Search
  • Than Min Htike

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်

“ငါ​မ​သေ​ရ​သေး။ အ​သက်​ရှင်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​တို့​ကို ကြား​ပြော​ရ​ဦး​မည်။”

ဆာ ၁၁၈:၁၇

မရှိတာထက်မသိတာခက်တယ်

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်ကိုမသိရင် အသက်ရှင်ရင်းနဲ့သေသလိုလိုဖြစ်နေတဲ့သူပါပဲ။ တစ်ခါတစ်လေ ရည်ရွယ်ချက်မရှိ၊ဦးတည်ရာမသိပဲအသက်ရှင်တာထက် ဆိုးတဲ့အရာဘာတစ်ခုမှ မရှိတော့ဘူးလို့တောင်ထင်မိတယ်။ တကယ်တော့ သင့်အတွက် ဘုရားရဲ့ရည် ရွယ်ချက်မရှိတာမဟုတ်ပါဘူး၊ သင်ကအဲ့ဒီရည်ရွယ်ချက်ကို မသိသေးတာပါ။ တချို့ကလည်းမသိချင်ယောင်ဆောင်နေကြတာ။ အိပ်ချင်ယောင်ဆောင်တဲ့သူကိုနှိုးရခက်သလိုပါပဲ ကိုယ့်ဘ၀ရဲ့အသက်ရှင်ခြင်းရဲ့အဓိကကိုမသိတဲ့အခါမှာ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အရာလေးတွေနဲ့စိတ်ဓါတ်ကျတယ်။ သေချင်စိတ်ဖြစ်လာပါလေရော။ ကျွန်တော်ဘ၀မှာလည်းအခက်အခဲတွေလည်းကြုံဖူးတယ်။ သေဖို့လည်းအကြိမ်ကြိမ် ကြုံဖူးတယ်။အဲ့ဒီလိုအခက်အခဲတွေ၊ ကြောက်စရာကောင်းတဲ့အဖြစ်ပျက်တွေကြားမှာ ထူးဆန်းတာက ကျော်နိုင်မယ်ဆိုတာကို အကြွင်းမဲ့စိတ်ချနေတာပါ။ အဲ့ဒီလိုစိတ်ချခြင်းဘယ်ကနေလာသလဲဆိုရင် ဒါငါ့ရဲ့အဆုံးသတ်မဟုတ်ပဲ ဘုရားအကြံအစည်ငါ့အတွက်ရှိသေးတယ်လို့ သိနေခြင်းကြောင့်ပါ။ ဒီနေရာမှာပဲ အဆုံးသတ်သွားမှာမဟုတ်ပဲ ဘုရားရဲ့ကြီးကြီးမားမားအသုံးပြုမှုနဲ့ လမ်းပြမှုကို သိနေတဲ့အတွက် လမ်းတစ်ဝက်မှာ ကြုံရတဲ့အရာတွေအတွက်

လုံး၀ကို လဲမကျခဲ့သလို လက်မလျော့ခဲ့ဘူး။ ဒါကြောင့် လောကမှာ ဘုရားထားတဲ့ကိုယ်အတွက်ပန်းတိုင်ကို

သိဖို့လိုတယ်။ ဘာမဟုတ်တဲ့ အခက်အခဲလေးကြောင့်နဲ့ ဘုရားအကြံအစည်ဟာပျက်သွားမှာမဟုတ်ဘူးဆိုတာကိုလည်းစိတ်ချဖို့လိုတယ်။ ဆာလံဆရာကတော့အခက်အခဲတွေသူ့ကိုဝိုင်းရံပြီးတော့ မကျော်နိုင်အောင်ကြီးတဲ့အတားအဆီးတွေကိုကြုံရပေမယ့် ဘုရားရဲ့အကြံအစည်နဲ့ အဆုံးသတ်ပန်းတိုင်ကိုသိတဲ့အတွက်ဒါဟာ သူ့ရဲ့နောက်ဆုံးမဟုတ်ပဲ ဒါကိုကျော်လွှားပြီးတော့ ဘုရားကောင်းမြတ်ကြောင်းကိုသက်သေခံဖို့ဖြစ်လာအုံးမယ်ဆိုတာကို သူက အကြွင်းမဲ့ယုံတယ်။ ဒါကြောင့်လဲ သူကပြောတာပေါ့ မသေရသေးဘူးဘုရားပြုခဲ့ပေးတဲ့အမှုတော်များနဲ့ ကောင်းမြတ်ကြောင်းကို ဆက်လက်ဝေငှသက်သေခံအုံးမယ်ဆိုပြီးတော့။သင်လည်း ဘုရားကိုစိတ်ချပါ အခုကြုံရတဲ့မကျော်နိုင်အောင်ကြီးတဲ့အဆီးအတားဖြစ်နေပါစေ ဘုရားကကူမပြီးတော့သူ့အမှုတော်အကြောင်းကို ဟောပြောသက်သေခံဖို့ အသုံးပြုမယ်ဆိုတာကို ယုံကြည်ပါ။

Zawgyi

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်

“ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်တို့ကို ကြားပြောရဦးမည်။”

6 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube