- Than Min Htike
အရှိန်ကြီးသောပဌနာ(၆)
“သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံသို့ တစ်ဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပတ္ထနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့တက်ရလိမ့်မည်။ သင့်အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ပေးမည်။ သင်နှင့်ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။”(၄ဓမ္မ-၂၀:၅-၆)
ဘုရားသခင့်ထံမှ အတိုး
ဆုတောင်းခြင်းကိုရင်းနှီးမြှုပ်နှံတဲ့သူတစ်ယောက်က အဖြေဆိုတဲ့အရင်းကိုပဲပြန်ရတာမဟုတ်ဘူး မတောင်းတဲ့ဆုတွေနဲ့အတူ အတိုးကိုပါရရှိခံစားရတယ်။ ကျွန်တော်တို့တစ်ဘ၀လုံး ဆုတောင်းသလောက်သာရမယ်ဆိုရင်ဘယ် လိုဖြစ်သွားမယ်ထင်လဲ။ သေချာတာကတော့အခုလောက်တော့ကောင်းမယ်မထင်ဘူး။ ကျွန်တော်တို့ဆု တောင်းချက်တွေတော်တော်များများက ကိုယ်ကောင်းမယ်ထင်တာတွေ၊ လိုချင်တာတွေနဲ့ ကျဉ်းမြောင်းတဲ့ လူ့အမြင်ကိုပဲအမြဲအခြေခံတယ်မဟုတ်ဘူးလား။ ဒါကြောင့် ယေရှုက ဂတိပေးတာ ဆုတောင်းတာပဲမဟုတ်ဘူး ပိုကောင်းတာပေးမယ်လို့။ ကျွန်တော်တို့ဆုတောင်းခြင်းထဲမှာ မပါပေမယ့်လည်း တစ်ခါတစ်လေ စဉ်းတောင်မစဉ်းမိတဲ့အရာတွေရှိပေမယ့်လည်း ဘုရားကအမြဲတမ်း အကောင်းဆုံးတွေနဲ့ဖြည့်စွက်ပေးတယ်မဟုတ်လား။ ဆုတောင်းခြင်းဆိုတာအားမှ ဒါမှမဟုတ်ခံစားချက်ကောင်းမှ လုပ်ရမယ့်အရာတစ်ခုမဟုတ်ဘူး။ နေ့စဉ်ကိုယ့်ဘ၀အာမခံချက်အတွက်အလုပ်ကို ဇွဲရှိရှိလုပ်သလို လုပ်သင့်တယ်။ အလုပ်လုပ်ရင်တောင်၊ ရင်းနှီးမြှုပ်မှုတစ်ခုမှာပါဝင်ရင်တောင် အမြဲတမ်းအကျိုးအမြတ်ပြန်ရတာ ဆုတောင်းခြင်းထဲမှာမြှုပ်နှံတဲ့သူက မရပဲမနေပါဘူး။ မမျှော်လင့်နိုင်တဲ့ ရလဒ်တွေကို ရရှိခံစားမှာသေချာတယ်။
ဟေဇကိမင်းကြီးထံကို ပရောဖက်ကြီးဟေရှာယအားဖြင့်ဘုရားဆီကနေ သတင်းစကားရောက်လာတယ်။ ဒါကတော့ မကြာခင်သူ့ရဲ့သက်တမ်းကုန်ဆုံးတော့မယ်ဆိုတာပါ။ လူတစ်ယောက် သေရတော့မယ်လို့သိရတဲ့အသိ ဘယ်လောက်တောင် ဆိုးသလဲ။ အဲ့ဒီအချိန်မှာ ဘယ်လိုမှ ခံစားချက်ကောင်းမှာမဟုတ်ဘူး။ ဆရာဝန်က ခန့်မှန်းတာဆိုတော်သေးတယ် အခုက ဘုရားကိုယ်တိုင်က ပြောတာဆိုတော့ရှောင်လွှဲဖို့နည်းလမ်းမရှိသလို မလွဲမှားနိုင်ဘူး။ ဒါနဲ့ဟေဇကိက လုပ်စရာအများကြီးရှိတဲ့အထဲမှာ တန်ဖိုးရှိတဲ့နောက်ဆုံးကျန်တဲ့အချိန်ကို ဆုတောင်းခြင်းထဲမှာအသုံးပြုလိုက်တယ်။ လုပ်စရာရှိတာတွေကိုမလုပ်ပဲ၊ တွေ့စရာရှိတဲ့လူတွေနဲ့မတွေ့ပဲ ဘုရားနဲ့ အချိန်ယူဖို့ဆုံး ဖြတ်လိုက်တယ်။ အဲ့ဒီ ဆုတောင်းချက်က (၁၅) မိနစ်လောက်ပဲရှိမယ်ထင်တယ်။ ဒါပေမယ့် တန်ဖိုးရှိတဲ့အချိန်ကို ဆုတောင်းခြင်းထဲမှာ မြှုပ်နှံရင် အမြဲတမ်း အရင်းရောအတိုးရောပေးတဲ့ဘုရားက သူမမျှော်လင့်နိုင်တဲ့ သတင်းစကားသူ့ဆီ ပြန်ကြားစေတယ်။ ဒါကတော့ နောက်ထပ် (၁၅)နှစ်သက်တမ်း တိုးပေးတာပါ။ (၁၅)မိနစ်လောက်လေး ဆုတောင်းက သူ့ဘ၀တစ်ခုလုံးကို ဆွဲဆန့်ပစ်လိုက်နိုင်တယ်ဆိုရင် ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ။ ဒါကြောင့်တန်ဖိုးရှိလှတဲ့အချိန်တွေကို ဘုရားမျက်မှောက်တော်မှာရင်းနှီးမြှုပ်နှံရင် မမျှော်လင့်နိုင်တဲ့ရလဒ်ကို မြင်တွေ့ရမယ်။

Zawgyi