Search
  • Than Min Htike

အားကြီးတဲ့သူ



"အားနည်းသောသူက၊ ငါအားကြီးသည်ဟုပြောဆိုစဉ်။"(ယောလ ၃:၁၀)

လူတွေက နှိမ့်ချခြင်းနဲ့ မှားယွင်းစွာဝန်ခံခြင်းကိုမခွဲခြားတတ်ဘူး။ သူတို့အသုံးမကျတဲ့အကြောင်း၊ဘာမှ အသုံးမဝင်ကြောင်း လူရှေ့မှာတွင်တွင်ပြောဆိုတာကို နှိမ့်ချလွန်းလှပြီလို့အထင်မှတ်မှားနေကြတယ်။ တကယ်တော့ ကိုယ့်ဘဝကို အောက်ရောက်

အောင်တွန်းပို့နေတယ်ဆိုတာ မသိကြဘူး။ တကယ်တော့ ကျွန် တော်တို့ဟာ ဘာမှမဟုတ်ပေမယ့်အရာခပ်သိမ်းဖြစ်နိုင်၊ တတ်နိုင်တဲ့ ဘုရား ကျွန်တော်တို့အထဲမှာရှိနေတယ်မဟုတ်လား။ ကျွန်တော်လည်းတစ်ချိန်က ဆင်းရဲသား စိတ်ဓါတ်နဲ့ အသက်ရှင်ဖူးတယ်။ ပိုက်ဆံ မရှိတာ မဟုတ်ဘူး၊ စိတ်ဓါတ် အောက်ကျစွာအသက်ရှင်တာပါ။ လူနေချုံကြား စိတ်နေဘုံဖျား ဆိုသလို သင်ဘယ်လောက်ပိုက်ဆံ ရှိရှိမရှိရှိ စိတ်ဓါတ်ကတော့ မြင့်မားဖို့လိုတယ်။ လူတွေက သင့်ဆီကနေ မတော်ကြောင်း၊ မတတ်ကြောင်းကြားရရင် သဘော ကျပေမယ့် ဘုရားကတော့ တစ်ချ်ိန်လုံး အနုတ်လက္ခဏာတွေပဲပြောဆိုပြီးစ်ိတ်ဓါတ်အောက်ရောက်နေတဲ့ သူ့သားမဖြစ်စေချင်တာတော့သေချာတယ်။ နှုတ်ကပတ်တော်ကဒီလိုသွန်သင်တယ် အခြေအနေရ သင်ဟာအားနည်းသူနွမ်းပါးသူ ဖြစ်ကောင်းဖြစ်မယ် သို့ပေမယ့် ဒီအခြေ အနေကိုပြောဖို့မဟုတ်ပဲ သင့်အထဲမှာရှိတဲ့ ဘုရားကိုကြည့်ပြီးတော့ ပြောဆိုဝန်ခံဖို့သင်ပေးတယ်။ ခွန်အားနည်းသူဟာ ငါအားကြီးတယ်လို့ ဝန်ခံရမယ်လို့ဆိုတယ်။ ဒါဟာ မာနကြီးတာမဟုတ်ပဲ ဘုရားကိုစိတ်ချပြီးတော့ယုံကြည်ခြင်းနဲ့ပြောဆိုနေခြင်းပါ။ဆင်းရဲသားကလည်း ငါဟာဆင်းရဲတယ်လို့ တချိန်လုံးဝန်ခံမနေပဲ ဘုရားရဲ့ဘုန်းတန်ခိုးစံပါယ်တဲ့စည်းစိမ်ရှိတယ်လို့ ယုံကြည်ခြင်းနဲ့ဝန်ခံရဲဖို့ လိုပါတယ်။ ဒါဟာ တခြားစိတ်ကြောင့်မဟုတ်ပဲ နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းသက်သက်ပင်ဖြစ်တယ်။ မကျန်းမာသူကလည်း ငါဒီရောဂါကနေ လွတ်ပါ့မလားလို့ ရေရွတ်နေမယ့်အစား ခရစ်တော်ရဲ့ဒဏ်ချက်တော်အားဖြင့်ကျန်းမာပြီလို့ ပြောထုတ်ရမှာဖြစ်တယ်။ ဒါဝိဒ်ဟာ ဂေါလျက်နဲ့ရင်ဆိုင်တဲ့အခါမှာ ဂေါလျက်လည်ပင်းကိုဖြတ်မယ်လို့ပြောတဲ့ အခါမှာသူ့ဆီမှာ ဘာထားမှမပါပဲကျောက်စ ရစ်သာ ရှိခဲ့တယ်။ ဖြတ်ဖို့ပါတာ၊ မပါတာ အသာထား သူပြောတဲ့အတိုင်းသူလုပ်နိုင်ခဲ့တယ်။ ဂိဒေါင်ဟာလည်း ရန်သူဆီသွားတာ ထားမပါပေမယ့် ထာဝရဘုရားနဲ့ဂိဒေါင်ရဲ့ ထားလို့ ကြွေးကြော်ခဲ့တယ်။ ဒါဆို သူတို့လိမ်နေတာလား၊ မဟုတ်ပါဘူး။ သူတို့ကြွေးကြော်တဲ့အတိုင်း သူတို့ဟာ အသက်တာမှာလုပ်ပြနိုင်ခဲ့တယ်။ သင်ရောဘာတွေပြောနေလဲ။ မကောင်းတာပဲပြော မကောင်းတာပဲတွေးရင် မကောင်းတာပဲဖြစ်လာတာ ဘာစမ်းသလဲ။



Zawgyi

အားႀကီးတဲ့သူ


"အားနည္းေသာသူက၊ ငါအားႀကီးသည္ဟုေျပာဆိုစဥ္။"(ေယာလ ၃:၁၀)

လူေတြက ႏွိမ့္ခ်ျခင္းနဲ႔ မွားယြင္းစြာဝန္ခံျခင္းကိုမခြဲျခားတတ္ဘူး။ သူတို႔အသုံးမက်တဲ့အေၾကာင္း၊ဘာမွ အသုံးမဝင္ေၾကာင္း လူေ႐ွ႕မွာတြင္တြင္ေျပာဆိုတာကို ႏွိမ့္ခ်လြန္းလွၿပီလို႔အထင္မွတ္မွားေနၾကတယ္။ တကယ္ေတာ့ ကိုယ့္ဘဝကို ေအာက္ေရာက္

ေအာင္တြန္းပို႔ေနတယ္ဆိုတာ မသိၾကဘူး။ တကယ္ေတာ့ ကြၽန္ ေတာ္တို႔ဟာ ဘာမွမဟုတ္ေပမယ့္အရာခပ္သိမ္းျဖစ္ႏိုင္၊ တတ္ႏိုင္တဲ့ ဘုရား ကြၽန္ေတာ္တို႔အထဲမွာ႐ွိေနတယ္မဟုတ္လား။ ကြၽန္ေတာ္လည္းတစ္ခ်ိန္က ဆင္းရဲသား စိတ္ဓါတ္နဲ႔ အသက္႐ွင္ဖူးတယ္။ ပိုက္ဆံ မ႐ွိတာ မဟုတ္ဘူး၊ စိတ္ဓါတ္ ေအာက္က်စြာအသက္႐ွင္တာပါ။ လူေနခ်ံဳၾကား စိတ္ေနဘုံဖ်ား ဆိုသလို သင္ဘယ္ေလာက္ပိုက္ဆံ ႐ွိ႐ွိမ႐ွိ႐ွိ စိတ္ဓါတ္ကေတာ့ ျမင့္မားဖို႔လိုတယ္။ လူေတြက သင့္ဆီကေန မေတာ္ေၾကာင္း၊ မတတ္ေၾကာင္းၾကားရရင္ သေဘာ က်ေပမယ့္ ဘုရားကေတာ့ တစ္ခ်္ိန္လုံး အႏုတ္လကၡဏာေတြပဲေျပာဆိုၿပီးစ္ိတ္ဓါတ္ေအာက္ေရာက္ေနတဲ့ သူ႕သားမျဖစ္ေစခ်င္တာေတာ့ေသခ်ာတယ္။ ႏႈတ္ကပတ္ေတာ္ကဒီလိုသြန္သင္တယ္ အေျခအေနရ သင္ဟာအားနည္းသူႏြမ္းပါးသူ ျဖစ္ေကာင္းျဖစ္မယ္ သို႔ေပမယ့္ ဒီအေျခ အေနကိုေျပာဖို႔မဟုတ္ပဲ သင့္အထဲမွာ႐ွိတဲ့ ဘုရားကိုၾကည့္ၿပီးေတာ့ ေျပာဆိုဝန္ခံဖို႔သင္ေပးတယ္။ ခြန္အားနည္းသူဟာ ငါအားႀကီးတယ္လို႔ ဝန္ခံရမယ္လို႔ဆိုတယ္။ ဒါဟာ မာနႀကီးတာမဟုတ္ပဲ ဘုရားကိုစိတ္ခ်ၿပီးေတာ့ယုံၾကည္ျခင္းနဲ႔ေျပာဆိုေနျခင္းပါ။ဆင္းရဲသားကလည္း ငါဟာဆင္းရဲတယ္လို႔ တခ်ိန္လုံးဝန္ခံမေနပဲ ဘုရားရဲ႕ဘုန္းတန္ခိုးစံပါယ္တဲ့စည္းစိမ္႐ွိတယ္လို႔ ယုံၾကည္ျခင္းနဲ႔ဝန္ခံရဲဖို႔ လိုပါတယ္။ ဒါဟာ တျခားစိတ္ေၾကာင့္မဟုတ္ပဲ ႏႈတ္ကပတ္ေတာ္ကိုယုံၾကည္ျခင္းသက္သက္ပင္ျဖစ္တယ္။ မက်န္းမာသူကလည္း ငါဒီေရာဂါကေန လြတ္ပါ့မလားလို႔ ေရ႐ြတ္ေနမယ့္အစား ခရစ္ေတာ္ရဲ႕ဒဏ္ခ်က္ေတာ္အားျဖင့္က်န္းမာၿပီလို႔ ေျပာထုတ္ရမွာျဖစ္တယ္။ ဒါဝိဒ္ဟာ ေဂါလ်က္နဲ႔ရင္ဆိုင္တဲ့အခါမွာ ေဂါလ်က္လည္ပင္းကိုျဖတ္မယ္လို႔ေျပာတဲ့ အခါမွာသူ႕ဆီမွာ ဘာထားမွမပါပဲေက်ာက္စ ရစ္သာ ႐ွိခဲ့တယ္။ ျဖတ္ဖို႔ပါတာ၊ မပါတာ အသာထား သူေျပာတဲ့အတိုင္းသူလုပ္ႏိုင္ခဲ့တယ္။ ဂိေဒါင္ဟာလည္း ရန္သူဆီသြားတာ ထားမပါေပမယ့္ ထာဝရဘုရားနဲ႔ဂိေဒါင္ရဲ႕ ထားလို႔ ေႂကြးေၾကာ္ခဲ့တယ္။ ဒါဆို သူတို႔လိမ္ေနတာလား၊ မဟုတ္ပါဘူး။ သူတို႔ေႂကြးေၾကာ္တဲ့အတိုင္း သူတို႔ဟာ အသက္တာမွာလုပ္ျပႏိုင္ခဲ့တယ္။ သင္ေရာဘာေတြေျပာေနလဲ။ မေကာင္းတာပဲေျပာ မေကာင္းတာပဲေတြးရင္ မေကာင္းတာပဲျဖစ္လာတာ ဘာစမ္းသလဲ။

0 views0 comments