Search
  • Than Min Htike

အောင်မြင်ချင်တယ်ဆိုရင်(၂)

“မော​ရှေ​စေ​လွှတ်​သော​အ​ခွင့်​နှင့် ခါ​နာန်​ပြည်​ကို စူး​စမ်း၍​ပြန်​လာ​သော​အ​ခါ၊ ထို​ပြည်​ကို​ကဲ့​ရဲ့​သ​ဖြင့် ပ​ရိ​သတ်​အ​ပေါင်း မြည်​တမ်း​စေ​ခြင်း​ငှာ တိုက်​တွန်း​သော​သူ၊ ခါ​နာန်​ပြည်​ကို မ​ကောင်း​သော​သ​တင်း ကြား​ပြော​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကာ​လ​နာ​ဘေး​နှင့် သေ​ကြ​လေ၏။ ထို​ပြည်​ကို​စူး​စမ်း၍ သွား​သော​လူ​တို့​တွင် နုန်၏​သား​ယော​ရှု​နှင့် ယေ​ဖု​န္န၏​သား​ကာ​လက်​တို့​သာ အ​သက်​ချမ်း​သာ​ရ​ကြ၏။”(တော၁၄:၃၆-၃၈)


ကိစ္စတစ်ခုဖြစ်တဲ့အခါမှာ ရှုံးနိမ့်မယ့်သူက အခြားသူတွေကိုအပြစ်တင်တယ်၊ ဘာဆက်လုပ်ရမှန်းမသိတဲ့သူက ကိုယ့်ဟာကိုယ်အပြစ်တင်တတ်တယ်။ အောင်မြင်ပြီးတိုးတက်သွားမယ့်သူကတော့ ဒီကိစ္စထဲကနေ ဘယ်လိုအကောင်းဆုံးလုပ်ရမလည်းဆိုတာကို မြင်ပြီးတော့ ကြုံရတဲ့အရာတွေအတွက် ကျေးဇူးတင်တတ်တယ်။ တကယ်တော့ အောင်မြင်တဲ့သူဆိုတာ ချို(ဂျို)မပါပါဘူး။ ခြေတစ်ဖက် လက်တစ်ဖက်လည်းအပိုမရှိဘူး။ သူတို့အခြားသူတွေနဲ့မတူတဲ့အရာကတော့ ဘာပဲလုပ်လုပ် အကောင်းမြင်တဲ့စိတ်လေးနဲ့ အကောင်းဆုံးလုပ်တတ်တာလေးပဲ ပိုတာပါ။


အပြစ်မြင်နေလို့ရောဘာထူးမှာလဲ

ဣသရေလ လူမျိုးတွေ ဘုရားပေးတဲ့ဂတိတော်ကိုဝင်စားခါနီးမှာ ခါနန်ပြည်ကို လေ့လာပြီးတော့ ပြန်လာတဲ့သူလျှို(၁၀)ယောက်ရဲ့ သတင်းဆိုးကို ကြားခဲ့ရတယ်။ တကယ်တော့ (၁၂) စလုံးက အတူတူသွား အတူတူ မြင်ခဲ့ကြတာပါ။ ဒါပေမယ့်ကြည့်တာခြင်းတူပြီး မြင်တာမတူခဲ့ဘူး။ ဆုံးရှုံးမယ့်ခေါင်းဆောင်တွေကတော့ တချိန်လုံး အဆိုးတွေကိုပဲမြင်ခဲ့၊ မှတ်မိခဲ့ပြီး ပြန်ပြောခဲ့ကြတယ်။ မဖြစ်နိုင်ဘူး မလုပ်နိုင်ဘူးနဲ့ သူတို့ ပျက်ဆီးမယ့်အရာတွေကိုပဲ တွေးခေါ်ခဲ့ပြီး သူတို့ အတွေးအခေါ် ရှိတဲ့အတိုင်းပြန်ပြောခဲ့ကြတယ်။ ဒီအရာကို ယုံခဲ့တဲ့သူတွေကလည်းရှေ့တိုးဖို့ထက် နောက်ဆုတ်ဖို့ကိုပဲ အားသန်လာခဲ့တယ်။ ဘုရား သူတို့က သွားကြည့်ခိုင်းတဲ့ရည်ရွယ်ချက်က ဘယ်လောက်ကောင်းသလဲဆိုတာကို မြင်ဖို့ပါ။ ဒါပေမယ့်သူတို့ မြင်ခဲ့ကြတာက ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာကိုပဲမြင်ခဲ့ကြတယ်။ ဝမ်းနည်းဖို့ ဘယ်လောက်ကောင်းလိုက်သလဲ။ ဒါပေမယ့် သူတို့နဲ့မတူတဲ နှစ်ယောက်ကတော့ အခြားသောသူတွေ မမြင်တဲ့ ရှုထောင့်ကနေ မြင်ခဲ့တယ်။ သူတို့မှာ အမှီမရှိဘူး။ ဒီနေရာကိုဘုရားက အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာပါပဲ။ ကောင်းတဲ့အရာတွေကို ရရှိပိုင်ဆိုင်ဖို့ဆိုတာ အချောင်တော့ဘယ်ရမလဲ။ တိုက်ပွဲလေးတော့ရှိတာပေါ့။ ဒါမှ မကြုံချင်လည်း အချောင်သမားပဲဖြစ်လာတော့မှာပေါ့။ ဘယ်တော့မှ ကြီးထွားတဲ့သူ တစ်ယောက်ဖြစ်လာတော့မှာမဟုတ်ဘူး။ ဒါကြောင့် ဘယ်ကိစ္စပဲကြုံကြုံ ကိုယ်မြင်တဲ့အမြင်က သိပ်ကိုအရေးကြီးတယ်။ အဲ့ဒီအမြင်က ကိုယ့်အနာဂတ်ကို ဆုံးဖြတ်ပေးတယ်။ နောက်ဆုံး ဘယ်‌လောက်တောင်ဆိုးသလဲဆိုရင် အကောင်းမြင်တဲ့သူတွေကိုတောင် ရှင်းပစ်ဖို့အထိ ဖြစ်ခဲ့တယ်။ ဒီအချိန်မှာလည်းအရေးဆုံးက အကောင်းမြင်တဲ့သူတွေ အကောင်းပြောတဲ့သူတွေပါ။ ကိုယ်ဘာလုပ်သလဲဆိုတာထက် ဘယ်သူကိုမဆိုအ ကောင်းမြင်နိုင်ဖို့ အကောင်းပြောနိုင်ဖို့ကသိပ်ကိုအရေးကြီးတယ်။ ကိုယ်နဲ့အမြင်မတူတဲ့သူတွေ၊ ကိုယ့်လိုမလုပ်တဲ့သူတွေလည်းရှိမယ်။ ဒါအရေးမကြီးပါဘူး။ လူတိုင်းက ကိုယ့်အမြင်အတိုင်းပဲ အဖြေထွက်ကြမယ့်သူတွေချည်းပဲ။ သူတို့ကိုအပြစ်တင်နေလို့လည်းသူတို့က ပြောင်းလဲလာမှာမဟုတ်ဘူး။ ကိုယ့်ဆီကတောင် ကောင်းတဲ့အရာတွေက ပြောင်းလဲသွားကုန်မှာ။ ဒါကြောင့် အရေးကြီးဆုံးက အောင်မြင်ချင်တယ်ဆိုရင်ဘယ်သူ့ကိုမှ မကောင်းမြင်တာ၊ မကောင်းပြောတာ မလုပ်ဖို့လိုသလို၊ ကိုယ့်ဟာကိုယ်လဲည်းအဆိုးမြင်ပြီ စိတ်ဓါတ်ကျမနေနဲ့။ အကောင်းဆုံးလုပ်ပေးမယ့် ဘုရားကိုပဲစိတ်ချပြီး တော့ရှေ့ဆက်ပါ။



Zawgyi

ေအာင္ျမင္ခ်င္တယ္ဆိုရင္(၂)

“ေမာ​ေ႐ွ​ေစ​လႊတ္​ေသာ​အ​ခြင့္​ႏွင့္ ခါ​နာန္​ျပည္​ကို စူး​စမ္း၍​ျပန္​လာ​ေသာ​အ​ခါ၊ ထို​ျပည္​ကို​ကဲ့​ရဲ႕​သ​ျဖင့္ ပ​ရိ​သတ္​အ​ေပါင္း ျမည္​တမ္း​ေစ​ျခင္း​ငွာ တိုက္​တြန္း​ေသာ​သူ၊ ခါ​နာန္​ျပည္​ကို မ​ေကာင္း​ေသာ​သ​တင္း ၾကား​ေျပာ​ေသာ​သူ​တို႔​သည္၊ ထာ​ဝ​ရ​ဘု​ရား​ေ႐ွ႕​ေတာ္၌ ကာ​လ​နာ​ေဘး​ႏွင့္ ေသ​ၾက​ေလ၏။ ထို​ျပည္​ကို​စူး​စမ္း၍ သြား​ေသာ​လူ​တို႔​တြင္ ႏုန္၏​သား​ေယာ​႐ႈ​ႏွင့္ ေယ​ဖု​ႏၷ၏​သား​ကာ​လက္​တို႔​သာ အ​သက္​ခ်မ္း​သာ​ရ​ၾက၏။”(ေတာ၁၄:၃၆-၃၈)


ကိစၥတစ္ခုျဖစ္တဲ့အခါမွာ ႐ႈံးနိမ့္မယ့္သူက အျခားသူေတြကိုအျပစ္တင္တယ္၊ ဘာဆက္လုပ္ရမွန္းမသိတဲ့သူက ကိုယ့္ဟာကိုယ္အျပစ္တင္တတ္တယ္။ ေအာင္ျမင္ၿပီးတိုးတက္သြားမယ့္သူကေတာ့ ဒီကိစၥထဲကေန ဘယ္လိုအေကာင္းဆုံးလုပ္ရမလည္းဆိုတာကို ျမင္ၿပီးေတာ့ ၾကဳံရတဲ့အရာေတြအတြက္ ေက်းဇူးတင္တတ္တယ္။ တကယ္ေတာ့ ေအာင္ျမင္တဲ့သူဆိုတာ ခ်ိဳ(ဂ်ိဳ)မပါပါဘူး။ ေျခတစ္ဖက္ လက္တစ္ဖက္လည္းအပိုမ႐ွိဘူး။ သူတို႔အျခားသူေတြနဲ႔မတူတဲ့အရာကေတာ့ ဘာပဲလုပ္လုပ္ အေကာင္းျမင္တဲ့စိတ္ေလးနဲ႔ အေကာင္းဆုံးလုပ္တတ္တာေလးပဲ ပိုတာပါ။


အျပစ္ျမင္ေနလို႔ေရာဘာထူးမွာလဲ

ဣသေရလ လူမ်ိဳးေတြ ဘုရားေပးတဲ့ဂတိေတာ္ကိုဝင္စားခါနီးမွာ ခါနန္ျပည္ကို ေလ့လာၿပီးေတာ့ ျပန္လာတဲ့သူလွ်ိဳ(၁၀)ေယာက္ရဲ႕ သတင္းဆိုးကို ၾကားခဲ့ရတယ္။ တကယ္ေတာ့ (၁၂) စလုံးက အတူတူသြား အတူတူ ျမင္ခဲ့ၾကတာပါ။ ဒါေပမယ့္ၾကည့္တာျခင္းတူၿပီး ျမင္တာမတူခဲ့ဘူး။ ဆုံး႐ႈံးမယ့္ေခါင္းေဆာင္ေတြကေတာ့ တခ်ိန္လုံး အဆိုးေတြကိုပဲျမင္ခဲ့၊ မွတ္မိခဲ့ၿပီး ျပန္ေျပာခဲ့ၾကတယ္။ မျဖစ္ႏိုင္ဘူး မလုပ္ႏိုင္ဘူးနဲ႔ သူတို႔ ပ်က္ဆီးမယ့္အရာေတြကိုပဲ ေတြးေခၚခဲ့ၿပီး သူတို႔ အေတြးအေခၚ ႐ွိတဲ့အတိုင္းျပန္ေျပာခဲ့ၾကတယ္။ ဒီအရာကို ယုံခဲ့တဲ့သူေတြကလည္းေ႐ွ႕တိုးဖို႔ထက္ ေနာက္ဆုတ္ဖို႔ကိုပဲ အားသန္လာခဲ့တယ္။ ဘုရား သူတို႔က သြားၾကည့္ခိုင္းတဲ့ရည္႐ြယ္ခ်က္က ဘယ္ေလာက္ေကာင္းသလဲဆိုတာကို ျမင္ဖို႔ပါ။ ဒါေပမယ့္သူတို႔ ျမင္ခဲ့ၾကတာက ဘယ္ေတာ့မွ မျဖစ္ႏိုင္ဘူးဆိုတာကိုပဲျမင္ခဲ့ၾကတယ္။ ဝမ္းနည္းဖို႔ ဘယ္ေလာက္ေကာင္းလိုက္သလဲ။ ဒါေပမယ့္ သူတို႔နဲ႔မတူတဲ ႏွစ္ေယာက္ကေတာ့ အျခားေသာသူေတြ မျမင္တဲ့ ႐ႈေထာင့္ကေန ျမင္ခဲ့တယ္။ သူတို႔မွာ အမွီမ႐ွိဘူး။ ဒီေနရာကိုဘုရားက အေကာင္းဆုံးျပင္ဆင္ထားတယ္ဆိုတာပါပဲ။ ေကာင္းတဲ့အရာေတြကို ရ႐ွိပိုင္ဆိုင္ဖို႔ဆိုတာ အေခ်ာင္ေတာ့ဘယ္ရမလဲ။ တိုက္ပြဲေလးေတာ့႐ွိတာေပါ့။ ဒါမွ မၾကဳံခ်င္လည္း အေခ်ာင္သမားပဲျဖစ္လာေတာ့မွာေပါ့။ ဘယ္ေတာ့မွ ႀကီးထြားတဲ့သူ တစ္ေယာက္ျဖစ္လာေတာ့မွာမဟုတ္ဘူး။ ဒါေၾကာင့္ ဘယ္ကိစၥပဲၾကဳံၾကဳံ ကိုယ္ျမင္တဲ့အျမင္က သိပ္ကိုအေရးႀကီးတယ္။ အဲ့ဒီအျမင္က ကိုယ့္အနာဂတ္ကို ဆုံးျဖတ္ေပးတယ္။ ေနာက္ဆုံး ဘယ္‌ေလာက္ေတာင္ဆိုးသလဲဆိုရင္ အေကာင္းျမင္တဲ့သူေတြကိုေတာင္ ႐ွင္းပစ္ဖို႔အထိ ျဖစ္ခဲ့တယ္။ ဒီအခ်ိန္မွာလည္းအေရးဆုံးက အေကာင္းျမင္တဲ့သူေတြ အေကာင္းေျပာတဲ့သူေတြပါ။ ကိုယ္ဘာလုပ္သလဲဆိုတာထက္ ဘယ္သူကိုမဆိုအ ေကာင္းျမင္ႏိုင္ဖို႔ အေကာင္းေျပာႏိုင္ဖို႔ကသိပ္ကိုအေရးႀကီးတယ္။ ကိုယ္နဲ႔အျမင္မတူတဲ့သူေတြ၊ ကိုယ့္လိုမလုပ္တဲ့သူေတြလည္း႐ွိမယ္။ ဒါအေရးမႀကီးပါဘူး။ လူတိုင္းက ကိုယ့္အျမင္အတိုင္းပဲ အေျဖထြက္ၾကမယ့္သူေတြခ်ည္းပဲ။ သူတို႔ကိုအျပစ္တင္ေနလို႔လည္းသူတို႔က ေျပာင္းလဲလာမွာမဟုတ္ဘူး။ ကိုယ့္ဆီကေတာင္ ေကာင္းတဲ့အရာေတြက ေျပာင္းလဲသြားကုန္မွာ။ ဒါေၾကာင့္ အေရးႀကီးဆုံးက ေအာင္ျမင္ခ်င္တယ္ဆိုရင္ဘယ္သူ႕ကိုမွ မေကာင္းျမင္တာ၊ မေကာင္းေျပာတာ မလုပ္ဖို႔လိုသလို၊ ကိုယ့္ဟာကိုယ္လဲည္းအဆိုးျမင္ၿပီ စိတ္ဓါတ္က်မေနနဲ႔။ အေကာင္းဆုံးလုပ္ေပးမယ့္ ဘုရားကိုပဲစိတ္ခ်ၿပီး ေတာ့ေ႐ွ႕ဆက္ပါ။

1 view0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube