၿငိမ္ဝပ္စြာေနဖို႔ ေျပာထုတ္ခဲ့တယ္။ ဘယ္ေလာက္ေတာင္ အံ့ဩစရာေကာင္းလည္းဆိုရင္ ေနနဲ႔လက သူ႕စကားနားေထာင္ခဲ့တယ္ ဆိုတာကို မွတ္တမ္းတင္ခံရတယ္။ ရန္သူေတြကို တရားစီရင္ျခင္းမၿပီးမခ်င္း ေန႔တစ္ရက္မကုန္သြားဘူး။ တကယ္ေတာ့ ဒီလိုလုပ္ဖို႔ ဘုရားလည္းမခိုင္းပါဘူး။ က်မ္းစာမွာလည္းအရင္က လူေတြလုပ္တယ္ဆိုတာလည္းမပါဘူး။ ဒါကိုဘာေၾကာင့္မ်ား ဘုရားက သူ႕ဆုေတာင္း နားေထာင္ခဲ့တာလဲ။ ေတာ္ေသးတယ္ ဒီခတ္မွာ ေယာ႐ႈမလုပ္လို႔ လုပ္ရင္ လူမႈကြန္ယက္မွာ ေတာ္ေတာ္အဆဲခံရမယ္။ သူ႕ေခါင္းေဆာင္ေမာေ႐ွေတာင္မလုပ္တာ အျခားဘယ္သူမွ မလုပ္တာေတြကို လုပ္တယ္ဆိုၿပီးေတာ့ မွားယြင္းတဲ့ အဖြဲ႕ထဲမွာေတာင္ ထည့္မလားမသိဘူး။ ေလာကႀကီးတစ္ခုလုံး ရပ္တန္႔သြားတယ္လို႔ေျပာလို႔ရေအာင္ ေယာ႐ႈရဲ႕ဆုေတာင္းခ်က္က လုပ္ခဲ့တယ္။ ဒီေန႔ သင့္ရဲ႕ ျပႆနာေတြ၊ ေရာဂါေတြ၊ အခက္အခဲေတြ ဘာလို႔ မရပ္တန္႔ႏိုင္ရမွာလဲ။ အရင္က လုပ္ဖူးတယ္ မလုပ္ဖူးဘူး ဘာလို႔ ေလွ်ာက္စဥ္းစားေနအုံးမွာလဲ။ အေရးႀကီးတာ ဘုရားဆီမွာေတာင္းဖို႔ပဲမဟုတ္လား။ သင္တကယ္ဆုေတာင္းမယ္ဆိုရင္ သမိုင္းမွာ မ႐ွိတဲ့အျဖစ္ပ်က္ေတြ၊ သက္ေသခံခ်က္ေတြ သင့္အသက္တာမွာ ျဖစ္ပ်က္လာမယ္။ ေယာ႐ႈအရမ္းႀကီးမွန္ေနလို႔ ဘုရားကအေျဖေပးခဲ့တာမဟုတ္ပါဘူး။ သူက ေနကိုအမိန္႔ေပးခဲ့တယ္ ရပ္တန္႔ဖို႔။ တကယ္ေတာ့ေနက နဂိုကတည္းက ရပ္တန္႔ေနတာပါ တကယ္လည္ပတ္ေနတာက ကမ႓ာႀကီးပါ၊ ေနကို လွည့္ပတ္ေနတာပါ။ ရပ္ဖို႔အမိန္႔ေပးရင္ကမ႓ာကို ရပ္ေအာင္အမိန္႔ေပးရမွာ။ လူေ႐ွ႕မွာ သူခပ္တည္တည္နဲ႔ လက္ညိဳး ထိုးၿပီး အမိန္႔ေပးတာ အမွားႀကီးပဲ။ ဒါေပမယ့္ဘုရားေပးတဲ့အေျဖကေတာ့ မွန္တယ္။
ေနမဝင္သြားဘူး။ ေခါင္းေဆာင္ျဖစ္ေပမယ့္ အာလုံးသိတာေတာ့မဟုတ္ဘူး ဒါေပမယ့္ဆုေတာင္းျခင္းနဲ႔ ဘုရားဆီမွာတိုး၀င္၊ ဆုေတာင္းျခင္းနဲ႔ ဘုရားနဲ႔ အခ်ိန္ယူတဲ့ အခါမွာေတာ့ အျခားသူေတြမရတဲ့အခြင့္အေရးေတြ၊ အျခားသူေတြမလုပ္ႏိုင္တဲ့ အလုပ္ေတြကို လုပ္ႏိုင္တဲ့သူျဖစ္လာေစတယ္။