Search
  • Than Min Htike

အရှိန်ကြီးသောပ​ဌနာ(၇)

“အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​လု​လင်၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ဧ​လိ​ရှဲ​ပတ်​လည်၌ တစ်​တောင်​လုံး​သည်​မီး​မြင်း၊ မီး​ရ​ထား​နှင့်​ပြည့်​သည်​ကို မြင်​လေ၏။ ရှု​ရိ​လူ​တို့​သည် ရောက်​လာ​သော​အ​ခါ၊ ဧ​လိ​ရှဲ​က၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​တို့၏ မျက်​စိ​မ​မြင်​စေ​ခြင်း​ငှာ၊ ဒဏ်​ခတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ၏။”

(၄ဓမ္မ- ၆:၇-၁၈)


မိန်းခလုတ်အားအဖွင့်အပိတ်လုပ်ခြင်း

တစ်အိမ်လုံးရဲ့ မီးတွေအားလုံးကို အဓိကထိန်း ချုပ်ထားတဲ့ ခလုတ်ကို ဖြုတ်ချလိုက်ရုံနဲ့ ပိတ်ပစ်လ်ိုက်လို့ရတယ်ဆိုတာ သိတယ်မဟုတ်လား။ အဲ့ဒီလိုပဲ အား လုံးပြန်ဖွင့်ဖို့လည်း ပင်မမိန်းခလုတ်ကိုပြန်ဖွင့်လိုက်ရုံနဲ့အားလုံးပုံမှန်အလုပ်လုပ်လာစေတယ်။ ဆုတောင်းခြင်းက အရာခပ်သိမ်းကိုထိန်းချုပ်ထားတဲ့ ဘုရားကိုစကား ပြောခြင်းဖြစ်ပြီး ဘုရားရဲ့ခွင့်ပြုချက်က တစ်လောကလုံးအပေါ်မှာသက်ရောက်မှုရှိစေတယ်။ ဒါကြောင့်ဆုတောင်းခြင်းကို အထင်မသေးလိုက်နဲ့။ ဒူးထောက်နေတဲ့ယုံကြည်သူက ခြေဖျားထောက်ပြီးကြည့်နေတဲ့ ပညာရှိထက်ပိုမြင်သလို၊ ပြေးနေတဲ့ အားကစားသမားထက်လည်းပိုမြန်တယ်။ စစ်တပ်ကြီးတွေထက် ပိုအင်အားကြီးသလို၊ ခြင်္သေ့ကြီးတွေထက်လည်းပိုသန်တယ်။ ကောင်း ကင်တစ်ခုလုံးကိုပိတ်ပစ်နိုင်သလို ပင်လယ်ကြီးကိုလည်း ရပ်တန့်စေနိုင်တယ်။ တောင်ကြီးတွေကိုရွေ့လျားသွားစေနိုင်သလို ကမ္ဘာမြေကြီးကိုတောင် နောက်ပြန်ရွေ့လိုက်နိုင်တယ်။ အခြားသူတွေမက်တဲ့အိမ်မက်တွေထဲထိတောင် ထိုးဖေါက်ဝင်ရောက်ပြီးသိနိုင်သလို၊ အိမ်မက်တွေကိုလည်းပြည့်စုံစေနိုင်တယ်။ ဒါကြောင့် လူတွေဟာ လုပ်နိုင်စွမ်းတွေ လျော့ကျလာတာဟာ တခြားကြောင့်မဟုတ်ဘူး ဆုတောင်းခြင်းကိို လျော့တွက်မိကြလို့ပါ။

ရန်သူတွေရဲ့အကြံကိုအမြဲတမ်းဖေါ်ပြပေးလို့ ဘယ်လိုနည်းဗျူဟာမှ မအောင်မြင်ခဲ့တဲ့ဘုရင်က ဧလိရှဲကို လုပ်ကြံဖို့အတွက် သူ့ရဲ့အကောင်းဆုံးစစ်တပ်ကိုစေလွှတ်ခဲ့တယ်။ သူတို့ကလည်းဧလိရှဲ ရဲ့အိမ်ကိုဝိုင်းထားတယ်။ ဘာများ တခါတည်းမဝင်တာလည်းစဉ်းစားစရာပဲ။ သေချာတာကတော့ဝင်လို့မရတာနေမှာ။ မနက်စောစော တံခါးဖွင့်တာနဲ့ ရန်သူတွေ ကိုတွေ့လိုက်ရတဲ့ ဧလိရှဲကျွန်ခမျာ သွေးတွေနားထင်ရောက်ကုန်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ သူ့သခင်ကို လာနိုးရှာတယ်။ ဧလိရှဲက မတုန်လှုပ်တဲ့အပြင် သူ့ကျွန်ကို မြင်နိုင်ဖို့ မျက်စိဖွင့်ဖို့ဆုတောင်းပေးလိုက်ပြီး ပြန်ကြည့်တဲ့ခဏမှာပဲ အခြေအနေတွေက ဆန့်ကျင်ဘက်ကိုဖြစ်ကုန်တယ်။ ဆုတောင်းခြင်းက အခြေအနေကိုပြောင်းလဲစေတာမဟုတ်ဘူး အခြေအနေပေါ်မြင်တဲ့အမြင်ကိုပြောင်းလဲစေတာပါ။ အရင်က ရန်သူစစ်တပ်ကြီးပဲ မြင်ခဲ့တဲ့သူက ရန်သူစစ်တပ်ထက်ကြီးမားတဲ့ဘုရားသခင်ရဲ့တပ်တော်ကိုမြင်လိုက်ရတဲ့ခဏမှာတော့ စိုးရိမ်ခြင်းထက် စိတ်ချမှုက နေရာယူလာတယ်။ နောက်ဧလိရှဲက ရန်သူစစ်တပ်တွေအတွက် ဆုတောင်းတယ်။ သူတို့မျက်စိတွေကို ကွယ်စေဖို့။ သူတို့က ကြည့်တော့ကြည့်တယ်မမြင်ရတော့ဘူး။

ဧလိရှဲရဲ့ဆုတောင်းခြင်းက သူတို့ရဲ့ မြင်နိုင်တဲ့မျက်စိတွေကို ခလုတ်ပိတ်လိုက်သလိုပဲ အားလုံး အမှောင်ကိုကျလို့။

နောက် အဲ့ဒီစစ်တပ်ကြီးကိုပဲ မြို့ထဲကိုခေါ်ပြီးတော့ ပြန်မြင်စေဖို့ဆုတောင်းတဲ့အခါမှာတော့ မုဆိုးဘ၀ကနေ သားကောင်ဘ၀ အဖြစ်နဲ့သူတို့ကိုယ်သူတို့ ပြန်မြင်တွေ့ခွင့်ရတယ်။ ဒါပေမယ့် ဆုတောင်းခြင်းကလူတွေကို

အနိုင့်ကျင့်ဖို့မှမဟုတ်တာ။ တိုက်ဖို့ထက် တည့်ပေးဖို့ မဟုတ်လား။ သင့်ဆုတောင်းခြင်းတွေက လူတွေကို တိုက်ခိုက်နေတဲ့ အရာအဖြစ်ပဲရှိနေသေးတယ် ဆိုရင် မဟုတ်သေးဘူး။ လူတွေကိုတည့် ပေးဖို့အတွက်ပဲ သုံးသင့်တယ်။ ရန်သူတွေကိုကျွေးမွေးပြီးတော့ ပြန်လွှတ် ပေးလိုက်တဲ့ ဧလိရှဲရဲ့နှလုံးသား ယေရှု ပြောသလို ပါပဲလား။ လာသတ်တဲ့သူကိုတောင် ဧည့်ဝတ်ကျေခဲ့တယ်။ သင့်ဘ၀ကို လူတွေ၊ အခြေအနေတွေ၊ ပတ်ဝန်ကျင်တွေက ထိန်းထားတာမဟုတ်ဘူး ဘုရားကပဲထိန်းထားတာပါ။



Zawgyi

အ႐ွိန္ႀကီးေသာပ​ဌနာ(၇)

“အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​သည္ ျမင္​ႏိုင္​မည္​အ​ေၾကာင္း သူ၏​မ်က္​စိ​ကို​ဖြင့္​ေတာ္​မူ​ပါ​ဟု ဆု​ေတာင္း​သည္​အ​တိုင္း၊ ထာ​ဝ​ရ​ဘု​ရား​သည္ ထို​လု​လင္၏​မ်က္​စိ​ကို​ဖြင့္​ေတာ္​မူ​သ​ျဖင့္၊ ဧ​လိ​႐ွဲ​ပတ္​လည္၌ တစ္​ေတာင္​လုံး​သည္​မီး​ျမင္း၊ မီး​ရ​ထား​ႏွင့္​ျပည့္​သည္​ကို ျမင္​ေလ၏။ ႐ႈ​ရိ​လူ​တို႔​သည္ ေရာက္​လာ​ေသာ​အ​ခါ၊ ဧ​လိ​႐ွဲ​က၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​တို႔၏ မ်က္​စိ​မ​ျမင္​ေစ​ျခင္း​ငွာ၊ ဒဏ္​ခတ္​ေတာ္​မူ​ပါ​ဟု ဆု​ေတာင္း​သည္​အ​တိုင္း၊ ဒဏ္​ခတ္​ေတာ္​မူ၏။”

(၄ဓမၼ- ၆:၇-၁၈)


မိန္းခလုတ္အားအဖြင့္အပိတ္လုပ္ျခင္း

တစ္အိမ္လုံးရဲ႕ မီးေတြအားလုံးကို အဓိကထိန္း ခ်ဳပ္ထားတဲ့ ခလုတ္ကို ျဖဳတ္ခ်လိုက္႐ုံနဲ႔ ပိတ္ပစ္လ္ိဳက္လို႔ရတယ္ဆိုတာ သိတယ္မဟုတ္လား။ အဲ့ဒီလိုပဲ အား လုံးျပန္ဖြင့္ဖို႔လည္း ပင္မမိန္းခလုတ္ကိုျပန္ဖြင့္လိုက္႐ုံနဲ႔အားလုံးပုံမွန္အလုပ္လုပ္လာေစတယ္။ ဆုေတာင္းျခင္းက အရာခပ္သိမ္းကိုထိန္းခ်ဳပ္ထားတဲ့ ဘုရားကိုစကား ေျပာျခင္းျဖစ္ၿပီး ဘုရားရဲ႕ခြင့္ျပဳခ်က္က တစ္ေလာကလုံးအေပၚမွာသက္ေရာက္မႈ႐ွိေစတယ္။ ဒါေၾကာင့္ဆုေတာင္းျခင္းကို အထင္မေသးလိုက္နဲ႔။ ဒူးေထာက္ေနတဲ့ယုံၾကည္သူက ေျခဖ်ားေထာက္ၿပီးၾကည့္ေနတဲ့ ပညာ႐ွိထက္ပိုျမင္သလို၊ ေျပးေနတဲ့ အားကစားသမားထက္လည္းပိုျမန္တယ္။ စစ္တပ္ႀကီးေတြထက္ ပိုအင္အားႀကီးသလို၊ ျခေသၤ့ႀကီးေတြထက္လည္းပိုသန္တယ္။ ေကာင္း ကင္တစ္ခုလုံးကိုပိတ္ပစ္ႏိုင္သလို ပင္လယ္ႀကီးကိုလည္း ရပ္တန္႔ေစႏိုင္တယ္။ ေတာင္ႀကီးေတြကိုေ႐ြ႕လ်ားသြားေစႏိုင္သလို ကမ႓ာေျမႀကီးကိုေတာင္ ေနာက္ျပန္ေ႐ြ႕လိုက္ႏိုင္တယ္။ အျခားသူေတြမက္တဲ့အိမ္မက္ေတြထဲထိေတာင္ ထိုးေဖါက္ဝင္ေရာက္ၿပီးသိႏိုင္သလို၊ အိမ္မက္ေတြကိုလည္းျပည့္စုံေစႏိုင္တယ္။ ဒါေၾကာင့္ လူေတြဟာ လုပ္ႏိုင္စြမ္းေတြ ေလ်ာ့က်လာတာဟာ တျခားေၾကာင့္မဟုတ္ဘူး ဆုေတာင္းျခင္းကိိဳ ေလ်ာ့တြက္မိၾကလို႔ပါ။

