- Than Min Htike
အရှိန်ကြီးသောပဌနာ(၅)
“ဂိဒေါင်သည်လည်း ဘုရားသခင်အား၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင်၊ အကျွန်ုပ်သည် သိုးတစ်ကောင်၏အမွေးကို တလင်း၌ ထားပါမည်။ သိုးမွေးသည် နှင်းစို၍၊ မြေတစ်ပြင်လုံး သွေ့ခြောက်လျှင်၊ မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်ကို အကျွန်ုပ်သိပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ်လေ၏။ နံနက်စောစောထ၍ သိုးမွေးကိုညှစ်သဖြင့် နှင်းရည်သည် အင်တုံအပြည့် ရှိလေ၏။”(သူကြီး-၆:၃၆-၃၈)
ဘုရားသခင်ထံမှ လာတဲ့စိတ်ချမှု
ဆုတောင်းခြင်းထဲမှာ ရလာတဲ့ အကျိုးတွေထဲကတစ်ခုကတော့ စိတ်ချမှုပါပဲ။ အဖြေမရသေးခင်ကတည်း ကရမယ်ဆိုတဲ့ စိတ်ချမှုကိုအထဲမှာခံစားရတယ်။ အဲ့ဒီစိတ်ချမှုဟာ အခြေအနေနဲ့လည်းမဆိုင်ဘူး၊ ငွေကြေးနဲ့လည်းမဆိုင်ဘူး ဘုရားဆီကနေ သီးသန့်ပေးတဲ့ ရလဒ်ပါ။ ကိုယ်လုပ်ချင်တဲ့အလုပ်က အကြီးကြီး လက်ထဲမှာရှိတဲ့အရာနဲ့အခွင့်အရေးလေးက သေးသေးလေး။ ဘယ်လိုများ ဒီလောက်လေးနဲ့ ကြီးမားတဲ့အရာတွေလုပ်ရပါ့မလဲလို့ မေးခွန်းတောင် မထုတ်ရဲဘူး။ ဒီလိုအချိန်တွေ ကြုံနေရမယ်၊ ဒါမှမဟုတ်ကြုံဖူးတယ်ဆိုရင် ဒီခံစားချက်ကို နားလည်လိမ့်မယ်။ ကျွန်တော် သာသနာပြုတဲ့ အချိန်ကာလတစ်ခုလုံးဒီခံစားချက်နဲ့ ရုန်းကန်ခဲ့ရတယ်။ လိုအပ်တာတွေက အများကြီး၊ လက်ထဲရှိတဲ့အရာလေးက ခဲလုံးလေးတစ်လုံးလောက်တောင်မရှိဘူး ဒါပေမယ့်ဆုတောင်း တဲ့အခါမှာတော့ အဲ့ဒီခဲလုံးလေးကို အရှိန်နဲ့ ပြည့်စေပြီး ဂေါလျက်လို လူကိုတောင် လဲကျစေတဲ့ ခဲလုံးအဖြစ်စိတ်ချမှုရောက်လာတယ်။ ဘာမှမရှိပဲ၊ ဘာလို့အားမငယ်ခဲ့တာလဲ၊ ဘာကြောင့်ဆက်လုပ်ဖြစ်သလဲဆိုတာ အဖြေက ဒါပဲ။ ဆုတောင်းခြင်းထဲကလာတဲ့စိတ်ချမှုက အရာရာကိုရင်ဆိုင်ဖို့ရော အဲ့ဒါတွေကိုကျော်လွှားအောင်မြင်ဖို့ရော ခွန်အားအစွမ်းဖြစ်လာတာပါပဲ။
ဂိဒေါင်ဆီကို ဘုရားဆီက ခန့်အပ်မှုတစ်ခုရောက် လာတယ်။ လုပ်ရမယ့် အလုပ်ကတော့ရန်သူတွေကိုတိုက် ထုတ်ဖို့ပဲ။ ဒီကိစ္စလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ရန်သူ အများကြီးကို လူအနည်းအငယ်လေးနဲ့ တိုက်ဖို့ဆိုတာ တော်တော်ရူးတယ်ကိစ္စ။ အဲ့ကြားထဲ ဘုရားက လူများတယ်ဆိုပြီးတော့ စစ်ခိုင်းလိုက်သေးတယ်။ လူ၃၀၀ပဲကျန်တဲ့အထိ။ ဘာလို့ ဘုရားပြောတဲ့အတိုင်း တစ်သွေမတိမ်း ဂိဒေါင် လိုက်လုပ်နိုင်တာလဲ။ ဒီလောက်လူနည်းနည်းလေးနဲ့ ကြီးမားတဲ့အရာလုပ်ဖို့အတွက်သူက ဘာလို့ ဒီလောက်တောင် စိတ်အားပြင်းထန်နေရတာလဲ။ ဂိဒေါင်က စစ်တိုက်မသွားခင်ကတည်းက ဘုရားဆီမှာသေချာတဲ့သက်သေတောင်းတယ်။ စိတ်ချမှုမရမချင်း သူ ဘုရားဆီမှာတောင်းတယ်။ သူစိတ်ချမှုရသွားတဲ့အခါမှာတော့ လုံး၀ကိုလှည့်ပြန်မကြည့်တော့ဘူး။ သူ့မှာရှိတဲ့ လူဘယ်လောက်ဆိုတာအရေးမကြီးတော့သလို၊ ရန်သူအင်အားဘယ်လောက်ဆိုတာလည်းအရေးမကြီးတော့ဘူး။ ဘုရားမျက်မှောက်တော်ထဲကလာတဲ့စိတ်ချမှုက သူ့ကို အရာရာကို ရင်ဆိုင်နိုင်ဖို့စိတ်ချမှုအပြည့်ပေးလိုက်ပြီမဟုတ်လား။ ဒီနေ့ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီးတော့ဆင်ခြင်ပေးနေတာရော၊ နောက် အခြားသူတွေရဲ့ အခြေအနေတွေကို မြင်နေရတာရောက စိတ်ချမှုအပြည့်မရှိတဲ့သူတွေရဲ့လုပ်ရပ် မဟုတ်လား။

Zawgyi
အ႐ွိန္ႀကီးေသာပဌနာ(၅)
“ဂိေဒါင္သည္လည္း ဘုရားသခင္အား၊ ကိုယ္ေတာ္သည္ မိန္႔ေတာ္မူသည္အတိုင္း၊ ဣသေရလအမ်ိဳးကို အကြၽႏ္ုပ္အားျဖင့္ ကယ္တင္ေတာ္မူမည္မွန္လွ်င္၊ အကြၽႏ္ုပ္သည္ သိုးတစ္ေကာင္၏အေမြးကို တလင္း၌ ထားပါမည္။ သိုးေမြးသည္ ႏွင္းစို၍၊ ေျမတစ္ျပင္လုံး ေသြ႕ေျခာက္လွ်င္၊ မိန္႔ေတာ္မူသည္အတိုင္း၊ ဣသေရလအမ်ိဳးကို အကြၽႏ္ုပ္အားျဖင့္ ကယ္တင္ေတာ္မူမည္ကို အကြၽႏ္ုပ္သိပါမည္ဟု ေတာင္းေလွ်ာက္သည္အတိုင္း ျဖစ္ေလ၏။ နံနက္ေစာေစာထ၍ သိုးေမြးကိုညႇစ္သျဖင့္ ႏွင္းရည္သည္ အင္တုံအျပည့္ ႐ွိေလ၏။”(သူႀကီး-၆:၃၆-၃၈)
ဘုရားသခင္ထံမွ လာတဲ့စိတ္ခ်မႈ
ဆုေတာင္းျခင္းထဲမွာ ရလာတဲ့ အက်ိဳးေတြထဲကတစ္ခုကေတာ့ စိတ္ခ်မႈပါပဲ။ အေျဖမရေသးခင္ကတည္း ကရမယ္ဆိုတဲ့ စိတ္ခ်မႈကိုအထဲမွာခံစားရတယ္။ အဲ့ဒီစိတ္ခ်မႈဟာ အေျခအေနနဲ႔လည္းမဆိုင္ဘူး၊ ေငြေၾကးနဲ႔လည္းမဆိုင္ဘူး ဘုရားဆီကေန သီးသန္႔ေပးတဲ့ ရလဒ္ပါ။ ကိုယ္လုပ္ခ်င္တဲ့အလုပ္က အႀကီးႀကီး လက္ထဲမွာ႐ွိတဲ့အရာနဲ႔အခြင့္အေရးေလးက ေသးေသးေလး။ ဘယ္လိုမ်ား ဒီေလာက္ေလးနဲ႔ ႀကီးမားတဲ့အရာေတြလုပ္ရပါ့မလဲလို႔ ေမးခြန္းေတာင္ မထုတ္ရဲဘူး။ ဒီလိုအခ်ိန္ေတြ ၾကဳံေနရမယ္၊ ဒါမွမဟုတ္ၾကဳံဖူးတယ္ဆိုရင္ ဒီခံစားခ်က္ကို နားလည္လိမ့္မယ္။ ကြၽန္ေတာ္ သာသနာျပဳတဲ့ အခ်ိန္ကာလတစ္ခုလုံးဒီခံစားခ်က္နဲ႔ ႐ုန္းကန္ခဲ့ရတယ္။ လိုအပ္တာေတြက အမ်ားႀကီး၊ လက္ထဲ႐ွိတဲ့အရာေလးက ခဲလုံးေလးတစ္လုံးေလာက္ေတာင္မ႐ွိဘူး ဒါေပမယ့္ဆုေတာင္း တဲ့အခါမွာေတာ့ အဲ့ဒီခဲလုံးေလးကို အ႐ွိန္နဲ႔ ျပည့္ေစၿပီး ေဂါလ်က္လို လူကိုေတာင္ လဲက်ေစတဲ့ ခဲလုံးအျဖစ္စိတ္ခ်မႈေရာက္လာတယ္။ ဘာမွမ႐ွိပဲ၊ ဘာလို႔အားမငယ္ခဲ့တာလဲ၊ ဘာေၾကာင့္ဆက္လုပ္ျဖစ္သလဲဆိုတာ အေျဖက ဒါပဲ။ ဆုေတာင္းျခင္းထဲကလာတဲ့စိတ္ခ်မႈက အရာရာကိုရင္ဆိုင္ဖို႔ေရာ အဲ့ဒါေတြကိုေက်ာ္လႊားေအာင္ျမင္ဖို႔ေရာ ခြန္အားအစြမ္းျဖစ္လာတာပါပဲ။
ဂိေဒါင္ဆီကို ဘုရားဆီက ခန္႔အပ္မႈတစ္ခုေရာက္ လာတယ္။ လုပ္ရမယ့္ အလုပ္ကေတာ့ရန္သူေတြကိုတိုက္ ထုတ္ဖို႔ပဲ။ ဒီကိစၥလြယ္တဲ့ကိစၥေတာ့မဟုတ္ဘူး။ ရန္သူ အမ်ားႀကီးကို လူအနည္းအငယ္ေလးနဲ႔ တိုက္ဖို႔ဆိုတာ ေတာ္ေတာ္႐ူးတယ္ကိစၥ။ အဲ့ၾကားထဲ ဘုရားက လူမ်ားတယ္ဆိုၿပီးေတာ့ စစ္ခိုင္းလိုက္ေသးတယ္။ လူ၃၀၀ပဲက်န္တဲ့အထိ။ ဘာလို႔ ဘုရားေျပာတဲ့အတိုင္း တစ္ေသြမတိမ္း ဂိေဒါင္ လိုက္လုပ္ႏိုင္တာလဲ။ ဒီေလာက္လူနည္းနည္းေလးနဲ႔ ႀကီးမားတဲ့အရာလုပ္ဖို႔အတြက္သူက ဘာလို႔ ဒီေလာက္ေတာင္ စိတ္အားျပင္းထန္ေနရတာလဲ။ ဂိေဒါင္က စစ္တိုက္မသြားခင္ကတည္းက ဘုရားဆီမွာေသခ်ာတဲ့သက္ေသေတာင္းတယ္။ စိတ္ခ်မႈမရမခ်င္း သူ ဘုရားဆီမွာေတာင္းတယ္။ သူစိတ္ခ်မႈရသြားတဲ့အခါမွာေတာ့ လုံး၀ကိုလွည့္ျပန္မၾကည့္ေတာ့ဘူး။ သူ႕မွာ႐ွိတဲ့ လူဘယ္ေလာက္ဆိုတာအေရးမႀကီးေတာ့သလို၊ ရန္သူအင္အားဘယ္ေလာက္ဆိုတာလည္းအေရးမႀကီးေတာ့ဘူး။ ဘုရားမ်က္ေမွာက္ေတာ္ထဲကလာတဲ့စိတ္ခ်မႈက သူ႕ကို အရာရာကို ရင္ဆိုင္ႏိုင္ဖို႔စိတ္ခ်မႈအျပည့္ေပးလိုက္ၿပီမဟုတ္လား။ ဒီေန႔ ဟိုအေၾကာင္းျပ ဒီအေၾကာင္းျပၿပီးေတာ့ဆင္ျခင္ေပးေနတာေရာ၊ ေနာက္ အျခားသူေတြရဲ႕ အေျခအေနေတြကို ျမင္ေနရတာေရာက စိတ္ခ်မႈအျပည့္မ႐ွိတဲ့သူေတြရဲ႕လုပ္ရပ္ မဟုတ္လား။