Search
  • Than Min Htike

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်(၆)

“နှုတ်​က​ပတ်​တ​ရား​တော်​ကိုပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။-” ၂တိ ၄:၂


အကြောင်းပြချက်တွေကိုထားခဲ့လိုက်တော့

အကြောင်းပြချက်တွေပေးလေ့ရှိတဲ့သူတစ်ယောက်အသက်တာမှာ ဘုရားကလည်းအောင်မြင်ခြင်းတွေပေးလေ့မရှိပါဘူး။ အလွယ်ဆုံးအလုပ်တွေထဲမှာ အကြောင်းပြချက်ပေးတာနဲ့ ဝေဖန်တာက ထိပ်ဆုံးမှာ နေရာယူထားပါတယ်။ အပြစ်သားတစ်ယောက် ယေရှုရဲ့အသွေးနဲ့ဆေး ကြောပြီးတော့ အပြစ်ခွင့်လွှတ်ခြင်းခံရပြီး ဘုရားသား တစ်ယောက်ဖြစ်လာတဲ့အခါမှာ သေပြီးရင်ကောင်းကင်သွားဖို့ပဲလုံး၀မဟုတ်ပါဘူး။ လောကမှ နေထိုင်အသက်ရှင်စဉ်မှာ ဘုရားထားတဲ့ အကြံအစည်ကို ပြီးပြည့်စုံဖို့အတွက် သိပ်ကိုအရေးကြီးပါတယ်။ ဘုရားကသူ့သား သမီးတစ်ယောက်စီတိုင်းအပေါ်မှာ တိကျတဲ့ရည်ရွယ် ချက်အကြံအစည် ရှိပြီးသားပါ။ လူတချို့ကတော့ဆင် ခြေပေးတယ်၊ အဲ့ဒီအလိုတော်နဲ့အကြံအစည်က သူတို့လုံး၀မသိရပါဘူးဆိုပြီးတော့။ တကယ်တော့ မသိတာ မဟုတ်ပါဘူး မသိချင်ယောင်ဆောင်ကြတာပါ။ သိချင်ရင်အလွယ်လေးပါ အဲ့ဒီအကြံအစည်နဲ့အလိုတော်ကို လမ်းပြဖို့အတွက် အနီးဆုံးကတော့ နှုတ်ကပတ်တော်ပါပဲ။ အဲ့ဒီနှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ပြီးတော့ဆင်ခြင်တဲ့သူတစ်ယောက်အတွက်ကတော့တစ်နေ့တခြား ဘုရားအလိုတော်ကို ပိုမိုသဘောပေါက်လာမှာ သေချာတယ်။ နောက်အများကြီးသိဖို့ထက် သိတဲ့အရာလေးကို လက်တွေအသက်ရှင်ဖို့နဲ့ ပြန်လည်ဝေငှဖို့အတွက်တကယ်ကိုအရေးကြီးတယ်။ ဖတ်ပြီးတော့ လက်တွေ့မရှိတဲ့အသက်တာနဲ့ပြန်လည်ဝေငှခြင်းမရှိတဲ့အသက်တာက ဘယ်တော့မှ တိုးတက်ကြီးပွားလေ့မရှိတတ်ပါဘူး။ ကျွန်တော်အ သက်(၁၆)နှစ်မှာ ကယ်တင်ခြင်းကိုလက်ခံခဲ့ပြီးအသက်တာပြောင်းလဲခဲ့ပါတယ်။ အသက်တာပြောင်းလဲပြီးတဲ့နေ့မှာပင် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်လေ့လာဖတ်ရှုခြင်းကို စတင်လုပ်ဆောင်ခဲ့ပြီး အခြားသူများကိုဝေငှသက်သေခံခြင်းကိုလည်း နောက်နေ့မှာပင်စတင်ခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝိညာဉ်ရေးရာကြီးထွားခြင်းနဲ့ဘုရားရဲ့အမှုတော်မြတ်မှာရွေးချယ်ခြင်းကို ဘာကြောင့်တိတိ ကျကျသိခွင့်ရခဲ့သလဲဆိုရင်တော့ရှင်းပါတယ်၊ သိတဲ့အရာလေးအနည်းငယ်ကိုလက်တွေ့လုပ်ဆောင်လို့ပါပဲ။ မိမိပတ်ဝန်းကျင်ကလူငယ်များကို ကိုယ်ဖတ်ထားတဲ့နှုတ်ကပတ်တော်များ၊အသက်တာမှာဘုရားပြုတဲ့အရာများကို ဝေငှခဲ့တယ်။ အဲ့ဒီအကျိုးကျေးဇူးက ကိုယ်တိုင်ဝိညာဉ်ရေးရာအသက်တာကြီးထွားခြင်းပါပဲ။ အများကြီးသိမှ၊ ပြည့်စုံတော့မှ မဟုတ်ပါဘူး။ ကိုယ်သိတဲ့အရာ ကိုယ်နားလည်သလောက်လေး ဝေငှခဲ့တာပါ။ ဒါကိုက အရမ်းကိုထိရောက်ခဲ့တယ်ဆိုတာကို လက်တွေ့အသက်တာမှာမြင်ခဲ့ရတယ်။ လူတွေဘုရားအကြံအစည်ကို မသိရခြင်းက အားလုံးသိမှ၊ ပြည့်စုံမှ လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ကူးရယ်၊ တချို့ကတော့လဲ အချိန်မရှိခြင်းကိုအ ကြောင်းပြခြင်းကြောင့်ပါ။ နှုတ်ကပတ်တော်ထဲမှာလည်း ရှင်ပေါလုက သူ့ရဲ့ဝိညာဉ်သားဖြစ်တဲ့တိမောသေကို အသက်ရှင်စဉ်မှာ လုပ်ကိုလုပ်ရမယ့် အရာကိုရှင်းလင်းပြတ်သားစွာမှာကြားခဲ့တယ်မဟုတ်လား။ တိမောသေဟာငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တဲ့သင်းအုပ်ဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ အကြောင်းကဘာလဲ သူရဲ့ဝိညာဉ်ရေးရာခေါင်းဆောင်ရဲ့မိန့်မှာချက်ကို လိုက်နာဆောင်ရွက်ခဲ့လို့ဆိုတာ ငြင်းစရာမရှိဘူး။ ဒါကြောင့်အသက်တာမှာ အကြောင်းပြချက်တွေကိုထားခဲ့ကြပီးတော့ လက်တွေ့နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာပြီးတော့ ကိုယ်သိတဲ့အရာလေးကို ဘေးပတ်ဝန်းကျင်မှာ နည်းလမ်းပေါင်းစုံနဲ့ပြန်လည်ဝေငှသက်သေခံဖို့ ဒီနေ့ပဲစလိုက်ရအောင်။





Zawgyi

အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်(၆)

“နှုတ်ကပတ်တရားတော်ကိုပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။-” ၂တိ ၄:၂


အကြောင်းပြချက်တွေကိုထားခဲ့လိုက်တော့

အကြောင်းပြချက်တွေပေးလေ့ရှိတဲ့သူတစ်ယောက်အသက်တာမှာ ဘုရားကလည်း အောင်မြင်ခြင်းတွေပေးလေ့မရှိပါဘူး။ အလွယ်ဆုံးအလုပ်တွေထဲမှာ အကြောင်းပြချက်ပေးတာနဲ့ ဝေဖန်တာက ထိပ်ဆုံးမှာ နေရာယူထားပါတယ်။ အပြစ်သားတစ်ယောက် ယေရှုရဲ့အသွေးနဲ့ဆေး ကြောပြီးတော့ အပြစ်ခွင့်လွှတ်ခြင်းခံရပြီး ဘုရားသား တစ်ယောက်ဖြစ်လာတဲ့အခါမှာ သေပြီးရင်ကောင်းကင်သွားဖို့ပဲလုံး၀မဟုတ်ပါဘူး။ လောကမှ နေထိုင်အသက်ရှင်စဉ်မှာ ဘုရားထားတဲ့ အကြံအစည်ကို ပြီးပြည့်စုံဖို့အတွက် သိပ်ကိုအရေးကြီးပါတယ်။ ဘုရားကသူ့သား သမီးတစ်ယောက်စီတိုင်းအပေါ်မှာ တိကျတဲ့ရည်ရွယ် ချက်အကြံအစည် ရှိပြီးသားပါ။ လူတချို့ကတော့ဆင် ခြေပေးတယ်၊ အဲ့ဒီအလိုတော်နဲ့အကြံအစည်က သူတို့လုံး၀မသိရပါဘူးဆိုပြီးတော့။ တကယ်တော့ မသိတာ မဟုတ်ပါဘူး မသိချင်ယောင်ဆောင်ကြတာပါ။ သိချင်ရင်အလွယ်လေးပါ အဲ့ဒီအကြံအစည်နဲ့အလိုတော်ကို လမ်းပြဖို့အတွက် အနီးဆုံးကတော့ နှုတ်ကပတ်တော်ပါပဲ။ အဲ့ဒီနှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ပြီးတော့ဆင်ခြင်တဲ့သူတစ်ယောက်အတွက်ကတော့တစ်နေ့တခြား ဘုရားအလိုတော်ကို ပိုမိုသဘောပေါက်လာမှာ သေချာတယ်။ နောက်အများကြီးသိဖို့ထက် သိတဲ့အရာလေးကို လက်တွေအသက်ရှင်ဖို့နဲ့ ပြန်လည်ဝေငှဖို့အတွက်တကယ်ကိုအရေးကြီးတယ်။ ဖတ်ပြီးတော့ လက်တွေ့မရှိတဲ့အသက်တာနဲ့ပြန်လည်ဝေငှခြင်းမရှိတဲ့အသက်တာက ဘယ်တော့မှ တိုးတက်ကြီးပွားလေ့မရှိတတ်ပါဘူး။ ကျွန်တော်အ သက်(၁၆)နှစ်မှာ ကယ်တင်ခြင်းကိုလက်ခံခဲ့ပြီးအသက်တာပြောင်းလဲခဲ့ပါတယ်။ အသက်တာပြောင်းလဲပြီးတဲ့နေ့မှာပင် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်လေ့လာဖတ်ရှုခြင်းကို စတင်လုပ်ဆောင်ခဲ့ပြီး အခြားသူများကိုဝေငှသက်သေခံခြင်းကိုလည်း နောက်နေ့မှာပင်စတင်ခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝိညာဉ်ရေးရာကြီးထွားခြင်းနဲ့ဘုရားရဲ့အမှုတော်မြတ်မှာရွေးချယ်ခြင်းကို ဘာကြောင့်တိတိ ကျကျသိခွင့်ရခဲ့သလဲဆိုရင်တော့ရှင်းပါတယ်၊ သိတဲ့အရာလေးအနည်းငယ်ကိုလက်တွေ့လုပ်ဆောင်လို့ပါပဲ။ မိမိပတ်ဝန်းကျင်ကလူငယ်များကို ကိုယ်ဖတ်ထားတဲ့နှုတ်ကပတ်တော်များ၊အသက်တာမှာဘုရားပြုတဲ့အရာများကို ဝေငှခဲ့တယ်။ အဲ့ဒီအကျိုးကျေးဇူးက ကိုယ်တိုင်ဝိညာဉ်ရေးရာအသက်တာကြီးထွားခြင်းပါပဲ။ အများကြီးသိမှ၊ ပြည့်စုံတော့မှ မဟုတ်ပါဘူး။ ကိုယ်သိတဲ့အရာ ကိုယ်နားလည်သလောက်လေး ဝေငှခဲ့တာပါ။ ဒါကိုက အရမ်းကိုထိရောက်ခဲ့တယ်ဆိုတာကို လက်တွေ့အသက်တာမှာမြင်ခဲ့ရတယ်။ လူတွေဘုရားအကြံအစည်ကို မသိရခြင်းက အားလုံးသိမှ၊ ပြည့်စုံမှ လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ကူးရယ်၊ တချို့ကတော့လဲ အချိန်မရှိခြင်းကိုအ ကြောင်းပြခြင်းကြောင့်ပါ။ နှုတ်ကပတ်တော်ထဲမှာလည်း ရှင်ပေါလုက သူ့ရဲ့ဝိညာဉ်သားဖြစ်တဲ့တိမောသေကို အသက်ရှင်စဉ်မှာ လုပ်ကိုလုပ်ရမယ့် အရာကိုရှင်းလင်းပြတ်သားစွာမှာကြားခဲ့တယ်မဟုတ်လား။ တိမောသေဟာငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တဲ့သင်းအုပ်ဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ အကြောင်းကဘာလဲ သူရဲ့ဝိညာဉ်ရေးရာခေါင်းဆောင်ရဲ့မိန့်မှာချက်ကို လိုက်နာဆောင်ရွက်ခဲ့လို့ဆိုတာ ငြင်းစရာမရှိဘူး။ ဒါကြောင့်အသက်တာမှာ အကြောင်းပြချက်တွေကိုထားခဲ့ကြပီးတော့ လက်တွေ့နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာပြီးတော့ ကိုယ်သိတဲ့အရာလေးကို ဘေးပတ်ဝန်းကျင်မှာ နည်းလမ်းပေါင်းစုံနဲ့ပြန်လည်ဝေငှသက်သေခံဖို့ ဒီနေ့ပဲစလိုက်ရအောင်။

3 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube