Search
  • Than Min Htike

အားနည်းချက်တွေရှိလည်း


အားနည်းတဲ့အချက်တွေသာမတူရင်မတူမယ်၊ အားနည်းချက်ကိုယ်စီရှိကြတာတော့လူတိုင်းအတူတူပဲ။ ဘုုရားက လူကိုဖန်ဆင်းကတည်းက လူကိုဘုရားသခင်ကိုအမှီပြုပြီးတော့ ရှင်သန်ဖို့အ တွက် ဘုရားက ရည်ရွယ်ဖန်ဆင်းထားတယ်။ လူဟာ ဘုရားမပါပဲအသက်ရှင်လို့မရတာဟာ အားနည်းချက်တွေကြောင့်ပဲလို့ဆိုရမလိုပဲ။ တစ်ချို့ကအားနည်းချက်ရှိ ပေမယ့် သိပ်ပြည့်စုုသလိုလို အသက်ရှင်ကြတယ်။ တကယ်တော့အားနည်းချက်ရှိတာ ရှက်စရာမဟုတ်သလို၊ အဲ့ဒီအရာကိုပဲအကြောင်းပြပြီး အခွင့်အရေးယူဖို့လည်းမဟုတ်ပြန်ဘူး။ သင့်ရဲ့အားနည်းချက်တွေ အပေါ်မှာ ဘုရားသခင်ကိုအားကိုးခြင်းအဖြစ် ‌ပြောင်းလိုက်ရင် အားကြီးတဲ့ဘုရားတန်ခိုးတော်တွေကို သင့်အားဖြင့်လူတွေမြင်တွေ့ ဖို့ဖြစ်လာစေမယ်။ ဒီနေ့ဘုရားသခင် ကျွန်တော်ကိုအသုံးပြုခဲ့တာကိုအရင်တုန်းကတည်းက သိကျွမ်းတဲ့လူတွေကတွေ့ တော့အရမ်းအံ့သြတယ်။ သူတို့က ကျွန်တော်ဘယ်လိုလူလည်းဆိုတာဘယ်လိုအသက်ရှင်ခဲ့လဲဆိုတာ သိခဲ့ကြတဲ့လူတွေ။ ခရေစေ့တွင်းကျအကုန်သိတယ်။ ကျွန်တော်မှာ အောင်မြင်နိုင်စရာ အရည်အချင်းတွေအဲ့ဒီလောက်မရှိတာ။ ကျွန်တော်အားနည်းချက်တွေကိုသိတော့ ဒီလောက်ဘုရားအသုံးပြုတာမြင်ရတော့ ဘုရားတတ်နိုင်ခြင်းကိုမြင်ဖို့ ဖြစ်လာစေတယ်။ တကယ်တော့အားနည်းချက်မရှိလို့၊အဖက်ဖက်မှာ ပြည့်စုံနေလို့ ဘုုရားအသုံးပြုတာ ချီးမြှောက်တာ ကောင်းကြီးပေးတာ တကယ်ကိုမဟုတ်ပါ။ အဲ့ဒီအားနည်းချက်တွေ အများကြီးကို ဘုရားကိုအားကိုးဖို့အဖြစ်ပြောင်းလိုက်လို့သာ ဘုရားတန်ခိုးတော်က ကျွန်တော်အပေါ်မှာသက်ရောက်တည်ရှိ သွားခဲ့တာပါ။


၁။အားနည်းချက်တွေရှိပေမယ့်အားကြီးစွာလုပ်ဆောင်ခဲ့ကြသူတွေ

ပရောဖက်ကြီးဧလိယကိုကြည့် ဗာလပရောဖက်တွေ ရာနှင့်ချီကိုစိန်ခေါ်ခဲ့သူ၊ မိုးမရွာဖို့ အမိန့်ပေးခဲ့သူဖြစ် ပေမယ့် သူ့မှာလည်းစိတ်ဓါတ်ကျတဲ့အချိန်၊ မိန်းမတစ်ယောက်ရဲ့စကားကြောင့် ကြောက်ပြီးတော့ထွက်ပြေးခဲ့တဲ့အချိန်ရှိဖူးတယ်။ သေချင်တယ်လို့အကြိမ်ကြိမ် ပြောရင်းဂူတစ်ဂူထဲမှာ ပုန်းနေဖူးတယ်။ ဒါပဲကြည့်လေ အနည်းနဲ့အများကြောက်စိတ်၊ အားငယ်စိတ်တော့ရှိစမြဲပဲ။ တချိန်လုံး တောက်လောင်တက်ကြွနေတာတော့မဟုတ်ပါဘူး။ ဒါ‌ပေမယ့် ဘုရားက သူ့ကိုမပစ်ပယ်ပါဘူး။ သူ့ထက် နှစ်ဆသာတဲ့ အမှုတော်ဆောင်ကိုမွေးထုတ်စေသူဖြစ်ရုံသာမကအရှင်လတ် လတ်ကောင်းကင်တောင် ချီဆောင်လိုက်သေးတယ်။ တခါတလေမှာတော့ကြောက်စိတ်အားငယ်စိတ် ရှိကောင်းရှိမယ် ဒါကိုဒီအတိုင်းမထားပဲ ဘုရားကိုအားကိုးခြင်းအဖြစ် ပြောင်းလိုက်ဖို့ပါပဲ။

အာဗြဟံကြီးလည်း ဘုရားက ယုံကြည်ခြင်းဖခင်လို့သတ်မှတ်ခေါ်ဝေါ်ပေမယ့် အမှားတော့ကင်းတာမှ မဟုတ်တာ။ သူ့မိန်းမကိုသူ့ညီမပါလို့နှစ်ကြိမ်တောင်ညာမိတယ်။ တကယ်တော့ကြောက်လို့ပါ။ ရည်ရွယ်ချက်ရှိရှိလုပ်တာတော့မဟုတ်ပါဘူး။ အသက် တရာအထိ ကလေးမရနိုင်ဘူး ဘယ်လောက်တောင်ဆိုးလိုက်တဲ့အားနည်းချက်လဲ။ ဒါပေမယ့် အဲ့ဒီအားနည်းချက်တွေကြောင့်ပဲဘုုရားကိုပိုအားကိုးဖို့ဖြစ်လာတဲ့အခါမှာလူတိုင်းအားကျရတဲ့ယုံကြည် ခြင်းဖခင်ဖြစ်လာရတယ်မဟုတ်လား။ သင်လည်းဒီလိုပဲအားနည်း ချက်တွေ မပြုပြင်နိုင်တာတွေရှိမယ်။ ဒါတွေကြောင့်မထူးဇါတ်ဆက်ခင်းနေဖို့မဟုတ်သလို၊ စိတ်ဓါတ်ကျနေဖို့လည်းမဟုတ်ဘူး။ ဘုရားကိုကိုးစားစရာအဖြစ်ကိုပြောင်းလဲလိုက်ရင် ဘုရားတန်ခိုးတော်ကိုမြင်တွေ့ရဖို့ဖြစ်လာစေမယ်။



Zawgyi

အားနည္းခ်က္ေတြ႐ွိလည္း

၂ေကာ ၁၂း၉

အားနည္းတဲ့အခ်က္ေတြသာမတူရင္မတူမယ္၊ အားနည္းခ်က္ကိုယ္စီ႐ွိၾကတာေတာ့လူတိုင္းအတူတူပဲ။ ဘုုရားက လူကိုဖန္ဆင္းကတည္းက လူကိုဘုရားသခင္ကိုအမွီျပဳၿပီးေတာ့ ႐ွင္သန္ဖို႔အ တြက္ ဘုရားက ရည္႐ြယ္ဖန္ဆင္းထားတယ္။ လူဟာ ဘုရားမပါပဲအသက္႐ွင္လို႔မရတာဟာ အားနည္းခ်က္ေတြေၾကာင့္ပဲလို႔ဆိုရမလိုပဲ။ တစ္ခ်ိဳ႕ကအားနည္းခ်က္႐ွိ ေပမယ့္ သိပ္ျပည့္စုုသလိုလို အသက္႐ွင္ၾကတယ္။ တကယ္ေတာ့အားနည္းခ်က္႐ွိတာ ႐ွက္စရာမဟုတ္သလို၊ အဲ့ဒီအရာကိုပဲအေၾကာင္းျပၿပီး အခြင့္အေရးယူဖို႔လည္းမဟုတ္ျပန္ဘူး။ သင့္ရဲ႕အားနည္းခ်က္ေတြ အေပၚမွာ ဘုရားသခင္ကိုအားကိုးျခင္းအျဖစ္ ‌ေျပာင္းလိုက္ရင္ အားႀကီးတဲ့ဘုရားတန္ခိုးေတာ္ေတြကို သင့္အားျဖင့္လူေတြျမင္ေတြ႕ ဖို႔ျဖစ္လာေစမယ္။ ဒီေန႔ဘုရားသခင္ ကြၽန္ေတာ္ကိုအသုံးျပဳခဲ့တာကိုအရင္တုန္းကတည္းက သိကြၽမ္းတဲ့လူေတြကေတြ႕ ေတာ့အရမ္းအံ့ၾသတယ္။ သူတို႔က ကြၽန္ေတာ္ဘယ္လိုလူလည္းဆိုတာဘယ္လိုအသက္႐ွင္ခဲ့လဲဆိုတာ သိခဲ့ၾကတဲ့လူေတြ။ ခေရေစ့တြင္းက်အကုန္သိတယ္။ ကြၽန္ေတာ္မွာ ေအာင္ျမင္ႏိုင္စရာ အရည္အခ်င္းေတြအဲ့ဒီေလာက္မ႐ွိတာ။ ကြၽန္ေတာ္အားနည္းခ်က္ေတြကိုသိေတာ့ ဒီေလာက္ဘုရားအသုံးျပဳတာျမင္ရေတာ့ ဘုရားတတ္ႏိုင္ျခင္းကိုျမင္ဖို႔ ျဖစ္လာေစတယ္။ တကယ္ေတာ့အားနည္းခ်က္မ႐ွိလို႔၊အဖက္ဖက္မွာ ျပည့္စုံေနလို႔ ဘုုရားအသုံးျပဳတာ ခ်ီးေျမႇာက္တာ ေကာင္းႀကီးေပးတာ တကယ္ကိုမဟုတ္ပါ။ အဲ့ဒီအားနည္းခ်က္ေတြ အမ်ားႀကီးကို ဘုရားကိုအားကိုးဖို႔အျဖစ္ေျပာင္းလိုက္လို႔သာ ဘုရားတန္ခိုးေတာ္က ကြၽန္ေတာ္အေပၚမွာသက္ေရာက္တည္႐ွိ သြားခဲ့တာပါ။


၁။အားနည္းခ်က္ေတြ႐ွိေပမယ့္အားႀကီးစြာလုပ္ေဆာင္ခဲ့ၾကသူေတြ

ပေရာဖက္ႀကီးဧလိယကိုၾကည့္ ဗာလပေရာဖက္ေတြ ရာႏွင့္ခ်ီကိုစိန္ေခၚခဲ့သူ၊ မိုးမ႐ြာဖို႔ အမိန္႔ေပးခဲ့သူျဖစ္ ေပမယ့္ သူ႕မွာလည္းစိတ္ဓါတ္က်တဲ့အခ်ိန္၊ မိန္းမတစ္ေယာက္ရဲ႕စကားေၾကာင့္ ေၾကာက္ၿပီးေတာ့ထြက္ေျပးခဲ့တဲ့အခ်ိန္႐ွိဖူးတယ္။ ေသခ်င္တယ္လို႔အႀကိမ္ႀကိမ္ ေျပာရင္းဂူတစ္ဂူထဲမွာ ပုန္းေနဖူးတယ္။ ဒါပဲၾကည့္ေလ အနည္းနဲ႔အမ်ားေၾကာက္စိတ္၊ အားငယ္စိတ္ေတာ့႐ွိစၿမဲပဲ။ တခ်ိန္လုံး ေတာက္ေလာင္တက္ႂကြေနတာေတာ့မဟုတ္ပါဘူး။ ဒါ‌ေပမယ့္ ဘုရားက သူ႕ကိုမပစ္ပယ္ပါဘူး။ သူ႕ထက္ ႏွစ္ဆသာတဲ့ အမႈေတာ္ေဆာင္ကိုေမြးထုတ္ေစသူျဖစ္႐ုံသာမကအ႐ွင္လတ္ လတ္ေကာင္းကင္ေတာင္ ခ်ီေဆာင္လိုက္ေသးတယ္။ တခါတေလမွာေတာ့ေၾကာက္စိတ္အားငယ္စိတ္ ႐ွိေကာင္း႐ွိမယ္ ဒါကိုဒီအတိုင္းမထားပဲ ဘုရားကိုအားကိုးျခင္းအျဖစ္ ေျပာင္းလိုက္ဖို႔ပါပဲ။

အာျဗဟံႀကီးလည္း ဘုရားက ယုံၾကည္ျခင္းဖခင္လို႔သတ္မွတ္ေခၚေဝၚေပမယ့္ အမွားေတာ့ကင္းတာမွ မဟုတ္တာ။ သူ႕မိန္းမကိုသူ႕ညီမပါလို႔ႏွစ္ႀကိမ္ေတာင္ညာမိတယ္။ တကယ္ေတာ့ေၾကာက္လို႔ပါ။ ရည္႐ြယ္ခ်က္႐ွိ႐ွိလုပ္တာေတာ့မဟုတ္ပါဘူး။ အသက္ တရာအထိ ကေလးမရႏိုင္ဘူး ဘယ္ေလာက္ေတာင္ဆိုးလိုက္တဲ့အားနည္းခ်က္လဲ။ ဒါေပမယ့္ အဲ့ဒီအားနည္းခ်က္ေတြေၾကာင့္ပဲဘုုရားကိုပိုအားကိုးဖို႔ျဖစ္လာတဲ့အခါမွာလူတိုင္းအားက်ရတဲ့ယုံၾကည္ ျခင္းဖခင္ျဖစ္လာရတယ္မဟုတ္လား။ သင္လည္းဒီလိုပဲအားနည္း ခ်က္ေတြ မျပဳျပင္ႏိုင္တာေတြ႐ွိမယ္။ ဒါေတြေၾကာင့္မထူးဇါတ္ဆက္ခင္းေနဖို႔မဟုတ္သလို၊ စိတ္ဓါတ္က်ေနဖို႔လည္းမဟုတ္ဘူး။ ဘုရားကိုကိုးစားစရာအျဖစ္ကိုေျပာင္းလဲလိုက္ရင္ ဘုရားတန္ခိုးေတာ္ကိုျမင္ေတြ႕ရဖို႔ျဖစ္လာေစမယ္။

0 views0 comments

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube