Search
  • Than Min Htike
အလွန်ကောင်းသည်
“ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဥ့်ဦး​နှင့် နံ​နက်​သည် ဆ​ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။” (ကမ္ဘာဦး ၁:၃၁)
ကောင်းမြတ်တဲ့ ဘုရားကကောင်းတဲ့အရာတွေအကုန် လုံးရဲ့ အစပြူတဲ့သူပါ။ ကောင်းမွန်တဲ့အရာအားလုံးဟာ သူ့ထံကနေ မြစ်ဖျားခံတယ်ဆိုတာ ငြင်းစရာမရှိဘူး။ကမ္ဘာကြီးကိုဖန်ဆင်းတဲ့အခါမှာ ဖန်ဆင်းသမျှကို အုပ်စိုး
ဖို့လူကိုခန့်ထားတယ်။ လူကိုဖန်ဆင်းပြီးတဲ့အခါမှာတော့ အခြားနေ့တွေမှာ ကောင်းတယ်လို့ပြောတဲ့ ဘုရားဟာ အလွန်ကောင်းတယ်လို့ဆိုတယ်။ လူဟာ ဘုရားဖန်ဆင်းသမျှကို ပြီးပြည့်စေတဲ့ အလွန်ကောင်းတဲ့ ဘုရားအကြံအ စည်ပါ။ ဒါကြောင့် သင့်ကို လူတွေက ဘယ်လ်ို မြင်တယ်၊ ဘယ်လ်ိုပြောတယ်ဆိုတာထက် သင့်ကိုဖန်ဆင်းတဲ့ဘုရား က ဘယ်လ်ိုမြင်တယ်၊ ဘယ်လ်ိုပြောတယ်ဆိုတာပိုအရေး ကြီးတယ်။ ဘုရားအမြင်နဲ့ က်ိုယ့်ဟာကိုယ်မြင်တတ်ဖို့လိုသလို သူတပါးနဲ့ အခြေအနေကိုလည်းမြင်တတ်ဖို့လိုတယ်။ ဒါမှပဲ ဘဝမှာ အောင်မြင်တဲ့ ဘဝအသက်တာကို ခြေချနိုင်မယ်။ သင်ဟာ ဘုရားဖန်ဆင်းတာကိုပိုမိုပြည့်စုံစေတဲ့ အကောင်းဆုံးသောအရာပါ။
ဘယ်သူပြောလဲ (က၃:၁၁)
လူအာဒံနဲ့ ဧဝ ဘုရားမစားနဲ့ ဆိုတဲ့ အသီးကို စားပြီးတဲ့ အခါမှာ သူတို့ ဘုရားကိုရင်ဆိုင်ဖို့ ကြောက်ရွံ့ပြီး ဥယျာဉ်အပင်တွေထဲမှာပုန်းကြတယ်။ ဘုရားက ဘယ်မှာလဲလို့မေးတဲ့အခါမှာအဝတ်အချည်းအစည်းရှိလို့ပုန်းတယ်တဲ့။ သူတို့မစုံလင်ဘူး၊ အပြည့်စုံဘူးလို့ မြင်တဲ့အတွက် ဘုရားနဲ့ ရင်ဆိုင်ဖို့ ကြောက်ရွံ့လာတယ်။ ဒီလို
ပြောတဲ့ အခါမှာ ဘုရားမေးတဲ့ မေးခွန်းသိပ်ကောင်းတယ် ဘယ်သူပြောလဲတဲ့။ ဒီနေ့ကိုယ့်ကို မကောင်းမြင်တာရော၊ သူတစ်ပါးကိုမကောင်းမြင်တာရော အများစုက ဘုရားအမြင် ၊ ဘုရားစကား မဟုတ်တာသေချာတယ်။ သူတို့ စာတန်စကားနားယောင်မိပြီးတဲ့ နောက်မှာ အမြင်တွေ၊ အတွေးတွေ သိပ်မမှန်တော့ဘူး။ ဒါကြောင့်ကိုယ့်ဟာကိုယ် အသုံးမကျဘူး၊ရှုံးနိမ့်သူလိုမြင်နေတယ်ဆိုရင် ဒီနေ့ ဘုရားမေးတဲ့ မေခွန်းလေးကိုယ့်ဟာကိုယ် မေးပါ၊ ဘယ်သူပြောလဲ။ ဘုရားကတော့ သင့်ကို အဲ့ဒီလို မပြောဘူး၊ အဲ့ဒီလို မမြင်ဘူး။ အလွန်ကောင်းတဲ့ သူလို့ မြင်နေ ပြောနေတယ် ။
Zawgyi
အလွန်ကောင်းသည်
ဘယ်သူပြောလဲ (က၃:၁၁)
0 views0 comments
© 2020 by Miracle Makers Proudly created with abundantlife
  • Facebook
  • YouTube