Search
  • Than Min Htike

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်(၃)

“သို့​ရာ​တွင် မော​ရှေ​စေ​လွှတ်​သော​နေ့၌ ခွန်​အား​ရှိ​သ​ကဲ့​သို့ ယ​နေ့၌​ရှိ​ပါ၏။ ထို​အ​ခါ ထွက်​ဝင်​ခြင်း​အ​မှု၊ စစ်​တိုက်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သ​ကဲ့​သို့ ယ​ခု​လည်း​တတ်​စွမ်း​နိုင်​ပါ၏။ သို့​ဖြစ်၍ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဤ​တောင်​ကို အ​ကျွန်ုပ်​အား​ပေး​ပါ။ ဤ​တောင်​ပေါ်​မှာ အာ​န​က​လူ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ကြီး​မား​ခိုင်​ခံ့​သော​မြို့​တို့​နှင့် ပြည့်​စုံ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နေ့၌ ကိုယ်​တော်​သည်​ကြား​ရ​ပြီ။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် အ​တူ​ရှိ​တော်​မူ​လျှင်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ထို​သူ​တို့​ကို​နှင်​ထုတ်​ခြင်း​ငှာ အ​ကျွန်ုပ်​တတ်​စွမ်း​နိုင်​ပါ​သည်​ဟု လျှောက်​ဆို၏။” ယောရှု ၁၄:၁၁-၁၂


လုပ်ချင်တဲ့သူဆိုရင်

လုပ်တတ်တဲ့ သူထက် လုပ်ချင်တဲ့သူဖြစ်ဖို့အရမ်းအရေးကြီးတယ်။ ကျွန်တော်အမှုတော်မြတ်မှာ လူတော် တော်များများနဲ့လက်တွဲခဲ့တယ်။ အဲ့ဒီမှာ ဘယ်သူတွေနဲ့အလုပ်လုပ်ရတာ ပိုကောင်းလဲဆိုရင် လုပ်တတ်တဲ့ သူတွေ၊ လုပ်နိုင်တဲ့သူတွေထက် လုပ်ချင်စိတ်ပြင်းပြတဲ့သူတွေနဲ့လုပ်ရတာအရမ်းကိုကောင်းတယ်။ သူတို့က အခြားသူတွေလို အရမ်းကြီး မကျွမ်းကျင်ပေမယ့်၊ လုပ်နိုင်တဲ့စွမ်းအားတွေအရမ်းကြီးမရှိပေမယ့် သူတို့ရဲ့လုပ်ချင်တဲ့စိတ်ပြင်းထန်မှုကြောင့် အရမ်းကိုကြိုးစားပြီးလုပ်တယ်ဆိုတာတွေ့ရတယ်။ ဒါကြောင့်လုပ်ချင်စိတ်ရှိတဲ့သူတွေဟာ အမြဲတမ်း အခြားသူတွေထက်ပိုကြိုးစားတယ်။ ကျွန်တော်ကိုယ်တိုင်လဲအမှုတော်မြတ်မှာ လုပ်တတ်တဲ့ အရည်အချင်းအရမ်းကြီးရှိတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဘုရားအတွက် လုပ်ချင်တဲ့စိတ်က အရမ်းကို ပြင်းပြခဲ့တယ်။ ဒါကြောင့်လဲ ဘယ်သူမှတားလို့မရပဲ အမှုတော်ဆောင်တစ်ယောက်ဖြစ်လာတာပေါ့။ လောကမှာအသက်ရှင်တုန်းခဏမှာ မလုပ်တတ်တာတွေ၊ လုပ်တတ်တာတွေ

ခဏထားပြီးတော့ ဘုရားခိုင်းတဲ့ အရာတွေကို လုပ်ချင်စိတ်ပြင်းစွာနဲ့ လုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ဖို့လိုတယ်။


လုပ်ချင်သေးတယ်ဆိုလုပ်နိုင်ပါသေးတယ်

တချို့ကတော့ဒီလိုပြောလိမ့်မယ် လုပ်ဖို့အတွက်အသက်အရမ်းကိုကြီးသွားပြီ။ တချို့ကတော့ အရမ်းကိုငယ်လွန်းပါသေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့လက်လွှတ်လိုက်ရတဲ့အခွင့်အရေးတွေဘယ်လောက်တောင်ရှိပြီလဲ။ သင်လုပ်ချင်စိတ်ရှိတယ်ဆိုရင် ငယ်တာ၊ ကြီးတာဟာ အကြောင်းပြချက်ကိုမဟုတ်တာ။ ကာလက် အသက် ၈၅ နှစ်ရှိတဲ့အချိန်မှာ ဂတိတော်မြေကို ခြေချခွင့်ရတယ်။ အဲ့ဒီအချိန်မှာ သူကယောရှုကိုခွင့်တောင်းတယ်၊ အာနက လူတွေရှိတဲ့တောင်ကိုသူ့ကိုပေးဖို့။ တကယ်ဆိုသူကခေါင်း ဆောင်တစ်ယောက်ပဲ အသက်ကလည်း ကြီးနေပြီမဟုတ်လား။ ရန်သူသိပ်မရှိတဲ့ နေရာကိုရွေးရမှာ အခုတော့သူက ရန်သူအင်အားအကြီးဆုံးနေရာကို ရွေးတယ်။ဘာကြောင့် အခက်အခဲတွေ စိန်ခေါ်မှုတွေကိုမကြောက်တာလည်းဆိုရင်သူ့ကိုယ်သူ လွန်ခဲ့တဲ့အနှစ် ၄၀ တုန်းက အားမျိုး၊ စွမ်း ဆောင်နိုင်မှုမျိုးရှိသေးတယ်လို့ ယုံကြည်တာဖြစ်တယ်။ တကယ်ဆိုဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါကဘုရားကိုစိတ်ချမှုရှိတယ်ဆိုတာဖေါ်ပြတာပါ။ သူ့အထဲမှာ အရင်အသက် ၄၀ တုန်းကရှိတဲ့ ယုံကြည်ခြင်းမျိုး၊ ဘုရားကိုစိတ်ချမှုမျိုးကအခုအချိန်ထိရှိတုန်းကိုဖေါ်ပြတာပါ။ ဒါကြောင့်လည်း စိန်ခေါ်မှုတွေကို မရပ်တန့်ချင်ဘူး။ အခက်အခဲတွေကိုဘုရားနဲ့ ကျော်လွှားဖို့ ဆက်လုပ်ချင်သေးတယ်။ အရေး ကြီးတာက အသက်အရွယ်မဟုတ်ဘူး။ အရေးကြီးတာက လုပ်ချင်စိတ်ဖြစ်တယ်။ ဘယ်အရွယ်မဆို သင် ဘုရားနဲ့အတူ စိန်ခေါ်မှုတွေကိုဖြတ်ကျော်ဖို့ ဆန္ဒရှိသေးရင် အခုလည်းအခွင့်အရေးရှိပါသေးတယ်။



Zawgyi


အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်(၃)


“သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့၌ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်းတတ်စွမ်းနိုင်ပါ၏။ သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူသော ဤတောင်ကို အကျွန်ုပ်အားပေးပါ။ ဤတောင်ပေါ်မှာ အာနကလူရှိကြောင်းကိုလည်းကောင်း၊ ကြီးမားခိုင်ခံ့သောမြို့တို့နှင့် ပြည့်စုံကြောင်းကိုလည်းကောင်း၊ ထိုနေ့၌ ကိုယ်တော်သည်ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ကိုနှင်ထုတ်ခြင်းငှာ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။” ယောရှု ၁၄:၁၁-၁၂


လုပ်ချင်တဲ့သူဆိုရင်

လုပ်တတ်တဲ့ သူထက် လုပ်ချင်တဲ့သူဖြစ်ဖို့အရမ်းအရေးကြီးတယ်။ ကျွန်တော်အမှုတော်မြတ်မှာ လူတော် တော်များများနဲ့လက်တွဲခဲ့တယ်။ အဲ့ဒီမှာ ဘယ်သူတွေနဲ့အလုပ်လုပ်ရတာ ပိုကောင်းလဲဆိုရင် လုပ်တတ်တဲ့ သူတွေ၊ လုပ်နိုင်တဲ့သူတွေထက် လုပ်ချင်စိတ်ပြင်းပြတဲ့သူတွေနဲ့လုပ်ရတာအရမ်းကိုကောင်းတယ်။ သူတို့က အခြားသူတွေလို အရမ်းကြီး မကျွမ်းကျင်ပေမယ့်၊ လုပ်နိုင်တဲ့စွမ်းအားတွေအရမ်းကြီးမရှိပေမယ့် သူတို့ရဲ့လုပ်ချင်တဲ့စိတ်ပြင်းထန်မှုကြောင့် အရမ်းကိုကြိုးစားပြီးလုပ်တယ်ဆိုတာတွေ့ရတယ်။ ဒါကြောင့်လုပ်ချင်စိတ်ရှိတဲ့သူတွေဟာ အမြဲတမ်း အခြားသူတွေထက်ပိုကြိုးစားတယ်။ ကျွန်တော်ကိုယ်တိုင်လဲအမှုတော်မြတ်မှာ လုပ်တတ်တဲ့ အရည်အချင်းအရမ်းကြီးရှိတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဘုရားအတွက် လုပ်ချင်တဲ့စိတ်က အရမ်းကို ပြင်းပြခဲ့တယ်။ ဒါကြောင့်လဲ ဘယ်သူမှတားလို့မရပဲ အမှုတော်ဆောင်တစ်ယောက်ဖြစ်လာတာပေါ့။ လောကမှာအသက်ရှင်တုန်းခဏမှာ မလုပ်တတ်တာတွေ၊ လုပ်တတ်တာတွေ

ခဏထားပြီးတော့ ဘုရားခိုင်းတဲ့ အရာတွေကို လုပ်ချင်စိတ်ပြင်းစွာနဲ့ လုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ဖို့လိုတယ်။


လုပ်ချင်သေးတယ်ဆိုလုပ်နိုင်ပါသေးတယ်

တချို့ကတော့ဒီလိုပြောလိမ့်မယ် လုပ်ဖို့အတွက်အသက်အရမ်းကိုကြီးသွားပြီ။ တချို့ကတော့ အရမ်းကိုငယ်လွန်းပါသေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့လက်လွှတ်လိုက်ရတဲ့အခွင့်အရေးတွေဘယ်လောက်တောင်ရှိပြီလဲ။ သင်လုပ်ချင်စိတ်ရှိတယ်ဆိုရင် ငယ်တာ၊ ကြီးတာဟာ အကြောင်းပြချက်ကိုမဟုတ်တာ။ ကာလက် အသက် ၈၅ နှစ်ရှိတဲ့အချိန်မှာ ဂတိတော်မြေကို ခြေချခွင့်ရတယ်။ အဲ့ဒီအချိန်မှာ သူကယောရှုကိုခွင့်တောင်းတယ်၊ အာနက လူတွေရှိတဲ့တောင်ကိုသူ့ကိုပေးဖို့။ တကယ်ဆိုသူကခေါင်း ဆောင်တစ်ယောက်ပဲ အသက်ကလည်း ကြီးနေပြီမဟုတ်လား။ ရန်သူသိပ်မရှိတဲ့ နေရာကိုရွေးရမှာ အခုတော့သူက ရန်သူအင်အားအကြီးဆုံးနေရာကို ရွေးတယ်။ဘာကြောင့် အခက်အခဲတွေ စိန်ခေါ်မှုတွေကိုမကြောက်တာလည်းဆိုရင်သူ့ကိုယ်သူ လွန်ခဲ့တဲ့အနှစ် ၄၀ တုန်းက အားမျိုး၊ စွမ်း ဆောင်နိုင်မှုမျိုးရှိသေးတယ်လို့ ယုံကြည်တာဖြစ်တယ်။ တကယ်ဆိုဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါကဘုရားကိုစိတ်ချမှုရှိတယ်ဆိုတာဖေါ်ပြတာပါ။ သူ့အထဲမှာ အရင်အသက် ၄၀ တုန်းကရှိတဲ့ ယုံကြည်ခြင်းမျိုး၊ ဘုရားကိုစိတ်ချမှုမျိုးကအခုအချိန်ထိရှိတုန်းကိုဖေါ်ပြတာပါ။ ဒါကြောင့်လည်း စိန်ခေါ်မှုတွေကို မရပ်တန့်ချင်ဘူး။ အခက်အခဲတွေကိုဘုရားနဲ့ ကျော်လွှားဖို့ ဆက်လုပ်ချင်သေးတယ်။ အရေး ကြီးတာက အသက်အရွယ်မဟုတ်ဘူး။ အရေးကြီးတာက လုပ်ချင်စိတ်ဖြစ်တယ်။ ဘယ်အရွယ်မဆို သင် ဘုရားနဲ့အတူ စိန်ခေါ်မှုတွေကိုဖြတ်ကျော်ဖို့ ဆန္ဒရှိသေးရင် အခုလည်းအခွင့်အရေးရှိပါသေးတယ်။

9 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube