Search
  • Than Min Htike

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက် (၂)

“ဣ​သ​ရေ​လ​က​လည်း၊ တန်​တော့။ ငါ့​သား​ယော​သပ်​အ​သက်​ရှင်​သေး၏။ ငါ​မ​သေ​မီ သူ့​ကို​သွား၍​ကြည့်​မည်​ဟု​ဆို၏။” က ၄၅:၂၈


အထင်နဲ့လက်တွေ့ကတခြားစီ

တစ်ခါတစ်လေကိုယ့်ကိုဒုက္ခပေးတာ တခြားလူတွေရဲ့ထင်မြင်ယူဆချက်တွေထက် ကိုယ်ပိုင်ထင်မြင်ယူဆ ချက်တွေကြောင့်ဆိုရင်ပိုမှန်မယ်။ တခြားလူတွေဘယ်လိုတွေးသလဲဆိုတာထက် ကိုယ်တိုင် ဘယ်လို တွေးခေါ်ခံယူသလဲဆိုတာက ပိုအရေးကြီးတယ်။ လူတွေပြောတိုင်းမယုံဖို့ ပြောတဲ့အခါမှာ တစ်ခါတစ်လေ ကိုယ့်အနားက အရင်းနီးဆုံးလူတွေရဲ့ပြေားစကားတွေတောင် စိတ်မချရတဲ့အချိန်တွေရှိတယ်။ ယာကုပ်ဟာ သူ့ရဲ့အနီးဆုံးက သားတွေရဲ့လှည့်စားမှုကို ယုံခဲ့ပြီးတော့ နှစ်ပေါင်း (၂၀) သူ့အချစ်ဆုံးသား အိမ်မက်တွေနဲ့ပြည့်၀နေတဲ့ယောသပ်သေပြီလို့သတ်မှတ်ခဲ့တယ်။ သူ့သားတွေက ဆိတ်သွေး စွန်းနေတဲ့ယောသပ်အင်္ကျီကိုယူလာပြီးတော့ လာပြခဲ့တဲ့အခါမှာ သူ့သားလို့ပဲ တစ်ဖတ်သက်ထင်ခဲ့တယ်။ ဘုရားကိုမေးတာ၊ ဘုရားအသံကို နားထောင်တာလုံး၀မလုပ်ခဲ့ဘူး။ သူကိုယ်တိုင် ဆိတ်မွှေးနဲ့ လုပ်တဲ့အဝတ်ကိုဝတ်ပြီးဖခင်ကိုလှည့်စားခဲ့တာကိုတောင်မေ့သွားတယ်မဟုတ်လား။ ယာကုပ်လိုပဲ ကိုယ့်အိမ်မက်တွေ၊ အနာဂတ်တွေသေပြီဆိုပြီး သတ်မှတ်နေတဲ့လူဘယ်လောက်တောင် များနေပြီလဲဆိုတာတော့ကျွန်တော်မသိဘူး။ လက်တွေ့ ပြစရာသက်သေတွေလဲ တစ်ပုံတစ်ပင်နဲ့ဆိုတော့ ယုံချင်လည်းယုံလောက်စရာပါပဲ။ ဒါပေမယ့်မှတ်ထားပါ သင့်အိမ်မက်တွေပြည့်စုံဖို့အတွက် သင်လက်လျော့လိုက်ပေမယ့်၊ သင့်ဘက်ကနေမဖြစ်နိုင်တော့ဘူးလို့တွတ်ဆထားပေမယ့် ဘုရားဘက်ကတော့ဘယ်တော့မှ အဲ့ဒီလိုမလုပ်ဘူး။ အခြားတစ်ဖက်မှာ သင်အိမ်မက်တွေပြည့်စုံဖို့အ တွက် ဘုရားကူညီနေတယ် အလုပ်လုပ်နေတယ်။ သူ့ကိုသတိရတဲ့လူတောင် ဘယ်သူမှ ရှိမှမဟုတ်တော့ဘူး။ ဒါပေမယ့်ဘုရားက သူပေးထားတဲ့အိမ်မက်တွေကိုဘယ် တော့မှမမေ့ဘူး။


အသက်ရှင်နေသေးတာ ဒါကိုမြင်တွေ့ဖို့ပဲ

အနှစ် (၂၀) လွန်ပြီးတဲ့အခါ အစာခေါင်းခြင်းရောက်လို့ အဲဂုတ္တုကိုလဲ သွားရော ယောသပ်နဲ့တွေ့ပြီးတော့ ယာကုပ်ကို ပြန်ပြောကြတယ်။နောက်ထပ်ပိိုဆိုးတဲ့ နှစ်တွေရှိသေးတယ် ဒါကြောင့် သူနဲ့အတူလာဖို့အတွက် ဖိတ်ခေါ်တယ်။ စဉ်းစားကြည့်ရင် ယာကုပ် သူ့မိသားစုတွေဆက်အသက်ရှင်တာတောင် စားစရာမရှိတဲ့အချိန်မဟုတ်လား။ ဒီထက်ပိုဆိုးတဲ့အစာခေါင်ပါးခြင်းကိုဘယ်လို ရင်ဆိုင်မှာလည်းလို့ စဉ်းစားစရာရှိတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ သတင်းရောက်လာတယ်။ အိမ်မက်တွေက မသေသေးပဲ ဆက်လက်အလုပ်လုပ်နေတယ်။ အခုအဲ့ဒီအိမ်မက်တွေ

ထဲမှာ ခြေချဖို့အတွက် ရုတ်တရတ်ဖိတ်ခေါ်သံကြားလိုက်ရတယ်။ ဘယ်လောက်များအံ့ဩစရာကောင်းလိုက်သလဲ။ ဒီနေ့တစ်လောကလုံးဆိုင်ရာ ကြုံနေရတဲ့ ဘေးဒုက္ခတွေက သင့်ကိုပျက်စီးစေမှာမဟုတ်ဘူး ယာကုပ်လိုပဲ ဘုရားပေးတဲ့အိမ်မက်တွေကိုပြည့်စုံစေမှာပါ။ ဘာလို့

အသက်ရှင်နေသေးတာလည်းလို့ ကိုယ့်ဟာကိုယ်မေးမိရင် ဒီလိုပြန်ဖြေပါ ငါအသက်ရှင်ပြီးတော့ ဘုရားပေးထားတဲ့အိမ်မက်တွေကို ပြည့်စုံဖို့အတွက်ပါ။ မဖြစ်နိုင်တဲ့အိမ်မက်တွေကမဖြစ်နိုင်တဲ့အဆိုးဆုံးအခြေအနေမှာ ပြည့်စုံလာမှပဲ ဘုရားဘယ်လောက်ကောင်းမြတ်သလဲပိုထင်ရှားလာတယ်မဟုတ်လား။ အမှောင်မိုက်ဆုံးအချိန်မှာ အတောက်ပဆုံးအလင်းရောင်နဲ့ ဘုရားက ထွန်းလင်းစေအုံးမှာပါ။



Zawgyi

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်(၂)

“ဣသရေလကလည်း၊ တန်တော့။ ငါ့သားယောသပ်အသက်ရှင်သေး၏။ ငါမသေမီ သူ့ကိုသွား၍ကြည့်မည်ဟုဆို၏။” က ၄၅:၂၈


အထင်နဲ့လက်တွေ့ကတခြားစီ

တစ်ခါတစ်လေကိုယ့်ကိုဒုက္ခပေးတာ တခြားလူတွေရဲ့ထင်မြင်ယူဆချက်တွေထက် ကိုယ်ပိုင်ထင်မြင်ယူဆ ချက်တွေကြောင့်ဆိုရင်ပိုမှန်မယ်။ တခြားလူတွေဘယ်လိုတွေးသလဲဆိုတာထက် ကိုယ်တိုင် ဘယ်လို တွေးခေါ်ခံယူသလဲဆိုတာက ပိုအရေးကြီးတယ်။ လူတွေပြောတိုင်းမယုံဖို့ ပြောတဲ့အခါမှာ တစ်ခါတစ်လေ ကိုယ့်အနားက အရင်းနီးဆုံးလူတွေရဲ့ပြေားစကားတွေတောင် စိတ်မချရတဲ့အချိန်တွေရှိတယ်။ ယာကုပ်ဟာ သူ့ရဲ့အနီးဆုံးက သားတွေရဲ့လှည့်စားမှုကို ယုံခဲ့ပြီးတော့ နှစ်ပေါင်း (၂၀) သူ့အချစ်ဆုံးသား အိမ်မက်တွေနဲ့ပြည့်ဝနေတဲ့ယောသပ်သေပြီလို့သတ်မှတ်ခဲ့တယ်။ သူ့သားတွေက ဆိတ်သွေး စွန်းနေတဲ့ယောသပ်အင်္ကျီကိုယူလာပြီးတော့ လာပြခဲ့တဲ့အခါမှာ သူ့သားလို့ပဲ တစ်ဖတ်သက်ထင်ခဲ့တယ်။ ဘုရားကိုမေးတာ၊ ဘုရားအသံကို နားထောင်တာလုံး၀မလုပ်ခဲ့ဘူး။ သူကိုယ်တိုင် ဆိတ်မွှေးနဲ့ လုပ်တဲ့အဝတ်ကိုဝတ်ပြီးဖခင်ကိုလှည့်စားခဲ့တာကိုတောင်မေ့သွားတယ်မဟုတ်လား။ ယာကုပ်လိုပဲ ကိုယ့်အိမ်မက်တွေ၊ အနာဂတ်တွေသေပြီဆိုပြီး သတ်မှတ်နေတဲ့လူဘယ်လောက်တောင် များနေပြီလဲဆိုတာတော့ကျွန်တော်မသိဘူး။ လက်တွေ့ ပြစရာသက်သေတွေလဲ တစ်ပုံတစ်ပင်နဲ့ဆိုတော့ ယုံချင်လည်းယုံလောက်စရာပါပဲ။ ဒါပေမယ့်မှတ်ထားပါ သင့်အိမ်မက်တွေပြည့်စုံဖို့အတွက် သင်လက်လျော့လိုက်ပေမယ့်၊ သင့်ဘက်ကနေမဖြစ်နိုင်တော့ဘူးလို့တွတ်ဆထားပေမယ့် ဘုရားဘက်ကတော့ဘယ်တော့မှ အဲ့ဒီလိုမလုပ်ဘူး။ အခြားတစ်ဖက်မှာ သင်အိမ်မက်တွေပြည့်စုံဖို့အ တွက် ဘုရားကူညီနေတယ် အလုပ်လုပ်နေတယ်။ သူ့ကိုသတိရတဲ့လူတောင် ဘယ်သူမှ ရှိမှမဟုတ်တော့ဘူး။ ဒါပေမယ့်ဘုရားက သူပေးထားတဲ့အိမ်မက်တွေကိုဘယ် တော့မှမမေ့ဘူး။


အသက်ရှင်နေသေးတာ ဒါကိုမြင်တွေ့ဖို့ပဲ

အနှစ် (၂၀) လွန်ပြီးတဲ့အခါ အစာခေါင်းခြင်းရောက်လို့ အဲဂုတ္တုကိုလဲ သွားရော ယောသပ်နဲ့တွေ့ပြီးတော့ ယာကုပ်ကို ပြန်ပြောကြတယ်။နောက်ထပ်ပိုဆိုးတဲ့ နှစ်တွေရှိသေးတယ် ဒါကြောင့် သူနဲ့အတူလာဖို့အတွက် ဖိတ်ခေါ်တယ်။ စဉ်းစားကြည့်ရင် ယာကုပ် သူ့မိသားစုတွေဆက်အသက်ရှင်တာတောင် စားစရာမရှိတဲ့အချိန်မဟုတ်လား။ ဒီထက်ပိုဆိုးတဲ့အစာခေါင်ပါးခြင်းကိုဘယ်လို ရင်ဆိုင်မှာလည်းလို့ စဉ်းစားစရာရှိတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ သတင်းရောက်လာတယ်။ အိမ်မက်တွေက မသေသေးပဲ ဆက်လက်အလုပ်လုပ်နေတယ်။ အခုအဲ့ဒီအိမ်မက်တွေ

ထဲမှာ ခြေချဖို့အတွက် ရုတ်တရတ်ဖိတ်ခေါ်သံကြားလိုက်ရတယ်။ ဘယ်လောက်များအံ့ဩစရာကောင်းလိုက်သလဲ။ ဒီနေ့တစ်လောကလုံးဆိုင်ရာ ကြုံနေရတဲ့ ဘေးဒုက္ခတွေက သင့်ကိုပျက်စီးစေမှာမဟုတ်ဘူး ယာကုပ်လိုပဲ ဘုရားပေးတဲ့အိမ်မက်တွေကိုပြည့်စုံစေမှာပါ။ ဘာလို့

အသက်ရှင်နေသေးတာလည်းလို့ ကိုယ့်ဟာကိုယ်မေးမိရင် ဒီလိုပြန်ဖြေပါ ငါအသက်ရှင်ပြီးတော့ ဘုရားပေးထားတဲ့အိမ်မက်တွေကို ပြည့်စုံဖို့အတွက်ပါ။ မဖြစ်နိုင်တဲ့အိမ်မက်တွေကမဖြစ်နိုင်တဲ့အဆိုးဆုံးအခြေအနေမှာ ပြည့်စုံလာမှပဲ ဘုရားဘယ်လောက်ကောင်းမြတ်သလဲပိုထင်ရှားလာတယ်မဟုတ်လား။ အမှောင်မိုက်ဆုံးအချိန်မှာ အတောက်ပဆုံးအလင်းရောင်နဲ့ ဘုရားက ထွန်းလင်းစေအုံးမှာပါ။

5 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube