Search
  • Than Min Htike

အောင်မြင်ချင်တယ်ဆိုရင်(၄)


“မ​တ​ရား​သော​သူ​တို့​၏ တိုက်​တွန်း​ခြင်း​သို့​မ​လိုက်၊ လူ​ဆိုး​တို့၏ လမ်း​တွင်​မ​ရပ်​မ​နေ၊ မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့၏ အ​စည်း​အ​ဝေး​၌​မ​ထိုင်၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​၌ မွေ့​လျော်​၍၊ တ​ရား​တော်​ကို နေ့​ည​မ​ပြတ်​ဆင်​ခြင်​အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မြစ်​နား​မှာ​စိုက်​လျက် မိ​မိ​အ​ချိန်​တန်​မှ အ​သီး​ကို​သီး​၍၊ အ​ရွက်​မ​ညှိုး​နွမ်း​တတ်​သော အ​ပင်​နှင့်​တူ၏။ ပြု​လေ​သ​မျှ​တို့​၌ အောင်​လိမ့်​သ​တည်း။”(ဆာလံ ၁:၁-၃)


အောင်မြင်ခြင်းဆိုတာ မွေးရာပါလာတဲ့အရာတစ်ခုမဟုတ်သလို၊ မျက်စိလည်လမ်းမှားပြီးတော့ကိုယ့်ဆီရောက်လာမယ့် အရာတစ်ခုလည်းမဟုတ်ဘူးဆိုတာ သိထားဖို့တော့လိုတယ်။ လူတွေက အောင်မြင်ခြင်းကို မွေးကတည်းကပါတဲ့သူပဲ အောင်မြင်နိုင်တယ်လို့ထင်တတ်ကြသလို၊ တနေ့ငါ့ဆီရောက်လာမှာပဲဆိုပြီးတော့လည်းတလွဲမြင်ပြီးတော့ ထိုင်စောင့်နေတတ်ကြတယ်။ တကယ်တော့မဟုတ်ဘူး ဆာလံဆရာကတော့ ပြုလေသမျှမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အကြံကောင်းပေးထားတယ်။


မလိုက်၊ မရပ်၊ မထိုင်

အောင်မြင်ခြင်းမှာ ဆောင်ရမယ့်အရာတွေရှိသလို၊ရှောင်ရမယ့်အရာတွေလည်းရှိနေတယ်။ ဒါကို သူက မီးမောင်းထိုးပြတယ်။ တချို့ကဆောင်ရမယ့်အရာတွေကိုသိပြီး လုပ်ပေမယ့် ရှောင်ရမယ့်အရာတွေကို သတိမထားမိတတ်ကြတော့ လမ်းခုလတ်မှာ ခြေချော်ပြီးလဲတတ်ကြတယ်။ ဆာလံဆရာပေးတဲ့ ပထမဆုံး အကြံကတော့ မတရားတဲ့သူတွေရဲ့တိုက်တွန်းခြင်းကိုမလိုက်ဖို့ပါပဲ။ အခုချိန်မှာ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ စတဲ့ တိုက်တွန်းပြောတဲ့စကားတွေ အများကြီးကြားပါလိမ့်မယ်။ ဘယ်ဟာမှန်လို့ ဘယ်ဟာမှားမှန်းတောင် ရွေးဖို့ခက်ပါတယ်။ အရေးကြီးတာကတိုက်တွန်းတဲ့သူကိုသေချာသိဖို့လိုတယ်။ ဘယ်လိုလူက တိုက်တွန်းတဲ့စကားလည်းပေါ့။ ဒီအချိန်မှာ မတရားတဲ့ သူတစ်ယောက်ရဲ့စကားကို နားများထောင်မိလို့ကတော့ သင့်ဘ၀ အောင်မြင်ခြင်းဆီကိုရောက်တော့မှာမဟုတ်ဘူးဆိုတာကို သိထားဖို့လိုတယ်။ ဒုတိယတစ်ခုကတော့ လူဆိုးတွေရဲ့လမ်းမှာမရပ်ဖို့ပါ။ အောင်မြင်ခြင်းဆီကိုရောက်ဖို့က ကိုယ် လျှောက်တဲ့လမ်းကလည်း အရမ်းကိုအရေး ကြီးလွန်းပြန်ရော။ ကိုယ်နားထောင်တဲ့သူ အရေးကြီးသလို၊ ကိုယ်လျှောက်တဲ့လမ်းကလည်းအရေးကြီးတယ်။ လူဆိုးတွေကတော့အမြဲတမ်း ဖြတ်လမ်း၊အလွယ်လမ်းကိုလိုက်တတ်ကြတယ်။ တကယ်တော့ ဘုရားလမ်းကိုပဲ လိုက်ဖို့အရေးကြီးတယ်။ အခက် အခဲတွေကြုံတဲ့အခါမှာ ဘုရားနဲ့မှန်ကန်တဲ့သူတွေ ဘယ်လို လမ်းကိုရွေးချယ်ခဲ့သလဲဆိုတာကို အမြဲတမ်း ရှေးရှုဖို့လိုတယ်။ လမ်းရွေးမမှားစေချင်ဘူး။ နောက်တစ်ခုကတော့ မထီမဲ့မြင်ပြုသောသူတွေရဲ့အစည်းအဝေးပါ။ မဟုတ်တဲ့သူတွေရဲ့ စကားလေးကိုနား ထောင်မိပြီိဆိုတာနဲ့ လမ်းမှားသွားနိုင်ပြီတော့ ကိုယ်ရဲ့ရပ်တည် ချက်နဲ့ အသိုင်းအဝိုင်းကပါ ပြောင်းသွားနိုင်တယ်ဆိုတာကို ဒီနေရာက မီးမောင်းထိုးပြထားတယ်။ ပြုလေသမျှကို အောင်ဖို့အတွက် ကိုယ်နဲ့လက်တွဲလုပ်ဆောင်မယ့်သူတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ်ဆိုတာ သိထားပါ။ မှားယွင်းတဲ့ဘုရားသဘောမကျတဲ့ အုပ်စုမှာ ကိုယ်ကသွားပါပြီဆိုရင် တကယ်လို့များကိုယ်က မှန်နေရင်တောင်အသင်း အဖွဲ့မှားနေတာဖြစ်တဲ့အတွက် ကိုယ့်အပေါ်မှာ အဲ့ဒီရဲ့သက်ရောက်မှုရှိတယ်ဆိုတာကို သိထားဖို့လိုတယ်။ ဒါကြောင့် ရှောင်သင့်တဲ့အရာကိုတော့အခုကတည်းက သေချာ ကြည့်ရှောင်ထားပါ။ ဒါမှပဲ ပြုလေသမျှ အောင်မယ့် သူတစ်ယောက်ဖြစ်လာစေမှာပါ။



Zawgyi

ေအာင္ျမင္ချင္တယ္ဆိုရင္(၄)

“မ​တ​ရား​ေသာ​သူ​တို႔​၏ တိုက္​တြန္း​ျခင္း​သို႔​မ​လိုက္၊ လူ​ဆိုး​တို႔၏ လမ္း​တြင္​မ​ရပ္​မ​ေန၊ မ​ထီ​မဲ့​ျမင္​ျပဳ​ေသာ သူ​တို႔၏ အ​စည္း​အ​ေဝး​၌​မ​ထိုင္၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​ေတာ္​၌ ေမြ႕​ေလ်ာ္​၍၊ တ​ရား​ေတာ္​ကို ေန႔​ည​မ​ျပတ္​ဆင္​ျခင္​ေအာက္​ေမ့​ေသာ​သူ​သည္ မဂၤ​လာ​႐ွိ​၏။ အ​ေၾကာင္း​မူ​ကား၊ ထို​သူ​သည္ ျမစ္​နား​မွာ​စိုက္​လ်က္ မိ​မိ​အ​ခ်ိန္​တန္​မွ အ​သီး​ကို​သီး​၍၊ အ​႐ြက္​မ​ညိႇဳး​ႏြမ္း​တတ္​ေသာ အ​ပင္​ႏွင့္​တူ၏။ ျပဳ​ေလ​သ​မွ်​တို႔​၌ ေအာင္​လိမ့္​သ​တည္း။”(ဆာလံ ၁:၁-၃)


ေအာင္ျမင္ျခင္းဆိုတာ ေမြးရာပါလာတဲ့အရာတစ္ခုမဟုတ္သလို၊ မ်က္စိလည္လမ္းမွားၿပီးေတာ့ကိုယ့္ဆီေရာက္လာမယ့္ အရာတစ္ခုလည္းမဟုတ္ဘူးဆိုတာ သိထားဖို႔ေတာ့လိုတယ္။ လူေတြက ေအာင္ျမင္ျခင္းကို ေမြးကတည္းကပါတဲ့သူပဲ ေအာင္ျမင္ႏိုင္တယ္လို႔ထင္တတ္ၾကသလို၊ တေန႔ငါ့ဆီေရာက္လာမွာပဲဆိုၿပီးေတာ့လည္းတလြဲျမင္ၿပီးေတာ့ ထိုင္ေစာင့္ေနတတ္ၾကတယ္။ တကယ္ေတာ့မဟုတ္ဘူး ဆာလံဆရာကေတာ့ ျပဳေလသမွ်မွာ ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔အတြက္ အၾကံေကာင္းေပးထားတယ္။


မလိုက္၊ မရပ္၊ မထိုင္

ေအာင္ျမင္ျခင္းမွာ ေဆာင္ရမယ့္အရာေတြ႐ွိသလို၊ေ႐ွာင္ရမယ့္အရာေတြလည္း႐ွိေနတယ္။ ဒါကို သူက မီးေမာင္းထိုးျပတယ္။ တခ်ိဳ႕ကေဆာင္ရမယ့္အရာေတြကိုသိၿပီး လုပ္ေပမယ့္ ေ႐ွာင္ရမယ့္အရာေတြကို သတိမထားမိတတ္ၾကေတာ့ လမ္းခုလတ္မွာ ေျခေခ်ာ္ၿပီးလဲတတ္ၾကတယ္။ ဆာလံဆရာေပးတဲ့ ပထမဆုံး အၾကံကေတာ့ မတရားတဲ့သူေတြရဲ႕တိုက္တြန္းျခင္းကိုမလိုက္ဖို႔ပါပဲ။ အခုခ်ိန္မွာ ဟိုဟာလုပ္ပါ ဒီဟာလုပ္ပါ စတဲ့ တိုက္တြန္းေျပာတဲ့စကားေတြ အမ်ားႀကီးၾကားပါလိမ့္မယ္။ ဘယ္ဟာမွန္လို႔ ဘယ္ဟာမွားမွန္းေတာင္ ေ႐ြးဖို႔ခက္ပါတယ္။ အေရးႀကီးတာကတိုက္တြန္းတဲ့သူကိုေသခ်ာသိဖို႔လိုတယ္။ ဘယ္လိုလူက တိုက္တြန္းတဲ့စကားလည္းေပါ့။ ဒီအခ်ိန္မွာ မတရားတဲ့ သူတစ္ေယာက္ရဲ႕စကားကို နားမ်ားေထာင္မိလို႔ကေတာ့ သင့္ဘ၀ ေအာင္ျမင္ျခင္းဆီကိုေရာက္ေတာ့မွာမဟုတ္ဘူးဆိုတာကို သိထားဖို႔လိုတယ္။ ဒုတိယတစ္ခုကေတာ့ လူဆိုးေတြရဲ႕လမ္းမွာမရပ္ဖို႔ပါ။ ေအာင္ျမင္ျခင္းဆီကိုေရာက္ဖို႔က ကိုယ္ ေလွ်ာက္တဲ့လမ္းကလည္း အရမ္းကိုအေရး ႀကီးလြန္းျပန္ေရာ။ ကိုယ္နားေထာင္တဲ့သူ အေရးႀကီးသလို၊ ကိုယ္ေလွ်ာက္တဲ့လမ္းကလည္းအေရးႀကီးတယ္။ လူဆိုးေတြကေတာ့အၿမဲတမ္း ျဖတ္လမ္း၊အလြယ္လမ္းကိုလိုက္တတ္ၾကတယ္။ တကယ္ေတာ့ ဘုရားလမ္းကိုပဲ လိုက္ဖို႔အေရးႀကီးတယ္။ အခက္ အခဲေတြၾကဳံတဲ့အခါမွာ ဘုရားနဲ႔မွန္ကန္တဲ့သူေတြ ဘယ္လို လမ္းကိုေ႐ြးခ်ယ္ခဲ့သလဲဆိုတာကို အၿမဲတမ္း ေ႐ွး႐ႈဖို႔လိုတယ္။ လမ္းေ႐ြးမမွားေစခ်င္ဘူး။ ေနာက္တစ္ခုကေတာ့ မထီမဲ့ျမင္ျပဳေသာသူေတြရဲ႕အစည္းအေဝးပါ။ မဟုတ္တဲ့သူေတြရဲ႕ စကားေလးကိုနား ေထာင္မိၿပီိဆိုတာနဲ႔ လမ္းမွားသြားႏိုင္ၿပီေတာ့ ကိုယ္ရဲ႕ရပ္တည္ ခ်က္နဲ႔ အသိုင္းအဝိုင္းကပါ ေျပာင္းသြားႏိုင္တယ္ဆိုတာကို ဒီေနရာက မီးေမာင္းထိုးျပထားတယ္။ ျပဳေလသမွ်ကို ေအာင္ဖို႔အတြက္ ကိုယ္နဲ႔လက္တြဲလုပ္ေဆာင္မယ့္သူေတြကလည္းအေရးႀကီးတဲ့အခန္းက႑မွာပါတယ္ဆိုတာ သိထားပါ။ မွားယြင္းတဲ့ဘုရားသေဘာမက်တဲ့ အုပ္စုမွာ ကိုယ္ကသြားပါၿပီဆိုရင္ တကယ္လို႔မ်ားကိုယ္က မွန္ေနရင္ေတာင္အသင္း အဖြဲ႕မွားေနတာျဖစ္တဲ့အတြက္ ကိုယ့္အေပၚမွာ အဲ့ဒီရဲ႕သက္ေရာက္မႈ႐ွိတယ္ဆိုတာကို သိထားဖို႔လိုတယ္။ ဒါေၾကာင့္ ေ႐ွာင္သင့္တဲ့အရာကိုေတာ့အခုကတည္းက ေသခ်ာ ၾကည့္ေ႐ွာင္ထားပါ။ ဒါမွပဲ ျပဳေလသမွ် ေအာင္မယ့္ သူတစ္ေယာက္ျဖစ္လာေစမွာပါ။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube