Search
  • Than Min Htike

အောင်မြင်ချင်တယ်ဆိုရင်

“အ​မျက်​ထွက်​ရာ​တွင် အ​ပြစ်​မ​ရှိ​စေ​နှင့်။- အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​နှင့်။ မာရ်​နတ်​ကို အ​ခွင့်​မ​ပေး​ကြ​နှင့်။-” (ဧဖက်၄:၂၆-၂၇)


ဒေါသကိုထိန်းချုပ်ပါ

လူတွေက အရာခပ်သိမ်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ကိုယ့်ဒေါသကိုတော့ထိန်းချုပ်ဖို့အတွက် မေ့နေကြတယ်။ အားလုံးကိုထိန်းချုပ်နိုင်တာ ကောင်းပါတယ်၊ ဒါပေမယ့်ကိုယ့်ရဲ့ ဒေါသကို မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ ဘာမှ ထူးမှာမဟုတ်ဘူး။ ဘာပဲလုပ်လုပ် ခံစားချက်နဲ့လုပ်တာထက် ခံယူချက်နဲ့လုပ်တတ်တဲ့သူကအမြဲတမ်းအရှေ့ရောက်တယ်။ ကိုယ့်ခံစားချက်ပေါ်မှာမူတည်ပြီးတော့ ဒေါသအလျောက်လုပ်တဲ့သူက ဘယ်တော့မှ ထိပ်ဆုံးကိုရောက်မှာမဟုတ်ဘူး။ ရန်သူစာတန်ရဲ့ ရှေးထုံးစံတိုက်ကွက်ကတော့ တစ်ပုံစံထဲပဲ။ ကျွန်တော်တို့ကိုဒေါသထွက်အောင်လုပ်မယ် အဲ့ဒီဒေါသနဲ့အလျောက်ပြုမူဆောက်ရွက်ပြီးတော့ ပြိုလဲကျသွားအောင်ရည်ရွယ်တာပါ။ ရန်သူရဲ့ အကြံအစည်နဲ့ တိုက်ကွက်ကိုမသိရင်တော့ အရှုံးတွေထဲကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူး။


ဒေါသထွက်ရင်ရှုံးပြီ

တောင်ကြီးမှာ အမှုတော်ဆောင်ရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့အရာလေးတစ်ခုကို မှတ်မိသေးတယ်။ မနက်စောစော ကျွန်တော်ဝိညာဉ်ဖခင်က ဖုန်းဆက်လာတယ်။ သူကအမြဲဖုန်းဆက်နေကျမဟုတ်ပေမယ့်ဘုရားဆီက ထူးထူးခြားခြားဖွင့်ပြချက်တွေ ဒါမှမဟုတ် ဘုရားစကားပြောတဲ့ အချိန်မျိုးတွေဆို ဖုန်းခေါ်နေကြ။ သူထံကနေ ဘုရားရဲ့သတိပေးချက်ရောက်လာတယ်။ ဒေါသမထွက်နဲ့တဲ့ ဒေါသထွက်အောင်စာတန်က နည်းမျိုးစုံနဲ့ လုပ်လိမ့်မယ်။ ဒေါသထွက်တာနဲ့ ရှုံးပြီတဲ့။ ပုံမှန်ဆိုရင်တော့ အမြဲဒေါသထွက်လေ့ရှိတဲ့သူမျိုးတော့မဟုတ်ပေမယ့် လူငယ်ဆိုတော့ တခါတလေ စိတ်က အရမ်းမြန်တတ်တယ်။ အဲ့ဒီအချိန်ကလည်း တောင်ကြီးမှာ နိုးထမှုလုပ်ဖို့အတွက် အသင်းတော်ပေါင်းစုံအစည်းအဝေးလုပ်ဖို့ စီစဉ်နေတဲ့အချိန်။ ဒါနဲ့ ဆရာ့ဆီကနေသတင်းစကားကြားပြီးမကြာဘူး အစည်းအဝေးမှာ ကြုံလို့လာတက်တဲ့ဆရာတစ်ယောက်ဆီကနေ မထင်မှတ်ပဲ တိုက်ခိုက်မှုကို လူရှေ့မှာကြုံလိုက်ရတယ်။ တကယ်ဆိုရင် သူက ဒီအစည်းအဝေးနဲ့ဘာမှမဆိုင်။ လမ်းကြုံလို့ ဝင်လာရင်းနဲ့ လေ့လာတဲ့သဘောနဲ့ ပါဝင်တာ။ အဲ့ဒါကို မကျေနပ်တာတွေနဲ့အားလုံး ဆိုင်တာရောမဆိုင်တာရော အစည်းဝေးကြီးမှာ ပြောချလာတယ်။လူ့အနေနဲ့ ပြောရင်တော့ ခံစားဖို့တော်တော်ခက်တဲ့အရာပဲ။ သူ ပြောသမျှ ပြန်ဖြေရှင်းမယ်ဆိုရင်လည်းဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ဘုရားက ဆရာ့အားဖြင့် ကြိုတင်သတိပေးထားပြီးသားမဟုတ်လား။ ဒေါသထွက်ရင် ရှုံးမယ်တဲ့။ စာတန်က ဒေါသထွက်အောင်ပဲလုပ်တာ။ အဲ့ဒါကိုမသိပဲ ဒေါသနဲ့ဖြေရှင်းမိတယ်ဆိုရင်တော့ သေချာပေါက်သူ့ ကျော့ကွင်းထဲရောက်တော့မှာ။ အဲ့ဒီနေ့တော့ ဘာမှ မဖြေရှင်းနေတော့ပဲပြုံးပြုံးလေးနဲ့ကျေးဇူးတင်တဲ့အကြောင်းပဲပြောခဲ့တယ်။ သူ့နဲ့အတူလာတဲ့လူကတောင် မခံနိုင်လို့ ထပြီးတော့ ကိုယ်စားထရှင်းပေးသေးတယ်။ တခါတလေ ရှင်းပြတာထက် ရှင်ပြတာက ပိုကောင်းတယ်ဆိုတာ ကျွန်တော်လက်စွဲခံယူချက်ပါပဲ။ အဲ့ဒီနေ့တော့ အရင်ကထက် အောင်မြင်တဲ့သူတစ်ယောက်အနေနဲ့ အစည်းအဝေးထဲကနေထွက်လာခဲ့နိုင်တယ်။ တလုံးမကျန် ပြန်ဖြေရှင်းခဲ့လို့မဟုတ်ပဲ ဒေါသကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့လို့ပါ။ ဒါကြောင့် ဘာပဲလုပ်လုပ် ဒေါသမပါပဲ ဖြေရှင်းနိုင်ဖို့ အရမ်းကိုအရေးကြီးတယ်။ မဟုတ်ရင်တော့ ဘယ်တော့မှ ထိရောက်တဲ့အောင်မြင်မှုမျိုးကို ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး။



Zawgyi

ေအာင္ျမင္ခ်င္တယ္ဆိုရင္

“အ​မ်က္​ထြက္​ရာ​တြင္ အ​ျပစ္​မ​႐ွိ​ေစ​ႏွင့္။- အ​မ်က္​မ​ေျပ​ဘဲ ေန​မ​ဝင္​ေစ​ႏွင့္။ မာရ္​နတ္​ကို အ​ခြင့္​မ​ေပး​ၾက​ႏွင့္။-” (ဧဖက္၄:၂၆-၂၇)


ေဒါသကိုထိန္းခ်ဳပ္ပါ

လူေတြက အရာခပ္သိမ္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ တိုးတက္ေနတဲ့ေခတ္ႀကီးထဲမွာ ကိုယ့္ေဒါသကိုေတာ့ထိန္းခ်ဳပ္ဖို႔အတြက္ ေမ့ေနၾကတယ္။ အားလုံးကိုထိန္းခ်ဳပ္ႏိုင္တာ ေကာင္းပါတယ္၊ ဒါေပမယ့္ကိုယ့္ရဲ႕ ေဒါသကို မထိန္းခ်ဳပ္ႏိုင္ဘူးဆိုရင္ေတာ့ ဘာမွ ထူးမွာမဟုတ္ဘူး။ ဘာပဲလုပ္လုပ္ ခံစားခ်က္နဲ႔လုပ္တာထက္ ခံယူခ်က္နဲ႔လုပ္တတ္တဲ့သူကအၿမဲတမ္းအေ႐ွ႕ေရာက္တယ္။ ကိုယ့္ခံစားခ်က္ေပၚမွာမူတည္ၿပီးေတာ့ ေဒါသအေလ်ာက္လုပ္တဲ့သူက ဘယ္ေတာ့မွ ထိပ္ဆုံးကိုေရာက္မွာမဟုတ္ဘူး။ ရန္သူစာတန္ရဲ႕ ေ႐ွးထုံးစံတိုက္ကြက္ကေတာ့ တစ္ပုံစံထဲပဲ။ ကြၽန္ေတာ္တို႔ကိုေဒါသထြက္ေအာင္လုပ္မယ္ အဲ့ဒီေဒါသနဲ႔အေလ်ာက္ျပဳမူေဆာက္႐ြက္ၿပီးေတာ့ ၿပိဳလဲက်သြားေအာင္ရည္႐ြယ္တာပါ။ ရန္သူရဲ႕ အၾကံအစည္နဲ႔ တိုက္ကြက္ကိုမသိရင္ေတာ့ အ႐ႈံးေတြထဲကေန ႐ုန္းထြက္ႏိုင္မွာမဟုတ္ဘူး။


ေဒါသထြက္ရင္႐ႈံးၿပီ

ေတာင္ႀကီးမွာ အမႈေတာ္ေဆာင္ရင္းနဲ႔ၾကဳံေတြ႕ခဲ့ရတဲ့အရာေလးတစ္ခုကို မွတ္မိေသးတယ္။ မနက္ေစာေစာ ကြၽန္ေတာ္ဝိညာဥ္ဖခင္က ဖုန္းဆက္လာတယ္။ သူကအၿမဲဖုန္းဆက္ေနက်မဟုတ္ေပမယ့္ဘုရားဆီက ထူးထူးျခားျခားဖြင့္ျပခ်က္ေတြ ဒါမွမဟုတ္ ဘုရားစကားေျပာတဲ့ အခ်ိန္မ်ိဳးေတြဆို ဖုန္းေခၚေနၾက။ သူထံကေန ဘုရားရဲ႕သတိေပးခ်က္ေရာက္လာတယ္။ ေဒါသမထြက္နဲ႔တဲ့ ေဒါသထြက္ေအာင္စာတန္က နည္းမ်ိဳးစုံနဲ႔ လုပ္လိမ့္မယ္။ ေဒါသထြက္တာနဲ႔ ႐ႈံးၿပီတဲ့။ ပုံမွန္ဆိုရင္ေတာ့ အၿမဲေဒါသထြက္ေလ့႐ွိတဲ့သူမ်ိဳးေတာ့မဟုတ္ေပမယ့္ လူငယ္ဆိုေတာ့ တခါတေလ စိတ္က အရမ္းျမန္တတ္တယ္။ အဲ့ဒီအခ်ိန္ကလည္း ေတာင္ႀကီးမွာ ႏိုးထမႈလုပ္ဖို႔အတြက္ အသင္းေတာ္ေပါင္းစုံအစည္းအေဝးလုပ္ဖို႔ စီစဥ္ေနတဲ့အခ်ိန္။ ဒါနဲ႔ ဆရာ့ဆီကေနသတင္းစကားၾကားၿပီးမၾကာဘူး အစည္းအေဝးမွာ ၾကဳံလို႔လာတက္တဲ့ဆရာတစ္ေယာက္ဆီကေန မထင္မွတ္ပဲ တိုက္ခိုက္မႈကို လူေ႐ွ႕မွာၾကဳံလိုက္ရတယ္။ တကယ္ဆိုရင္ သူက ဒီအစည္းအေဝးနဲ႔ဘာမွမဆိုင္။ လမ္းၾကဳံလို႔ ဝင္လာရင္းနဲ႔ ေလ့လာတဲ့သေဘာနဲ႔ ပါဝင္တာ။ အဲ့ဒါကို မေက်နပ္တာေတြနဲ႔အားလုံး ဆိုင္တာေရာမဆိုင္တာေရာ အစည္းေဝးႀကီးမွာ ေျပာခ်လာတယ္။လူ႕အေနနဲ႔ ေျပာရင္ေတာ့ ခံစားဖို႔ေတာ္ေတာ္ခက္တဲ့အရာပဲ။ သူ ေျပာသမွ် ျပန္ေျဖ႐ွင္းမယ္ဆိုရင္လည္းေျဖ႐ွင္းႏိုင္ပါတယ္။ ဒါေပမယ့္ ဘုရားက ဆရာ့အားျဖင့္ ႀကိဳတင္သတိေပးထားၿပီးသားမဟုတ္လား။ ေဒါသထြက္ရင္ ႐ႈံးမယ္တဲ့။ စာတန္က ေဒါသထြက္ေအာင္ပဲလုပ္တာ။ အဲ့ဒါကိုမသိပဲ ေဒါသနဲ႔ေျဖ႐ွင္းမိတယ္ဆိုရင္ေတာ့ ေသခ်ာေပါက္သူ႕ ေက်ာ့ကြင္းထဲေရာက္ေတာ့မွာ။ အဲ့ဒီေန႔ေတာ့ ဘာမွ မေျဖ႐ွင္းေနေတာ့ပဲျပဳံးျပဳံးေလးနဲ႔ေက်းဇူးတင္တဲ့အေၾကာင္းပဲေျပာခဲ့တယ္။ သူ႕နဲ႔အတူလာတဲ့လူကေတာင္ မခံႏိုင္လို႔ ထၿပီးေတာ့ ကိုယ္စားထ႐ွင္းေပးေသးတယ္။ တခါတေလ ႐ွင္းျပတာထက္ ႐ွင္ျပတာက ပိုေကာင္းတယ္ဆိုတာ ကြၽန္ေတာ္လက္စြဲခံယူခ်က္ပါပဲ။ အဲ့ဒီေန႔ေတာ့ အရင္ကထက္ ေအာင္ျမင္တဲ့သူတစ္ေယာက္အေနနဲ႔ အစည္းအေဝးထဲကေနထြက္လာခဲ့ႏိုင္တယ္။ တလုံးမက်န္ ျပန္ေျဖ႐ွင္းခဲ့လို႔မဟုတ္ပဲ ေဒါသကို ေကာင္းမြန္စြာ ထိန္းခ်ဳပ္ႏိုင္ခဲ့လို႔ပါ။ ဒါေၾကာင့္ ဘာပဲလုပ္လုပ္ ေဒါသမပါပဲ ေျဖ႐ွင္းႏိုင္ဖို႔ အရမ္းကိုအေရးႀကီးတယ္။ မဟုတ္ရင္ေတာ့ ဘယ္ေတာ့မွ ထိေရာက္တဲ့ေအာင္ျမင္မႈမ်ိဳးကို ပိုင္ဆိုင္ႏိုင္မွာမဟုတ္ဘူး။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube