Search
  • Than Min Htike

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်(၄)

“သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊” ယော၂၄:၁၅


ဦးတည်ချက်မပျောက်စေနဲ့

အောင်မြင်တယ်ဆိုတာကထင်သလောက်တော့မခက်ဘူး ဒါပေမယ့် အဲ့ဒီအောင်မြင်ခြင်းကိုထိန်းသိမ်းရတာမှ တကယ်ခက်တာ။ လူတွေက ဆင်းရဲခက်ခဲတဲ့အခါမှာတော့ ဇွဲနဲ့ စိတ်အားထက်သန်မှုတွေနဲ့ ကြိုးစားရုန်းကန်တတ်ကြပေမယ့် အောင်မြင်လာတဲ့အခါမှာတော့ ကိုယ်စတင်လာတဲ့ဘ၀ကိုရော၊ ကိုယ်ရဲ့ဦးတည်ချက်ပါပျောက် ဆုံးသွားတတ်ကြတယ်။ လူတွေကဆင်းရဲ့တဲ့ဒဏ်ကိုမခံနိုင်တာထက် ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်တာက ပိုများတယ်။ အစပြုတာထွက်ကောင်းခဲ့တဲ့တော်တော်များများက အဆုံးသတ် ပန်းဝင်မကောင်းကြဘူး။ ကျမ်းစာထဲက ခေါင်းဆောင်တွေ ၅ပုံ ၃ပုံက အဆုံးသတ်မကောင်းကြဘူး။ ၂ ပုံကပဲသူတို့ဘ၀အဆုံးထိ ကောင်းမွန်စွာနဲ့ ဦး တည်ချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ကြတယ်။ အရေးကြီးဆုံးကတော့ ဦးတည်ချက်မပျောက်ဖို့ပါပဲ။ ဦးတည်ချက် ပျောက်သွားလို့ သတိပေးခံရတဲ့ အသင်းတော်ကတော့ဧဖက်အသင်းတော်ပါ ဘုရားကိုအကြွင်းမဲ့ချစ်ခြင်းနဲ့အစပြုခဲ့ပေမယ့် လမ်းတစ်ဝက်မှာ အရေးကြီးဆုံးချစ်ခြင်းက လျော့ပါးသွားခဲ့တယ်။ ဘယ်လောက် ဝမ်းနည်းစရာကောင်းလဲ။ ချစ်လို့ အမှုဆောင်ခြင်းနဲ့စပေမယ့် လမ်းတစ်ဝက်မှာတော့ အမှုတော်ဆောင်ခြင်းပဲရှိတော့တယ် ချစ်ခြင်းကလျော့သွားခဲ့ပြီဆိုတော့။ ဒါကြောင့်ဦးတည်ချက်ကို မပျောက်စေဖို့ သန့်ရှင်းသောဝိညာဉ်တော်ကသတိပေးခဲ့တယ်။ နောက် အသင်းတော်

တစ်ပါးကတော့ ဂလာတိအသင်းတော်ပါ။သန့်ရှင်းသောဝိညာဉ်တော်နဲ့အစပြုခဲ့ပြီးမှ လမ်းခုလတ်မှာ သူတို့ရဲ့အတွေးအခေါ်အမူအကျင့်တွေက ပြောင်းလဲလာတယ်။ ဇာတိကိုဦးစားပေးတဲ့ အတွေးအခေါ်အမူအကျင့်တွေက အစားထိုးနေရာယူလာတယ်။ဒါကြောင့်ပေါလုက သတိပေးရတယ်။ ဘယ်လိုအခြေအနေမဆို ဘယ်လို အရာတွေနဲ့ကြုံကြုံ ဦးတည်ချက်မပျောက်ဖို့က အရေးသိပ်ကြီးတယ်။ ဒါကြောင့် ယောရှုက ခါနန်ပြည်ကို သိမ်းပိုက်ပြီး သူ့ရဲ့ဦးဆောင်မှုရဲ့နောက်ဆုံး ပိုင်းကိုရောက်လာတဲ့အခါမှာ အားလုံးကို သူကရှင်းလင်းအောင် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ဦးတည်ချက်ကို ကြေငြာခဲ့တယ်။ ဒီအချိန်ဟာ သူတို့ရဲ့အထွတ်အထိပ်အောင်မြင်နေတဲ့အချိန်ဖြစ်တယ်လို့ပြောရင်လဲ မမှားဘူး။ ဒါကြောင့်သူကတော့ ဒီခါနန်ပြည်ကိုထွက်လာတဲ့အခါမှာလဲ ဖါရောကို ဘုရားကိုဝတ်ပြုကိုးကွယ်ဖို့အတွက် အခွင့်တောင်းရာကနေ အစပြုခဲ့ပြီးတော့မှ ဒီလိုဂတိတော်မြေကို ဝင်စားသိမ်း ပိုက်တဲ့ အခြေအနေအထိရောက်စေခဲ့တာကိုလည်းပြန်အမှတ်ရစေတယ်။ မင်းတို့တော့ ဘယ်လို ဦးတည်ချက်ပြောင်းမလည်းငါမသိပေမယ့်၊ ငါကတော့ အစပြုခဲ့တဲ့ အထဲက ယုံကြည်စွဲလန်းခဲ့တဲ့ငါ့အိမ်သူအိမ်သားကတော့ ဘုရားဝတ်ကိုပဲ ဆက်ဝတ်ပြုမယ်၊ ဆက်ပြီးတော့ဘုရားအတွက်အစေခံမယ်ဆိုတာကို ထုတ်ဖေါ်ဝန်ခံခဲ့တယ်။ ဒါကြောင့်လည်း ခါနန်ပြည်ကရန်သူတွေကို အမှုန့်ချေပစ်လိုက်နိုင်အောင်ကိုအောင်မြင်တဲ့ခေါင်းဆောင် ဖြစ်ခဲ့တာပေါ့။ ဒါကြောင့် အသက်ရှင်နေရခြင်း ဦးတည်ချက်က တော့ရှင်းပါတယ် ဘုရားဝတ်ကို ဆက်လက်ပြုဖို့ပဲမဟုတ်လား။ ဒီဘုရားကပဲ ငရဲကနေ ကယ်လွှတ်ပေးခဲ့သလို၊ သူကပဲနေ့စဉ်တာဝန်ယူပြီး လှပတဲ့အနာဂတ်ကိုလည်းသူကပဲ ပို့ဆောင် ပေးအုံးမယ်ဆိုမှတော့ ရပ်တည် ချက်တွေဦးတည်ချက်တွေ ဘာလို့ပြောင်းနေအုံးမှာလဲ၊ သူမှသူပဲ ကျွန်တော်ဘ၀ရဲ့ တစ်ခုတည်းသော ဝတ်ပြုရာ၊ ကိုးကွယ်ရာပဲပေါ့။




Zawgyi

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်(၄)


“သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊” ယော၂၄:၁၅


ဦးတည်ချက်မပျောက်စေနဲ့

အောင်မြင်တယ်ဆိုတာကထင်သလောက်တော့မခက်ဘူး ဒါပေမယ့် အဲ့ဒီအောင်မြင်ခြင်းကိုထိန်းသိမ်းရတာမှ တကယ်ခက်တာ။ လူတွေက ဆင်းရဲခက်ခဲတဲ့အခါမှာတော့ ဇွဲနဲ့ စိတ်အားထက်သန်မှုတွေနဲ့ ကြိုးစားရုန်းကန်တတ်ကြပေမယ့် အောင်မြင်လာတဲ့အခါမှာတော့ ကိုယ်စတင်လာတဲ့ဘ၀ကိုရော၊ ကိုယ်ရဲ့ဦးတည်ချက်ပါပျောက် ဆုံးသွားတတ်ကြတယ်။ လူတွေကဆင်းရဲ့တဲ့ဒဏ်ကိုမခံနိုင်တာထက် ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်တာက ပိုများတယ်။ အစပြုတာထွက်ကောင်းခဲ့တဲ့တော်တော်များများက အဆုံးသတ် ပန်းဝင်မကောင်းကြဘူး။ ကျမ်းစာထဲက ခေါင်းဆောင်တွေ ၅ပုံ ၃ပုံက အဆုံးသတ်မကောင်းကြဘူး။ ၂ ပုံကပဲသူတို့ဘ၀အဆုံးထိ ကောင်းမွန်စွာနဲ့ ဦး တည်ချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ကြတယ်။ အရေးကြီးဆုံးကတော့ ဦးတည်ချက်မပျောက်ဖို့ပါပဲ။ ဦးတည်ချက် ပျောက်သွားလို့ သတိပေးခံရတဲ့ အသင်းတော်ကတော့ဧဖက်အသင်းတော်ပါ ဘုရားကိုအကြွင်းမဲ့ချစ်ခြင်းနဲ့အစပြုခဲ့ပေမယ့် လမ်းတစ်ဝက်မှာ အရေးကြီးဆုံးချစ်ခြင်းက လျော့ပါးသွားခဲ့တယ်။ ဘယ်လောက် ဝမ်းနည်းစရာကောင်းလဲ။ ချစ်လို့ အမှုဆောင်ခြင်းနဲ့စပေမယ့် လမ်းတစ်ဝက်မှာတော့ အမှုတော်ဆောင်ခြင်းပဲရှိတော့တယ် ချစ်ခြင်းကလျော့သွားခဲ့ပြီဆိုတော့။ ဒါကြောင့်ဦးတည်ချက်ကို မပျောက်စေဖို့ သန့်ရှင်းသောဝိညာဉ်တော်ကသတိပေးခဲ့တယ်။ နောက် အသင်းတော်

တစ်ပါးကတော့ ဂလာတိအသင်းတော်ပါ။သန့်ရှင်းသောဝိညာဉ်တော်နဲ့အစပြုခဲ့ပြီးမှ လမ်းခုလတ်မှာ သူတို့ရဲ့အတွေးအခေါ်အမူအကျင့်တွေက ပြောင်းလဲလာတယ်။ ဇာတိကိုဦးစားပေးတဲ့ အတွေးအခေါ်အမူအကျင့်တွေက အစားထိုးနေရာယူလာတယ်။ဒါကြောင့်ပေါလုက သတိပေးရတယ်။ ဘယ်လိုအခြေအနေမဆို ဘယ်လို အရာတွေနဲ့ကြုံကြုံ ဦးတည်ချက်မပျောက်ဖို့က အရေးသိပ်ကြီးတယ်။ ဒါကြောင့် ယောရှုက ခါနန်ပြည်ကို သိမ်းပိုက်ပြီး သူ့ရဲ့ဦးဆောင်မှုရဲ့နောက်ဆုံး ပိုင်းကိုရောက်လာတဲ့အခါမှာ အားလုံးကို သူကရှင်းလင်းအောင် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ဦးတည်ချက်ကို ကြေငြာခဲ့တယ်။ ဒီအချိန်ဟာ သူတို့ရဲ့အထွတ်အထိပ်အောင်မြင်နေတဲ့အချိန်ဖြစ်တယ်လို့ပြောရင်လဲ မမှားဘူး။ ဒါကြောင့်သူကတော့ ဒီခါနန်ပြည်ကိုထွက်လာတဲ့အခါမှာလဲ ဖါရောကို ဘုရားကိုဝတ်ပြုကိုးကွယ်ဖို့အတွက် အခွင့်တောင်းရာကနေ အစပြုခဲ့ပြီးတော့မှ ဒီလိုဂတိတော်မြေကို ဝင်စားသိမ်း ပိုက်တဲ့ အခြေအနေအထိရောက်စေခဲ့တာကိုလည်းပြန်အမှတ်ရစေတယ်။ မင်းတို့တော့ ဘယ်လို ဦးတည်ချက်ပြောင်းမလည်းငါမသိပေမယ့်၊ ငါကတော့ အစပြုခဲ့တဲ့ အထဲက ယုံကြည်စွဲလန်းခဲ့တဲ့ငါ့အိမ်သူအိမ်သားကတော့ ဘုရားဝတ်ကိုပဲ ဆက်ဝတ်ပြုမယ်၊ ဆက်ပြီးတော့ဘုရားအတွက်အစေခံမယ်ဆိုတာကို ထုတ်ဖေါ်ဝန်ခံခဲ့တယ်။ ဒါကြောင့်လည်း ခါနန်ပြည်ကရန်သူတွေကို အမှုန့်ချေပစ်လိုက်နိုင်အောင်ကိုအောင်မြင်တဲ့ခေါင်းဆောင် ဖြစ်ခဲ့တာပေါ့။ ဒါကြောင့် အသက်ရှင်နေရခြင်း ဦးတည်ချက်က တော့ရှင်းပါတယ် ဘုရားဝတ်ကို ဆက်လက်ပြုဖို့ပဲမဟုတ်လား။ ဒီဘုရားကပဲ ငရဲကနေ ကယ်လွှတ်ပေးခဲ့သလို၊ သူကပဲနေ့စဉ်တာဝန်ယူပြီး လှပတဲ့အနာဂတ်ကိုလည်းသူကပဲ ပို့ဆောင် ပေးအုံးမယ်ဆိုမှတော့ ရပ်တည် ချက်တွေဦးတည်ချက်တွေ ဘာလို့ပြောင်းနေအုံးမှာလဲ၊ သူမှသူပဲ ကျွန်တော်ဘ၀ရဲ့ တစ်ခုတည်းသော ဝတ်ပြုရာ၊ ကိုးကွယ်ရာပဲပေါ့။

2 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube