Search
  • Than Min Htike
အရှိန်ကြီးသောပ​ဌနာ(၈)
“အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြူ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။”၊-(ဒံ-၆:၁၀)
ကြီးကြီးမားမားလုပ်တဲ့သူ
လူတွေက ကြီးကြီးမားမားတွေကိုလုပ်ချင်တယ် ခက်တာက ကြီးမြတ်တဲ့ဘုရားနဲ့တော့အချိန်မပေးချင်ဘူး။ ကြီးမားတဲ့အရာတွေကိုကြီးမြတ်တဲ့ဘုရားထံဆုတောင်းတဲ့သူတွေကပဲပြုနိုင်တယ်ဆိုတာ လူတိုင်းမသိကြဘူး။ ဘုရားနဲ့အချိန်ယူတာတောင် မမှန်တဲ့သူက ကျန်တာ ဘာများမှန်လာဖို့ မျှော်လင့်လို့ရအုံးမှာလည်းနော်။ ဘုရားနဲ့ပတ်သက်ပြီးတော့ ဆင်ခြင်ပေးတဲ့သူတွေက ကျန်တဲ့အရာတွေမှာလည်းဆင်ခြင်ပေးတာမထူးဆန်းပါဘူး။ နေ့စဉ် ဘုရားနဲ့အချိန်ယူခြင်းကိုတောင် တန်ဖိုးမထားတဲ့သူက တခြားဘာကိုများ တန်ဖိုးထား တတ်အုံးမှာလဲ။ လောကမှာ ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်တဲ့သူတွေ၊ အရာရာကိုဆင်ခြင်ပေးတဲ့သူတွေကို ကြည့်လိုက်ရင် အများစုက ဆုတောင်းခြင်းကို သေချာမတည်ဆောက်ထားတဲ့သူတွေ။ ဆုတောင်းခြင်းမှာတောင် "ဇွဲ"မရှိတာ ကျန်တဲ့နေရာမှာလည်း "ဇွဲ" ရှိလာမှာမဟုတ်သလို၊ ဘာပဲကြုံကြုံစိတ်ဓါတ်ကျတာ၊ လက်လျော့ချင်တာတွေဖြစ် လာမှာပဲ။ အလွယ်ဆုံးဖြစ်တဲ့ကြိုးစားပြီးတောင် ဆုမတောင်းနိုင်ရင် ကျန်တဲ့အရာမှာ မကြိုးစားတာတော့အပြစ်ပြောမနေတော့ပါဘူး။ ဆုတောင်းခြင်းကိုမှန်မှန်လုပ်တဲ့သူရဲ့ဘ၀မှာတော့ ကျန်တဲ့အရာတွေအားလုံးလည်း မှန်ကန်လာလိမ့်မယ်။
တစ်နေ့သုံးကြိမ်ဆုတောင်းတဲ့ ဒံယေလကို ကြားဖူးပါလိမ့်မယ်။ တကယ်တော့ အဲ့ဒီတိုင်းပြည်ကိုရောက်သွားတာဟာ သခင်အနေနဲ့မဟုတ်ဘူး စစ်ရှုံးသမား ကျွန်အနေနဲ့ရောက်သွားတာ။ ဒါပေမယ့် ဆုတောင်းတဲ့သူကို ဘယ်အရှုံးကမှ ကြာကြာပွေ့ဖက်ထားလို့မရဘူး။ အချိန်တန်တော့ စင်ပေါ်ရောက်တာပဲ။ တကယ်ကောင်းတဲ့နေရာတွေ၊ ရာထူးတွေ၊ အဆောင်အယောင်တွေ ဘယ်လောက်ရရ ဒံယေလကတော့ သူ့ရဲ့အောင်မြင်ခြင်းရဲ့သော့ချက် ဆုတောင်းခြင်းကိုတော့ လုံး၀မလျော့ဘူး။ သူ့ကိုအပြစ် တင်ဖို့ရှာတဲ့အခါမှာတော့ ဆုတောင်းတဲ့ အရာကလွဲပြီးတော့ ဘာအပြစ်မှ ရှာလို့မတွေ့ဘူးလို့ဆိုတယ်။ စဉ်းစားကြည့် အဲ့ဒီတိုင်းပြည်ရဲ့ ဝန်ကြီးချုပ်ဖြစ်တာတောင် ဆု တောင်းခြင်းကိုလုံး၀ကိုမလျော့ဘူး။ ဆက်ဆုတောင်းနေတုန်းပဲ။ နောက်ဆုမတောင်းဖို့အမိန့်ထုတ်တယ်၊ အလုပ် ပဲပြုတ်မှာမဟုတ်ဘူး အသက်ပါ ပြုတ်သွားမှာ ဒါလည်း သူက အရင်အတိုင်း၊ အရင်ပုံစံပဲဆုတောင်းနေတုန်း။ သူသိတယ် ဆုတောင်းခြင်းကို လျော့လိုက်ရင် အရာရာလျော့လာမယ်ဆိုတာ။ ဒါကြောင့် အရှုံးသမားဘ၀ကနေ ဒီအချိန်ဒီအခြေအနေထိပို့ဆောင်ပေးတဲ့ ဘုရားနဲ့အဆက် အသွယ်ကတော့ သေရင်တောင် မဖြတ်ဘူး။ ဆုတောင်းခြင်းကြောင့်ခြင်္သေ့တွင်းထဲချခံဖို့ဖြစ်လာတယ်။ ဒါလည်း သူ မငြင်းဆန်ပါဘူး။ အမိန့်အတိုင်း သွားလိုက်တာပဲ။ ထူးခြားတာက ဆုတောင်းတဲ့သူကို ခြင်္သေ့မကိုက်တာပါပဲ။ ကောင်းကင်တမန်တွေက ပါးစပ်တွေကို ပိတ်ထားပေးတယ်။ သူ့ခွန်အားနဲ့ဖြတ်ရတာမဟုတ်ဘူး။ ဘုရား တန်ခိုး နဲ့ ကွယ်ကာပေးတာ။ ဒီနေ့ ကိုယ့်ခွန်အားနဲ့ လူတွေ ဖြေရှင်းနေရတဲ့ပြဿနာတွေကို ဆုတောင်းတဲ့သူတွေကတော့ ကိုယ့်ခွန်အားသုံးစရာမလိုပဲ ဘုရားတန်ခိုးနဲ့ ဖြတ်ကျော်အောင်မြင်နိုင်တယ်။ သင့်ကိုဝါးမျိုချင်တဲ့ပြဿနာတွေ ၊ အခက်အခဲတွေကို ပါးစပ်ပိတ်သွားစေချင်တယ်ဆိုရင် ပုံမှန်ဆုတောင်းဖို့တော့လိုမယ်။
Zawgyi
အရှိန်ကြီးသောပ​ဌနာ(၈)
5 views
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube