- Than Min Htike
အရှိန်ကြီးသောပဌနာ(၉)
Updated: Nov 4, 2020
“အို ဘုရားရှင်၊ ကိုယ်တော်ကျွန်ပြုသော ပတ္ထနာစကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ ကောင်ချီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင်ဘုရင်၏ ဖလားတော်ကိုင် ဖြစ်သတည်း။”(နေဟမိ-၁:၁၁)
တဘို့တည်းသမားမဟုတ်ဘူး
ကိုယ်ကောင်းစားရင်တော်ပြီ ကျန်တာဘာဖြစ်ဖြစ်ဆိုတာ ဆုတောင်းတဲ့သူတစ်ယောက်အသက်တာမှာမရှိဘူး။ ဆုတောင်းတဲ့သူကအကြီးမြတ်ဆုံးဘုရားနဲ့ထိတွေ့ခွင့်ရတဲ့သူဖြစ်ပြီးတော့ ကြီးမြတ်တဲ့နှလုံးသားကို လက်ခံရရှိတဲ့သူဖြစ်တယ်။ ဆုတောင်းအားကြီးတယ်ပြောပြီး အတ္တတွေမာနတွေပိုကြီးလာတယ်ဆိုရင်တော့ သင့်ရဲ့ဆု တောင်းချက်ကို ပြန်စစ်ဆေးဖို့လိုပြီ။ တချို့ကဆုတောင်းခြင်းမှာအားကြီးတာ ကိုယ့်လိုအပ်ချက်တွေ အများကြီးဖြစ်နေတတ်တယ်။ တကယ်တော့ ဆုတောင်းလေလေ ကိုယ်ဖြစ်ချင်တာထက် ကိုယ်တော်ဖြစ်ချင်တာက ပိုနေရာယူလာလေလေပါပဲ။ ကိုယ်ဖြစ်ချင်တာတွေ ဘုရားရှေ့မှာ ပြောဆိုခဲ့ပေမယ့် ကိုယ်တော်ဖြစ်စေချင်တာတွေကို ကြားခဲ့ရတဲ့တစ်ခုတည်းသောနေရာက ဆုတောင်းတဲ့အလယ်မှာပါ။ လူတစ်ယောက်ရဲ့ဆုတောင်းချက်တွေ၊ သူ့ရဲ့ ဆုတောင်းခံချက်တွေ၊ ဆုတောင်းတဲ့အခါမှာ မပါမဖြစ်တွေကိုကြည့်ရင် သူနဲ့ဘုရားရဲ့အနီးအဝေးကို ခန့်မှန်းလို့ရတယ်။ အပ်ကြောင်းထပ်နေတဲ့ ဆုတောင်းချက်တွေနဲ့အတူ မပြောင်းလဲနိုင်တဲ့ အသက်တာဟာ ဝိညာဉ်ရေးရာကိုအထိအခိုက်ဖြစ်စေတယ်။ မှန်ကန်တဲ့ဆုတောင်းခြင်းထဲမှာ လိုချင်တဲ့ဆုတွေအရင်ရတာမဟုတ်ပဲ လိုအပ်တဲ့စိတ်နှလုံးပြောင်းလဲမှုကြီးက အရင်ရောက်လာတာပါ။
နေဟမိဟာနန်းတော်ထဲမှာ ကောင်းစားနေတဲ့ ဖလားတော်ဝန်တစ်ယောက်ဖြစ်ပေမယ့် သူအမြဲတမ်း ဆုတောင်းနေတာ ရာထူးတက်ဖို့ လစာပိုတိုးဖို့နဲ့ ပိုကောင်းတဲ့အရာတွေကို ရရှိပိုင်ဆိုင်ဖို့မဟုတ်ပဲ သူတို့နေတဲ့ယေရုရှလင်မြို့ရိုးကိုပြန်လည်ပြုပြင်ဖို့ အတွက်ပါ။ အဲ့ဒီကသတင်းတွေကိုအမြဲမပြတ်နားထောင်ပြီးတော့ ဘုရားရှေ့မှာ ငိုကြွေးနေတဲ့သူတစ်ယောက်ပါ။ စဉ်းစားကြည့် ယေရုရှလင်မြို့ပြိုပျက်ပေမယ့်ကိုယ်ကောင်းစားနေတယ်မဟုတ်လား။ အေးဆေးနေပေါ့လိုအပ်ရင် ငွေကြေးနဲ့ပါဝင်ရင် ရပြီလို့တွေးရမှာ။ သူကအဲ့လိုမတွေးဘူး သူကိုယ်တိုင်အဲ့ဒီဘုရားသခင်ရဲ့မြို့ရိုးကိုပြန်လည် ပြင်ဆင်ချင်တယ်။ ဘုရားနိုင်ငံတော်ကိုပြန်လည်တည်ဆောက်ချင်တဲ့သူ။ အဲ့ဒီအတွက် သူအမြဲဆုတောင်းတယ်။ သူ့ရဲ့သဘောထားကို ရှင်ဘုရင်ဆီကိုဖွင့်ပြောဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သူတောင်ပြောစရာမလိုပဲ ဘုရင်က သူ့မျက်နှာကိုကြည့်ပြီးသိခဲ့တယ်။ တစ်ခါမှ ဒီလိုမျက်နှာဖြစ်တာ မမြင်ခဲ့ဘူးတော့ဘုရင်ကစမေးခဲ့တယ်။ စဉ်းစားကြည့် အလုပ်ထဲမှာတောင် သူ့ခံစားချက်က ဘုရားသခင်ရဲ့ လုပ်ငန်းအတွက် ခံစားခဲ့တယ်။ ဘယ်တော့မှ မျက်နှာမပျက်ပဲ လုပ်ဆောင်ခဲ့တဲ့သူက ဘုရားအတွက် တောက်လောင်မှုတွေကိုမဖုံးကွယ်နိုင်ခဲ့ဘူး။ ဒီနေ့ သင် အလုပ်အဆင်ပြေရုံ၊ စားသောက်နေရရုံ၊ ဝင်ငွေကောင်းရုံနဲ့ ကျေနပ်ပြီလား။ ဆုတောင်းချက်တွေ၊ တောင့်တမှုတွေက ဒါပဲလား။ နေဟမိကတော့ အကြီးအကျယ် ဆုတောင်းခဲ့တယ် ဘုရားနိုင်ငံတော် ပြန်လည်တည်ဆောက်ဖို့အတွက် ဒါကြောင့်လည်းဒီလို တိုင်းတပါးမှာ ရောက်နေပေမယ့် ဘယ်တော့မှ အောက်မှာ မနေရဘူး အမြဲတမ်းဘုရားက ချီးမြှောက်ခဲ့တာ။ သူ့ရဲ့ဆုတောင်းချက်ကို ဘုရားက အဖြေပေးခဲ့ပြီး ဘုရင်ရဲ့နှလုံးသားကိုတို့ထိခဲ့တယ်။ နေဟမိ တစ်ခုလုံးဖတ်တဲ့အခါမှာ အခက်အခဲတွေတော် တော်များများကို တွေ့ကြုံရပေမယ့် ဆုတောင်းခြင်းနဲ့ အဆုံးထိဖြတ်ကျော်နိုင်ခဲ့ပြီး ရက်တိုတိုလေးအတွင်းမှာ မြို့ရိုးကိုအပြီးဆောက်နိုင်ခဲ့တယ်။ ဒီနေ့ သင်ငိုကြွေးနေတာ၊ စိတ်ခံစားနေရတာက ကိုယ်တစ်ယောက်အဆင်မပြေမှုတွေအတွက်ပဲလား။ ဒါဆိုရင်တော့ ဒီထက်မြင့်တဲ့ ဘ၀ကို သွားဖို့လိုသေးတယ်။ ဘုရားနိုင်ငံတော်အတွက် မျက်ရည်ကျပြီးတော့ ဆုတောင်းပေးတဲ့သူတွေ၊ ပျောက် ဆုံးဝိညာဉ်တွေအတွက် ဆုတောင်းတဲ့သူတွေအဖြစ် ဘုရားက အလိုရှိတယ်။ ဒီလိုလူတွေကပဲ ဘုရားနိုင်ငံ တော်ကိုပြန်လည် ထူထောင်ခြင်းမှာ ဦးဆောင်ခွင့်ရမယ်။ နောက်ရာထူးတွေစည်းစိမ်တွေဆိုတာ တောင်းစရာမလိုပဲ ရောက်တဲ့နေရာမှာ ဘုရားက ခံစားခွင့်ပေးမယ်။

Zawgyi
အ႐ွိန္ႀကီးေသာပဌနာ(၉)
“အို ဘုရား႐ွင္၊ ကိုယ္ေတာ္ကြၽန္ျပဳေသာ ပတၳနာစကားႏွင့္ နာမေတာ္ကို ႐ိုေသခ်င္ေသာ ကြၽန္ေတာ္မ်ားျပဳေသာ ပတၳနာစကားကို နားေထာင္ေတာ္မူပါ။ ကိုယ္ေတာ္ကြၽန္ကို ယေန႔ ေကာင္ခ်ီးေပးေတာ္မူပါ။ ဤလူေ႐ွ႕မွာ မ်က္ႏွာရပါမည္အေၾကာင္း ကယ္မသနားေတာ္မူပါဟု ဆုေတာင္းေလ၏။ ထိုအခါ ငါသည္ ႐ွင္ဘုရင္၏ ဖလားေတာ္ကိုင္ ျဖစ္သတည္း။”(ေနဟမိ-၁:၁၁)
တဘို႔တည္းသမားမဟုတ္ဘူး
ကိုယ္ေကာင္းစားရင္ေတာ္ၿပီ က်န္တာဘာျဖစ္ျဖစ္ဆိုတာ ဆုေတာင္းတဲ့သူတစ္ေယာက္အသက္တာမွာမ႐ွိဘူး။ ဆုေတာင္းတဲ့သူကအႀကီးျမတ္ဆုံးဘုရားနဲ႔ထိေတြ႕ခြင့္ရတဲ့သူျဖစ္ၿပီးေတာ့ ႀကီးျမတ္တဲ့ႏွလုံးသားကို လက္ခံရ႐ွိတဲ့သူျဖစ္တယ္။ ဆုေတာင္းအားႀကီးတယ္ေျပာၿပီး အတၱေတြမာနေတြပိုႀကီးလာတယ္ဆိုရင္ေတာ့ သင့္ရဲ႕ဆု ေတာင္းခ်က္ကို ျပန္စစ္ေဆးဖို႔လိုၿပီ။ တခ်ိဳ႕ကဆုေတာင္းျခင္းမွာအားႀကီးတာ ကိုယ့္လိုအပ္ခ်က္ေတြ အမ်ားႀကီးျဖစ္ေနတတ္တယ္။ တကယ္ေတာ့ ဆုေတာင္းေလေလ ကိုယ္ျဖစ္ခ်င္တာထက္ ကိုယ္ေတာ္ျဖစ္ခ်င္တာက ပိုေနရာယူလာေလေလပါပဲ။ ကိုယ္ျဖစ္ခ်င္တာေတြ ဘုရားေ႐ွ႕မွာ ေျပာဆိုခဲ့ေပမယ့္ ကိုယ္ေတာ္ျဖစ္ေစခ်င္တာေတြကို ၾကားခဲ့ရတဲ့တစ္ခုတည္းေသာေနရာက ဆုေတာင္းတဲ့အလယ္မွာပါ။ လူတစ္ေယာက္ရဲ႕ဆုေတာင္းခ်က္ေတြ၊ သူ႕ရဲ႕ ဆုေတာင္းခံခ်က္ေတြ၊ ဆုေတာင္းတဲ့အခါမွာ မပါမျဖစ္ေတြကိုၾကည့္ရင္ သူနဲ႔ဘုရားရဲ႕အနီးအေဝးကို ခန္႔မွန္းလို႔ရတယ္။ အပ္ေၾကာင္းထပ္ေနတဲ့ ဆုေတာင္းခ်က္ေတြနဲ႔အတူ မေျပာင္းလဲႏိုင္တဲ့ အသက္တာဟာ ဝိညာဥ္ေရးရာကိုအထိအခိုက္ျဖစ္ေစတယ္။ မွန္ကန္တဲ့ဆုေတာင္းျခင္းထဲမွာ လိုခ်င္တဲ့ဆုေတြအရင္ရတာမဟုတ္ပဲ လိုအပ္တဲ့စိတ္ႏွလုံးေျပာင္းလဲမႈႀကီးက အရင္ေရာက္လာတာပါ။
ေနဟမိဟာနန္းေတာ္ထဲမွာ ေကာင္းစားေနတဲ့ ဖလားေတာ္ဝန္တစ္ေယာက္ျဖစ္ေပမယ့္ သူအၿမဲတမ္း ဆုေတာင္းေနတာ ရာထူးတက္ဖို႔ လစာပိုတိုးဖို႔နဲ႔ ပိုေကာင္းတဲ့အရာေတြကို ရ႐ွိပိုင္ဆိုင္ဖို႔မဟုတ္ပဲ သူတို႔ေနတဲ့ေယ႐ု႐ွလင္ၿမိဳ႕႐ိုးကိုျပန္လည္ျပဳျပင္ဖို႔ အတြက္ပါ။ အဲ့ဒီကသတင္းေတြကိုအၿမဲမျပတ္နားေထာင္ၿပီးေတာ့ ဘုရားေ႐ွ႕မွာ ငိုေႂကြးေနတဲ့သူတစ္ေယာက္ပါ။ စဥ္းစားၾကည့္ ေယ႐ု႐ွလင္ၿမိဳ႕ၿပိဳပ်က္ေပမယ့္ကိုယ္ေကာင္းစားေနတယ္မဟုတ္လား။ ေအးေဆးေနေပါ့လိုအပ္ရင္ ေငြေၾကးနဲ႔ပါဝင္ရင္ ရၿပီလို႔ေတြးရမွာ။ သူကအဲ့လိုမေတြးဘူး သူကိုယ္တိုင္အဲ့ဒီဘုရားသခင္ရဲ႕ၿမိဳ႕႐ိုးကိုျပန္လည္ ျပင္ဆင္ခ်င္တယ္။ ဘုရားႏိုင္ငံေတာ္ကိုျပန္လည္တည္ေဆာက္ခ်င္တဲ့သူ။ အဲ့ဒီအတြက္ သူအၿမဲဆုေတာင္းတယ္။ သူ႕ရဲ႕သေဘာထားကို ႐ွင္ဘုရင္ဆီကိုဖြင့္ေျပာဖို႔ ျပင္ဆင္ေနတဲ့အခ်ိန္မွာ သူေတာင္ေျပာစရာမလိုပဲ ဘုရင္က သူ႕မ်က္ႏွာကိုၾကည့္ၿပီးသိခဲ့တယ္။ တစ္ခါမွ ဒီလိုမ်က္ႏွာျဖစ္တာ မျမင္ခဲ့ဘူးေတာ့ဘုရင္ကစေမးခဲ့တယ္။ စဥ္းစားၾကည့္ အလုပ္ထဲမွာေတာင္ သူ႕ခံစားခ်က္က ဘုရားသခင္ရဲ႕ လုပ္ငန္းအတြက္ ခံစားခဲ့တယ္။ ဘယ္ေတာ့မွ မ်က္ႏွာမပ်က္ပဲ လုပ္ေဆာင္ခဲ့တဲ့သူက ဘုရားအတြက္ ေတာက္ေလာင္မႈေတြကိုမဖုံးကြယ္ႏိုင္ခဲ့ဘူး။ ဒီေန႔ သင္ အလုပ္အဆင္ေျပ႐ုံ၊ စားေသာက္ေနရ႐ုံ၊ ဝင္ေငြေကာင္း႐ုံနဲ႔ ေက်နပ္ၿပီလား။ ဆုေတာင္းခ်က္ေတြ၊ ေတာင့္တမႈေတြက ဒါပဲလား။ ေနဟမိကေတာ့ အႀကီးအက်ယ္ ဆုေတာင္းခဲ့တယ္ ဘုရားႏိုင္ငံေတာ္ ျပန္လည္တည္ေဆာက္ဖို႔အတြက္ ဒါေၾကာင့္လည္းဒီလို တိုင္းတပါးမွာ ေရာက္ေနေပမယ့္ ဘယ္ေတာ့မွ ေအာက္မွာ မေနရဘူး အၿမဲတမ္းဘုရားက ခ်ီးေျမႇာက္ခဲ့တာ။ သူ႕ရဲ႕ဆုေတာင္းခ်က္ကို ဘုရားက အေျဖေပးခဲ့ၿပီး ဘုရင္ရဲ႕ႏွလုံးသားကိုတို႔ထိခဲ့တယ္။ ေနဟမိ တစ္ခုလုံးဖတ္တဲ့အခါမွာ အခက္အခဲေတြေတာ္ ေတာ္မ်ားမ်ားကို ေတြ႕ၾကဳံရေပမယ့္ ဆုေတာင္းျခင္းနဲ႔ အဆုံးထိျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီး ရက္တိုတိုေလးအတြင္းမွာ ၿမိဳ႕႐ိုးကိုအၿပီးေဆာက္ႏိုင္ခဲ့တယ္။ ဒီေန႔ သင္ငိုေႂကြးေနတာ၊ စိတ္ခံစားေနရတာက ကိုယ္တစ္ေယာက္အဆင္မေျပမႈေတြအတြက္ပဲလား။ ဒါဆိုရင္ေတာ့ ဒီထက္ျမင့္တဲ့ ဘ၀ကို သြားဖို႔လိုေသးတယ္။ ဘုရားႏိုင္ငံေတာ္အတြက္ မ်က္ရည္က်ၿပီးေတာ့ ဆုေတာင္းေပးတဲ့သူေတြ၊ ေပ်ာက္ ဆုံးဝိညာဥ္ေတြအတြက္ ဆုေတာင္းတဲ့သူေတြအျဖစ္ ဘုရားက အလို႐ွိတယ္။ ဒီလိုလူေတြကပဲ ဘုရားႏိုင္ငံ ေတာ္ကိုျပန္လည္ ထူေထာင္ျခင္းမွာ ဦးေဆာင္ခြင့္ရမယ္။ ေနာက္ရာထူးေတြစည္းစိမ္ေတြဆိုတာ ေတာင္းစရာမလိုပဲ ေရာက္တဲ့ေနရာမွာ ဘုရားက ခံစားခြင့္ေပးမယ္။