ရန္သူေတြရဲ႕အၾကံကိုအၿမဲတမ္းေဖၚျပေပးလို႔ ဘယ္လိုနည္းဗ်ဴဟာမွ မေအာင္ျမင္ခဲ့တဲ့ဘုရင္က ဧလိ႐ွဲကို လုပ္ၾကံဖို႔အတြက္ သူ႕ရဲ႕အေကာင္းဆုံးစစ္တပ္ကိုေစလႊတ္ခဲ့တယ္။ သူတို႔ကလည္းဧလိ႐ွဲ ရဲ႕အိမ္ကိုဝိုင္းထားတယ္။ ဘာမ်ား တခါတည္းမဝင္တာလည္းစဥ္းစားစရာပဲ။ ေသခ်ာတာကေတာ့ဝင္လို႔မရတာေနမွာ။ မနက္ေစာေစာ တံခါးဖြင့္တာနဲ႔ ရန္သူေတြ ကိုေတြ႕လိုက္ရတဲ့ ဧလိ႐ွဲကြၽန္ခမ်ာ ေသြးေတြနားထင္ေရာက္ကုန္ၿပီး ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ သူ႕သခင္ကို လာႏိုး႐ွာတယ္။ ဧလိ႐ွဲက မတုန္လႈပ္တဲ့အျပင္ သူ႕ကြၽန္ကို ျမင္ႏိုင္ဖို႔ မ်က္စိဖြင့္ဖို႔ဆုေတာင္းေပးလိုက္ၿပီး ျပန္ၾကည့္တဲ့ခဏမွာပဲ အေျခအေနေတြက ဆန္႔က်င္ဘက္ကိုျဖစ္ကုန္တယ္။ ဆုေတာင္းျခင္းက အေျခအေနကိုေျပာင္းလဲေစတာမဟုတ္ဘူး အေျခအေနေပၚျမင္တဲ့အျမင္ကိုေျပာင္းလဲေစတာပါ။ အရင္က ရန္သူစစ္တပ္ႀကီးပဲ ျမင္ခဲ့တဲ့သူက ရန္သူစစ္တပ္ထက္ႀကီးမားတဲ့ဘုရားသခင္ရဲ႕တပ္ေတာ္ကိုျမင္လိုက္ရတဲ့ခဏမွာေတာ့ စိုးရိမ္ျခင္းထက္ စိတ္ခ်မႈက ေနရာယူလာတယ္။ ေနာက္ဧလိ႐ွဲက ရန္သူစစ္တပ္ေတြအတြက္ ဆုေတာင္းတယ္။ သူတို႔မ်က္စိေတြကို ကြယ္ေစဖို႔။ သူတို႔က ၾကည့္ေတာ့ၾကည့္တယ္မျမင္ရေတာ့ဘူး။

ဧလိ႐ွဲရဲ႕ဆုေတာင္းျခင္းက သူတို႔ရဲ႕ ျမင္ႏိုင္တဲ့မ်က္စိေတြကို ခလုတ္ပိတ္လိုက္သလိုပဲ အားလုံး အေမွာင္ကိုက်လို႔။

ေနာက္ အဲ့ဒီစစ္တပ္ႀကီးကိုပဲ ၿမိဳ႕ထဲကိုေခၚၿပီးေတာ့ ျပန္ျမင္ေစဖို႔ဆုေတာင္းတဲ့အခါမွာေတာ့ မုဆိုးဘ၀ကေန သားေကာင္ဘ၀ အျဖစ္နဲ႔သူတို႔ကိုယ္သူတို႔ ျပန္ျမင္ေတြ႕ခြင့္ရတယ္။ ဒါေပမယ့္ ဆုေတာင္းျခင္းကလူေတြကို

အႏိုင့္က်င့္ဖို႔မွမဟုတ္တာ။ တိုက္ဖို႔ထက္ တည့္ေပးဖို႔ မဟုတ္လား။ သင့္ဆုေတာင္းျခင္းေတြက လူေတြကို တိုက္ခိုက္ေနတဲ့ အရာအျဖစ္ပဲ႐ွိေနေသးတယ္ ဆိုရင္ မဟုတ္ေသးဘူး။ လူေတြကိုတည့္ ေပးဖို႔အတြက္ပဲ သုံးသင့္တယ္။ ရန္သူေတြကိုေကြၽးေမြးၿပီးေတာ့ ျပန္လႊတ္ ေပးလိုက္တဲ့ ဧလိ႐ွဲရဲ႕ႏွလုံးသား ေယ႐ႈ ေျပာသလို ပါပဲလား။ လာသတ္တဲ့သူကိုေတာင္ ဧည့္ဝတ္ေက်ခဲ့တယ္။ သင့္ဘ၀ကို လူေတြ၊ အေျခအေနေတြ၊ ပတ္ဝန္က်င္ေတြက ထိန္းထားတာမဟုတ္ဘူး ဘုရားကပဲထိန္းထားတာပါ။

13 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube