Search
  • Than Min Htike

အောင်မြင်ချင်တယ်ဆိုရင်(၃)

ကိုယ့်အလုပ် သူ့အလုပ်

မြန်မြန်သွားချင်တယ်ဆိုရင် တစ်ယောက်ထဲသွား၊ ဝေးဝေးသွားချင်တယ်ဆိုရင်အဖွဲ့ နဲ့သွား။ ဒီစကားလေးက အသင်းအဖွဲ့ရဲ့ အရေးကြီးမှုကို မီးမောင်းထိုးပြထားတဲ့ ဆရာကြီးတစ်ယောက်ရဲ့အဆိုအမိန့်ပဲ။ ဒီဘက်ခေတ်ကာလမှာတစ်ယောက်ကောင်း၊ တစ်ဦးကောင်းနဲ့ ဘယ်အလုပ်ကိုမှ ရေရှည်အောင်မြင်အောင် မစွမ်းဆောင်နိုင်တော့ဘူးဆိုတာ လူတိုင်းနီးပါးလက်ခံလာကြပြီ။ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲအရည်အချင်းရှိရှိ အားနည်းချက်ဆိုတာ ရှိစမြဲပဲမဟုတ်လား။ ဒါကြောင့် အသင်းအဖွဲ့ ရှိတဲ့အခါမှာတော့ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က ဖြည့်ပေးလို့ရတယ်။ ဒါကြောင့် ကိုယ်နဲ့ရည်ရွယ်ချက်တူ ပန်းတိုင်တူတဲ့သူတွေ သဘောတူပြီးတော့အတူတူ လက်တွဲလုပ်ဆောင်လေလေ အောင်မြင်မှုပန်းတိုင် ရောက်လေလေပါပဲ။ ဒါပေမယ့်အရေးကြီးဆုံးကတော့ ကိုယ့်အလုပ်သူ့အလုပ်ကို သဘောပေါက်ပြီးတော့တစ်ယောက်ရဲ့လုပ်ဆောင်မှုကို တစ်ယောက်က အပြစ်မပြောပဲ လေးစားအသိအမှတ်ပြုပေးဖို့လိုတယ်။ မဟုတ်ဘူးဆိုရင် ဘယ်တော့မှ စည်းလုံးမှုမရနိုင်ပဲ အောင်မြင်မှုပန်းတိုင်ကိုရောက်မှာမဟုတ်ဘူး။တစ်ယောက်ကိုတစ်ယောက် အသိမှတ်ပြုပေးခြင်းနှင့် လက်ခံခြင်းက သိပ်ကိုအရေးကြီးတယ်။

ဣသရေလ လူမျိုးတွေ ခါနန်ပြည်ကိုသွားတဲ့ခရီးစဉ်မှာ အာမလက်လူတွေနဲ့စစ်ခင်းဖို့ဖြစ်လာတဲ့အခါမှာ မောရှေက တောင်ပေါ်မှာ လက်မြှောက်ပြီးတော့ဦးဆောင်တယ် ရှေ့တန်းမှာတော့ ယောရှုက စစ်ချီရတယ်။ နောက် အာရုဏ်နဲ့ဟုရကတော့ မောရှေရဲ့ လက်ကို မြှောက်နိုင်ဖို့အတွက် ဘေးကနေ ကူညီရတယ်။ ဒီနေရာမှာ ဘယ်သူက ပိုအရေးကြီးသလဲဆိုတာ မရှိပါဘူး။ အရေးကြီးတာ ကြုံရတဲ့ ပြဿနာပေါ်မှာ ဘုရားပေးတဲ့နည်းလမ်းအတိုင်း လုပ်ဆောင်ရခြင်းသာဖြစ်တယ်။ အဲ့ဒီလုပ်ဆောင်ခြင်းမှာလည်းဘယ်သူကတော့ပိုလုပ်ရတယ် ဘယ်သူကတော့သက်သာတယ်ဆိုတာမရှိပါဘူး။ အာရုဏ်နဲ့ဟုရကသက်သာလိုက်တာ ဘေးကနေ မောရှေလက်ကိုမြှောက်ပေးရုံပဲဆိုတာလည်းမရှိဘူး။ မောရှေလက်က ဒီတိုက်ပွဲရဲ့ အောင်မြင်ခြင်း၊ရှုံးနိမ့်ခြင်းအတွက် အဓီက အမှတ်အသားဖြစ်စေတယ် ဘုရားက။ မောရှေလက်မြှောက်ရင် ယောရှုက စစ်နိုင်တယ်။ လက်ချလိုက်တိုင်းမှာ သူတို့ နောက်ဆုတ်ရတယ်။ အဲ့ဒီလို မြှောက်ထားနိုင်ဖို့ကလည်းသူတစ်ယောက်ထဲ အစွမ်းအစနဲ့မရပြန်ဘူး။ ဒါကြောင့် အာရုဏ်နဲ့ဟုရအခန်းကဏ္ဍကိုလည်းမေ့ထားလို့မရဘူး။ အားလုံးကိုခြုံငုံကြည့်ရင် ကိုယ့်ကဏ္ဍကိုယ် အကောင်းဆုံး လုပ်ဆောင်ဖို့ပဲဆိုတာတွေ့ရတယ်။ ဘယ်သူ့ဘယ်သူမှ အပိုလုပ်တယ်ဆိုတာ မရှိပါဘူး။အရေးကြီးဆုံးက တစ်ယောက်ကို တစ်ယောက်အပြစ်မတင်ပဲ ကျရာကဏ္ဍမှာ အကောင်းဆုံး လုပ်ဆောင်ဖို့ပဲမဟုတ်လား။ ဒီနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေလည်းဒီအတိုင်းပါပဲ။ဆုတောင်းရမယ့်သူတွေရှိတယ်။ ရှေ့ဆုံးကနေရင်ဆိုင်ရမယ်သူတွေရှိတယ်။ ငွေကြေးနဲ့ကူညီထောက်မ ပေးရမယ့်သူတွေရှိသလို အားပေးစကားနဲ့ လူတွေကို စိတ်ဓါတ်မကျစေဖို့ ဘုရားခန့်ထားတဲ့သူတွေရှိတယ်။အားလုံးက အရေးကြီးတဲ့သူတွေပါပဲ။ တစ်ယောက်ကိုတစ်ယောက်အပြစ်ပြောပြီး တိုက်ခိုက်နေမယ်၊ စိတ်ဝမ်းကွဲနေမယ်ဆိုရင် လိုရာခရီးရောက်မှာမဟုတ်ဘူး။ အားလုံးက အချင်းချင်းလိုအပ်နေတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်မပြောမိစေနဲ့။



Zawgyi

ေအာင္ျမင္ခ်င္တယ္ဆိုရင္(၃)


ကိုယ့္အလုပ္ သူ႕အလုပ္

ျမန္ျမန္သြားခ်င္တယ္ဆိုရင္ တစ္ေယာက္ထဲသြား၊ ေဝးေဝးသြားခ်င္တယ္ဆိုရင္အဖြဲ႕ နဲ႔သြား။ ဒီစကားေလးက အသင္းအဖြဲ႕ရဲ႕ အေရးႀကီးမႈကို မီးေမာင္းထိုးျပထားတဲ့ ဆရာႀကီးတစ္ေယာက္ရဲ႕အဆိုအမိန္႔ပဲ။ ဒီဘက္ေခတ္ကာလမွာတစ္ေယာက္ေကာင္း၊ တစ္ဦးေကာင္းနဲ႔ ဘယ္အလုပ္ကိုမွ ေရ႐ွည္ေအာင္ျမင္ေအာင္ မစြမ္းေဆာင္ႏိုင္ေတာ့ဘူးဆိုတာ လူတိုင္းနီးပါးလက္ခံလာၾကၿပီ။ ဘယ္ေလာက္ပဲေတာ္ေတာ္၊ ဘယ္ေလာက္ပဲအရည္အခ်င္း႐ွိ႐ွိ အားနည္းခ်က္ဆိုတာ ႐ွိစၿမဲပဲမဟုတ္လား။ ဒါေၾကာင့္ အသင္းအဖြဲ႕ ႐ွိတဲ့အခါမွာေတာ့ တစ္ေယာက္ရဲ႕အားနည္းခ်က္ကို တစ္ေယာက္က ျဖည့္ေပးလို႔ရတယ္။ ဒါေၾကာင့္ ကိုယ္နဲ႔ရည္႐ြယ္ခ်က္တူ ပန္းတိုင္တူတဲ့သူေတြ သေဘာတူၿပီးေတာ့အတူတူ လက္တြဲလုပ္ေဆာင္ေလေလ ေအာင္ျမင္မႈပန္းတိုင္ ေရာက္ေလေလပါပဲ။ ဒါေပမယ့္အေရးႀကီးဆုံးကေတာ့ ကိုယ့္အလုပ္သူ႕အလုပ္ကို သေဘာေပါက္ၿပီးေတာ့တစ္ေယာက္ရဲ႕လုပ္ေဆာင္မႈကို တစ္ေယာက္က အျပစ္မေျပာပဲ ေလးစားအသိအမွတ္ျပဳေပးဖို႔လိုတယ္။ မဟုတ္ဘူးဆိုရင္ ဘယ္ေတာ့မွ စည္းလုံးမႈမရႏိုင္ပဲ ေအာင္ျမင္မႈပန္းတိုင္ကိုေရာက္မွာမဟုတ္ဘူး။တစ္ေယာက္ကိုတစ္ေယာက္ အသိမွတ္ျပဳေပးျခင္းႏွင့္ လက္ခံျခင္းက သိပ္ကိုအေရးႀကီးတယ္။

ဣသေရလ လူမ်ိဳးေတြ ခါနန္ျပည္ကိုသြားတဲ့ခရီးစဥ္မွာ အာမလက္လူေတြနဲ႔စစ္ခင္းဖို႔ျဖစ္လာတဲ့အခါမွာ ေမာေ႐ွက ေတာင္ေပၚမွာ လက္ေျမႇာက္ၿပီးေတာ့ဦးေဆာင္တယ္ ေ႐ွ႕တန္းမွာေတာ့ ေယာ႐ႈက စစ္ခ်ီရတယ္။ ေနာက္ အာ႐ုဏ္နဲ႔ဟုရကေတာ့ ေမာေ႐ွရဲ႕ လက္ကို ေျမႇာက္ႏိုင္ဖို႔အတြက္ ေဘးကေန ကူညီရတယ္။ ဒီေနရာမွာ ဘယ္သူက ပိုအေရးႀကီးသလဲဆိုတာ မ႐ွိပါဘူး။ အေရးႀကီးတာ ၾကဳံရတဲ့ ျပႆနာေပၚမွာ ဘုရားေပးတဲ့နည္းလမ္းအတိုင္း လုပ္ေဆာင္ရျခင္းသာျဖစ္တယ္။ အဲ့ဒီလုပ္ေဆာင္ျခင္းမွာလည္းဘယ္သူကေတာ့ပိုလုပ္ရတယ္ ဘယ္သူကေတာ့သက္သာတယ္ဆိုတာမ႐ွိပါဘူး။ အာ႐ုဏ္နဲ႔ဟုရကသက္သာလိုက္တာ ေဘးကေန ေမာေ႐ွလက္ကိုေျမႇာက္ေပး႐ုံပဲဆိုတာလည္းမ႐ွိဘူး။ ေမာေ႐ွလက္က ဒီတိုက္ပြဲရဲ႕ ေအာင္ျမင္ျခင္း၊႐ႈံးနိမ့္ျခင္းအတြက္ အဓီက အမွတ္အသားျဖစ္ေစတယ္ ဘုရားက။ ေမာေ႐ွလက္ေျမႇာက္ရင္ ေယာ႐ႈက စစ္ႏိုင္တယ္။ လက္ခ်လိုက္တိုင္းမွာ သူတို႔ ေနာက္ဆုတ္ရတယ္။ အဲ့ဒီလို ေျမႇာက္ထားႏိုင္ဖို႔ကလည္းသူတစ္ေယာက္ထဲ အစြမ္းအစနဲ႔မရျပန္ဘူး။ ဒါေၾကာင့္ အာ႐ုဏ္နဲ႔ဟုရအခန္းက႑ကိုလည္းေမ့ထားလို႔မရဘူး။ အားလုံးကိုျခဳံငုံၾကည့္ရင္ ကိုယ့္က႑ကိုယ္ အေကာင္းဆုံး လုပ္ေဆာင္ဖို႔ပဲဆိုတာေတြ႕ရတယ္။ ဘယ္သူ႕ဘယ္သူမွ အပိုလုပ္တယ္ဆိုတာ မ႐ွိပါဘူး။အေရးႀကီးဆုံးက တစ္ေယာက္ကို တစ္ေယာက္အျပစ္မတင္ပဲ က်ရာက႑မွာ အေကာင္းဆုံး လုပ္ေဆာင္ဖို႔ပဲမဟုတ္လား။ ဒီေန႔ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြလည္းဒီအတိုင္းပါပဲ။ဆုေတာင္းရမယ့္သူေတြ႐ွိတယ္။ ေ႐ွ႕ဆုံးကေနရင္ဆိုင္ရမယ္သူေတြ႐ွိတယ္။ ေငြေၾကးနဲ႔ကူညီေထာက္မ ေပးရမယ့္သူေတြ႐ွိသလို အားေပးစကားနဲ႔ လူေတြကို စိတ္ဓါတ္မက်ေစဖို႔ ဘုရားခန္႔ထားတဲ့သူေတြ႐ွိတယ္။အားလုံးက အေရးႀကီးတဲ့သူေတြပါပဲ။ တစ္ေယာက္ကိုတစ္ေယာက္အျပစ္ေျပာၿပီး တိုက္ခိုက္ေနမယ္၊ စိတ္ဝမ္းကြဲေနမယ္ဆိုရင္ လိုရာခရီးေရာက္မွာမဟုတ္ဘူး။ အားလုံးက အခ်င္းခ်င္းလိုအပ္ေနတဲ့သူေတြခ်ည္းပါပဲ။ ဒါေၾကာင့္ ဘယ္သူ႕ကိုမွ အျပစ္မေျပာမိေစနဲ႔။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube