Search
  • Than Min Htike

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်(၅)

Updated: Sep 25


“သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-” ၁ကော ၁၀:၃၁


နေ့စဉ်ဦးစားပေး

လောကမှာ အသက်ရှင်နေသူအားလုံးအတွက် စားဖို့သောက်ဖို့က အဓိကဦးစားပေးပါ။ နေ့စဉ်လှုပ်ရှားသွား လာမှုအားလုံးကိုခြုံငုံကြည့်မယ်ဆိုရင် စားသောက်ဖို့ကိုဦးတည်နေတယ်ဆိုတာ တွေ့ရတယ်။ လူတိုင်းအတွက် ဒို့တာဝန် အရေးသုံးပါးလို့ ပြောလို့ရတဲ့ စား၊ဝတ်၊နေရေး သည်ဘ၀ရဲ့ဦးစားပေးဆိုတာ ငြင်းစရာမရှိပါ။ ဒါပေမယ့် ယုံကြည်သူ ဘုရားသားသမီးတွေကတော့ လောကသားတွေနဲ့မတူပေ။ စားဝတ်နေရေးထက် ဘုရားဘုန်းထင်ရှားရေးသည် ပထမဦးစားပေးရသည့်အရေးကိစ္စ။ စားဖို့၊သောက်ဖို့အဆင်ပြေ ရုံအသက်ရှင်မယ်ဆိုရင် သာမန်လောကသားတစ်ယောက်လိုအသက်ရှင်မှုဖြစ်စေတယ်။ ဒံယေလနဲ့ သူငယ်ချင်းများ ဗာဗုလုန်ကို ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့အချိန်မှာ နန်းတော်မှာ အမှုဆောင်ရန် ရွေးချယ်ခြင်းခံခဲ့ရတယ်။ဒါဘယ်လောက်ကြီးမားတဲ့ အခွင့်အရေးလဲ။ နန်းတော်မှာ အမှုတော်ထမ်းမယ့် လူတိုင်းရဲ့ ဓလေ့ထုံးစံအတိုင်း အစားအသောက်တွေကို ကျွေးမွေးတဲ့အခါမှာတော့သူတို့အတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်ခဲ့တယ်။ အဲ့ဒီအရာတွေကိုစားပြီးတော့ ဘုရားစကားကိုချိုးဖေါက်မယ့်အစားတော့ ဘုန်းတော်မထင်ရှားမယ့် ဘ၀မှာ အသက်မရှင်ဖို့ဆုံးဖြတ်ကြတယ်။ ရေလိုက်ငါးလိုက်နေတာယုံကြည်သူဘုရားသားသမီးတစ်ယောက်ရဲ့ အသက်ရှင်မှုလုံး၀မဟုတ်ဘူးဆိုတာ ဒီနေရာမှာ ရှင်းလင်းစွာမြင်ရတယ်။ တကယ်တော့ ဘုရင့်အမိန့်နဲ့ နန်းတော်ထဲက စည်းကမ်းတွေက ပြင်ဖို့ခက်ပါတယ်။ ဒါပေမယ့်သူတို့ကတော့ ဘုရားဘုန်းတော်အတွက် ဘယ် လောက်ခက်ခဲတဲ့အရာတွေကိုမဆို ရင်ဆိုင်ဖို့ ဆုံးဖြတ်ကြတယ်။ အဲ့ဒီဆုံးဖြတ်ချက်ရဲ့ရလဒ်က အခြားသူတွေနဲ့မတူထူးခြားတဲ့ ပညာတွေကိုဘုရားကသူတို့ကိုပေးခဲ့ပြီးတော့ အခြားသူတွေနဲ့မတူ ထူးခြားတဲ့မျက်နှာသွင်ပြင်ကိုပိုင် ဆိုင်ခဲ့တယ်။ နောက် အခြားသောပညာရှိတွေထက် အဆ ဆအရာရာသာလွန်ခဲ့တယ်ဆိုတာ သူတို့ရဲ့ အသက်တာအားဖြင့်တွေ့ရတယ်။ ဒံယေလကိုတော့အားကျ နေရုံနဲ့မပြီးဘူး။ ဒံယေလလို ဘုရားဘုန်းထင်ရှားတဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့အတွက် ဦးစားပေးနေ့စဉ်မှန်ကန်ဖို့တော့လိုတယ်။ ကြီးကြီးမားမား ဆောင်ရွက်နိုင်မှ ဘုရားဘုန်းထင်ရှားတာတော့မဟုတ်ပါဘူး။ နေ့စဉ်အသက်ရှင်ပြုမူခြင်းမှာ ဘာလုပ်လုပ် ဘုရားဘုန်းတော်ကိုထောက်ပြီးပြုမူခြင်းအားဖြင့်လည်း ကြီးစွာဘုရားဘုန်းထင်ရှားစေနိုင်ပါတယ်။ ယုံကြည်သူဘုရားသားသမီးတိုင်း အသက်ရှင်ခြင်းရဲ့ရည်ရွယ်ချက်က ဘာပဲလုပ်လုပ်၊ ဘယ်နေရာမှာပဲနေနေ ဘုရားဘုန်းထင်ရှားရေးပင်ဖြစ်တယ်။






Zawgyi

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်(၅)

“သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။-” ၁ကော ၁၀:၃၁


နေ့စဉ်ဦးစားပေး

လောကမှာ အသက်ရှင်နေသူအားလုံးအတွက် စားဖို့သောက်ဖို့က အဓိကဦးစားပေးပါ။ နေ့စဉ်လှုပ်ရှားသွား လာမှုအားလုံးကိုခြုံငုံကြည့်မယ်ဆိုရင် စားသောက်ဖို့ကိုဦးတည်နေတယ်ဆိုတာ တွေ့ရတယ်။ လူတိုင်းအတွက် ဒို့တာဝန် အရေးသုံးပါးလို့ ပြောလို့ရတဲ့ စား၊ဝတ်၊နေရေး သည်ဘ၀ရဲ့ဦးစားပေးဆိုတာ ငြင်းစရာမရှိပါ။ ဒါပေမယ့် ယုံကြည်သူ ဘုရားသားသမီးတွေကတော့ လောကသားတွေနဲ့မတူပေ။ စားဝတ်နေရေးထက် ဘုရားဘုန်းထင်ရှားရေးသည် ပထမဦးစားပေးရသည့်အရေးကိစ္စ။ စားဖို့၊သောက်ဖို့အဆင်ပြေ ရုံအသက်ရှင်မယ်ဆိုရင် သာမန်လောကသားတစ်ယောက်လိုအသက်ရှင်မှုဖြစ်စေတယ်။ ဒံယေလနဲ့ သူငယ်ချင်းများ ဗာဗုလုန်ကို ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့အချိန်မှာ နန်းတော်မှာ အမှုဆောင်ရန် ရွေးချယ်ခြင်းခံခဲ့ရတယ်။ဒါဘယ်လောက်ကြီးမားတဲ့ အခွင့်အရေးလဲ။ နန်းတော်မှာ အမှုတော်ထမ်းမယ့် လူတိုင်းရဲ့ ဓလေ့ထုံးစံအတိုင်း အစားအသောက်တွေကို ကျွေးမွေးတဲ့အခါမှာတော့သူတို့အတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်ခဲ့တယ်။ အဲ့ဒီအရာတွေကိုစားပြီးတော့ ဘုရားစကားကိုချိုးဖေါက်မယ့်အစားတော့ ဘုန်းတော်မထင်ရှားမယ့် ဘ၀မှာ အသက်မရှင်ဖို့ဆုံးဖြတ်ကြတယ်။ ရေလိုက်ငါးလိုက်နေတာယုံကြည်သူဘုရားသားသမီးတစ်ယောက်ရဲ့ အသက်ရှင်မှုလုံး၀မဟုတ်ဘူးဆိုတာ ဒီနေရာမှာ ရှင်းလင်းစွာမြင်ရတယ်။ တကယ်တော့ ဘုရင့်အမိန့်နဲ့ နန်းတော်ထဲက စည်းကမ်းတွေက ပြင်ဖို့ခက်ပါတယ်။ ဒါပေမယ့်သူတို့ကတော့ ဘုရားဘုန်းတော်အတွက် ဘယ် လောက်ခက်ခဲတဲ့အရာတွေကိုမဆို ရင်ဆိုင်ဖို့ ဆုံးဖြတ်ကြတယ်။ အဲ့ဒီဆုံးဖြတ်ချက်ရဲ့ရလဒ်က အခြားသူတွေနဲ့မတူထူးခြားတဲ့ ပညာတွေကိုဘုရားကသူတို့ကိုပေးခဲ့ပြီးတော့ အခြားသူတွေနဲ့မတူ ထူးခြားတဲ့မျက်နှာသွင်ပြင်ကိုပိုင် ဆိုင်ခဲ့တယ်။ နောက် အခြားသောပညာရှိတွေထက် အဆ ဆအရာရာသာလွန်ခဲ့တယ်ဆိုတာ သူတို့ရဲ့ အသက်တာအားဖြင့်တွေ့ရတယ်။ ဒံယေလကိုတော့အားကျ နေရုံနဲ့မပြီးဘူး။ ဒံယေလလို ဘုရားဘုန်းထင်ရှားတဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့အတွက် ဦးစားပေးနေ့စဉ်မှန်ကန်ဖို့တော့လိုတယ်။ ကြီးကြီးမားမား ဆောင်ရွက်နိုင်မှ ဘုရားဘုန်းထင်ရှားတာတော့မဟုတ်ပါဘူး။ နေ့စဉ်အသက်ရှင်ပြုမူခြင်းမှာ ဘာလုပ်လုပ် ဘုရားဘုန်းတော်ကိုထောက်ပြီးပြုမူခြင်းအားဖြင့်လည်း ကြီးစွာဘုရားဘုန်းထင်ရှားစေနိုင်ပါတယ်။ ယုံကြည်သူဘုရားသားသမီးတိုင်း အသက်ရှင်ခြင်းရဲ့ရည်ရွယ်ချက်က ဘာပဲလုပ်လုပ်၊ ဘယ်နေရာမှာပဲနေနေ ဘုရားဘုန်းထင်ရှားရေးပင်ဖြစ်တယ်။

12 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube