- Than Min Htike
အားပြည့်
ဟေရှာယ ၄၀:၃၁
အားပြည့် အချိုရေတွေဟာ သင့်ကို
ရာနှုန်းပြည့် အားအင်မပြည့်စေန်ိုင်ဘူး။ ခန္ဓာအားပြည့်
ရင်တောင် စိတ်နှလုံးနှင့် ဝိညာဉ်ကိုအားပြည့်စေနိုင်
ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လောကဒဏ်တွေကြောင့်နွမ်း
နယ်ပင်ပန်းနေတဲ့ လူတွေ ပြန်လည်နလံထ လန်းဆန်း
လာဖို့ဆိုတာ ဘယ်လိုများ လုပ်ရမလည်းလို့ သင်သိချင်
နေမယ်ဆိုရင် ဒီနေ့သတင်းစကားဟာ သင့်အတွက်ပဲ။
၁။ ထာဝရဘုရားကိုမျှော်လင့်ရင် အားပြည့်မယ်
လောကကြီးမှာရှိတဲ့အရာအားလုံးကို
မျှော်လင့်မိရင်တော့ အဆုံးက ရင်ကျိုးရမှာသေချာ
တယ်။ အလုပ်၊ လူစတဲ့ အရာတွေဟာလည်းယနေ့
အချိန်မှာပြိုလဲတော့ မယ့်တံတားလိုပဲ။ နိုင်ငံပေါ်မှာလည်း
သင့်ရဲ့ မျှော်လင့်ခြင်းကိုထား လို့မရဘူး။ ဒါဆိုရင် အားပြည့်ဖို့အတွက် ဘာလုပ်ရမလဲ။ နှုတ်ကပတ်တော် လမ်းညွှန်ချက်ကတော့ ထာဝရဘုရားကိုမျှော်လင့်ပါတဲ့။ ဘုရားကိုပဲ မျှော်ကြည့်တတ်ရင် လောကကြီးဟာ ဘယ်လိုအခြေအနေဖြစ်ဖြစ် သင်အားပြည့်နေမှာပဲ။ အားအင်ချိနဲ့နေတဲ့ လူမမာ တစ်ယောက်အတွက်တော့အရာရာဟာ ရင်မဆိုင်နိုင်စရာ ဖြစ်ကောင်းဖြစ်ပေမယ့်၊ အားအင် ပြည့်ဝနေတဲ့ လူတစ်ယောက်အတွက်ကတော့ဘာမှမှုစရာရှိမှာတောင်မဟုတ်ဘူး။ ဘုရားကိုမျှော်လင့်တတ်အောင် သင်ယူပါ။ ဒါဝိဒ်ကတော့ ငါ့က်ိုမစခြင်းအကြောင်းပေါ်ထွက်တဲ့ တောင်ရိုးကို ငါမျှော်ကြည့်တယ်လို့ဆိုတယ်။သူအကြည့်မှန်တဲ့အတွက် အားပြည့်နေပြီး ဂေါလျက်လို လူ့ဘီလူးကြီးတောင် လှဲချနိုင်ခဲ့တယ်မဟုတ်လား။ လူကောင်သေးတာကြီးတာ၊ ငွေအင်အား နဲတာများတာနဲ့ မဆိုင်ဘူး။ ဘုရားကိုမျှော်လင့်ပါ အားပြည့်မယ်။
၂။ဘုရားကိုရှာသောသူဟာ အားပြည့်မယ် ဆာ၆၉:၃၂
အောင်မြင်မှုတွေ ကြွယ်ဝမှာတွေနောက်မ
လိုက်နဲ့။ ဒီနေ့ အဲ့ဒီအရာတွေဟာ ခဏပဲ။ ဘုရားက်ိုရှာ
တဲ့သူကပဲ စစ်မှန်တဲ့ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်းခံ
စားမယ်။ အားပြည့်ချင်တယ်ဆိုရင် ဘုရားကိုရှာဖို့
နေ့စဉ်အချိန်ပေးတတ်ဖို့လိုတယ်။ လူတွေဟာ လောက
အရာတွေရှာဖွေဖို့အတွက် အချိန်တွေ ငွေ တွေ အကုန်
ပုံအောပြီး ရှာတတ်ကြတယ်။ အဲ့ဒီအရာတွေဟာ သင့်
ကို စစ်မှန်တဲ့ ငြိမ်သက်ခြင်း မပေးဘူး။ ဘုရားကို ရှာ
ဖို့ အချိန်ပေးကြည့်။ လောကကြီးမှာ အားအင်အပြည့်
ဖြတ်သန်းနိုင်ဖို့ သူမစကူညီလိမ့်မယ်။

Zawgyi
အားျပည့္
ေဟ႐ွာယ ၄၀:၃၁
အားျပည့္ အခ်ိဳေရေတြဟာ သင့္ကို
ရာႏႈန္းျပည့္ အားအင္မျပည့္ေစန္ိဳင္ဘူး။ ခႏၶာအားျပည့္
ရင္ေတာင္ စိတ္ႏွလုံးႏွင့္ ဝိညာဥ္ကိုအားျပည့္ေစႏိုင္
ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ေလာကဒဏ္ေတြေၾကာင့္ႏြမ္း
နယ္ပင္ပန္းေနတဲ့ လူေတြ ျပန္လည္နလံထ လန္းဆန္း
လာဖို႔ဆိုတာ ဘယ္လိုမ်ား လုပ္ရမလည္းလို႔ သင္သိခ်င္
ေနမယ္ဆိုရင္ ဒီေန႔သတင္းစကားဟာ သင့္အတြက္ပဲ။
၁။ ထာဝရဘုရားကိုေမွ်ာ္လင့္ရင္ အားျပည့္မယ္
ေလာကႀကီးမွာ႐ွိတဲ့အရာအားလုံးကို
ေမွ်ာ္လင့္မိရင္ေတာ့ အဆုံးက ရင္က်ိဳးရမွာေသခ်ာ
တယ္။ အလုပ္၊ လူစတဲ့ အရာေတြဟာလည္းယေန႔
အခ်ိန္မွာၿပိဳလဲေတာ့ မယ့္တံတားလိုပဲ။ ႏိုင္ငံေပၚမွာလည္း
သင့္ရဲ႕ ေမွ်ာ္လင့္ျခင္းကိုထား လို႔မရဘူး။ ဒါဆိုရင္ အားျပည့္ဖို႔အတြက္ ဘာလုပ္ရမလဲ။ ႏႈတ္ကပတ္ေတာ္ လမ္းၫႊန္ခ်က္ကေတာ့ ထာဝရဘုရားကိုေမွ်ာ္လင့္ပါတဲ့။ ဘုရားကိုပဲ ေမွ်ာ္ၾကည့္တတ္ရင္ ေလာကႀကီးဟာ ဘယ္လိုအေျခအေနျဖစ္ျဖစ္ သင္အားျပည့္ေနမွာပဲ။ အားအင္ခ်ိနဲ႔ေနတဲ့ လူမမာ တစ္ေယာက္အတြက္ေတာ့အရာရာဟာ ရင္မဆိုင္ႏိုင္စရာ ျဖစ္ေကာင္းျဖစ္ေပမယ့္၊ အားအင္ ျပည့္ဝေနတဲ့ လူတစ္ေယာက္အတြက္ကေတာ့ဘာမွမႈစရာ႐ွိမွာေတာင္မဟုတ္ဘူး။ ဘုရားကိုေမွ်ာ္လင့္တတ္ေအာင္ သင္ယူပါ။ ဒါဝိဒ္ကေတာ့ ငါ့က္ိဳမစျခင္းအေၾကာင္းေပၚထြက္တဲ့ ေတာင္႐ိုးကို ငါေမွ်ာ္ၾကည့္တယ္လို႔ဆိုတယ္။သူအၾကည့္မွန္တဲ့အတြက္ အားျပည့္ေနၿပီး ေဂါလ်က္လို လူ႕ဘီလူးႀကီးေတာင္ လွဲခ်ႏိုင္ခဲ့တယ္မဟုတ္လား။ လူေကာင္ေသးတာႀကီးတာ၊ ေငြအင္အား နဲတာမ်ားတာနဲ႔ မဆိုင္ဘူး။ ဘုရားကိုေမွ်ာ္လင့္ပါ အားျပည့္မယ္။
၂။ဘုရားကို႐ွာေသာသူဟာ အားျပည့္မယ္ ဆာ၆၉:၃၂
ေအာင္ျမင္မႈေတြ ႂကြယ္ဝမွာေတြေနာက္မ
လိုက္နဲ႔။ ဒီေန႔ အဲ့ဒီအရာေတြဟာ ခဏပဲ။ ဘုရားက္ိဳ႐ွာ
တဲ့သူကပဲ စစ္မွန္တဲ့ ေအာင္ျမင္ျခင္း၊ ႂကြယ္ဝျခင္းခံ
စားမယ္။ အားျပည့္ခ်င္တယ္ဆိုရင္ ဘုရားကို႐ွာဖို႔
ေန႔စဥ္အခ်ိန္ေပးတတ္ဖို႔လိုတယ္။ လူေတြဟာ ေလာက
အရာေတြ႐ွာေဖြဖို႔အတြက္ အခ်ိန္ေတြ ေငြ ေတြ အကုန္
ပုံေအာၿပီး ႐ွာတတ္ၾကတယ္။ အဲ့ဒီအရာေတြဟာ သင့္
ကို စစ္မွန္တဲ့ ၿငိမ္သက္ျခင္း မေပးဘူး။ ဘုရားကို ႐ွာ
ဖို႔ အခ်ိန္ေပးၾကည့္။ ေလာကႀကီးမွာ အားအင္အျပည့္
ျဖတ္သန္းႏိုင္ဖို႔ သူမစကူညီလိမ့္မယ္။