Search

ဘယ်တော့မှ မလုပ်ဘူး

Updated: Sep 7


“အ​ချင်း​ရန်​သူ၊ ငါ့​အ​ပေါ်​မှာ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း မ​ရှိ​နှင့်။ ငါ​လဲ​သော်​လည်း ထ​ဦး​မည်။ မှောင်​မိုက်၌ ထိုင်​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း​ဖြစ်​တော်​မူ​လိမ့်​မည်။” မိက္ခာ ၇:၈

ချော်လဲရောထိုင် ဘဝမှာလဲမကဖြူးတဲ့သူ မရှိပါဘူး။ တခြိနျခြိနျမှာ အကွောငျးတစျခုခုကွောငျ့တော့ လဲကဖြူးကွပါတယျ။ခြောကျပွစျကငျးသဲလဲစငျဆိုတာ လောကမှာမရှိသ လောကျရှားတယျ။ လူတိုငျး အနညျးနဲ့အမြားကိုယျစီ နာကငြျစရာ သကျသခေံခကြျတှရှေိတတျပါတယျ။ ဖွောငျ့မတျသောသူရဲ့အမှတျတံဆိပျက တစျခါမှ လဲမကဖြူးတာမဟုတျဘူး လဲကသြှားရငျတောငျ ဘယျတော့မှ ခြောျလဲရောထိုငျမလုပျဘူး၊ အကွိမျကွိမျလဲကသြှားရငျလဲ ပွနျထတတျကွတာသဘာဝပဲ။ ဒါကွောငျ့လဲရှောလမုနျမငျးက ဆိုတယျမဟုတျလား ဖွောငျ့မတျသောသူဟာ ခုနှစျကွိမျလဲသောျလညျး ပွနျထအုံးမယျတဲ့။ (သု ၂၄း ၁၇) ဆာလံဆရာကတော့ လဲသောျလညျး ဆုံးရာသို့မရောကျဘူးတဲ့။ (ဆာ ၃၇း၂၄) မလဲကဖြူးလို့ မပွောဘူး ဆုံးရာသို့မရောက်ဖူးတဲ့။ ဒါကြောင့် လဲကျဖူးတာ ပြဿ နာမဟုတ်ဘူး ပြန်မထလာတာကပဲ အဓိကပြဿနာပါ။ ကောင်းကင်က မီးကျအောင်ဆုတောင်းပေးခဲ့တဲ့ ဧလိယကြီးလဲ စိတ်ဓါတ်ကျပြီး လဲကျဖူးတယ်။ ပယ်လယ်ကြီး ကိုနှစ်ခြမ်းခွဲ ပစ်ခဲ့တဲ့ မောရှေကြီးလဲ အားနည်းချက်နဲ့လဲကျဖူးတယ်။ ယော်ဒန်မြစ်ကို ရပ်တန့်စေပြီး ယေရိခေါမြို့ကြီးကို ကြွေးကြော်သံကြီးနဲ့ဖြိုချခဲ့တဲ့ ယောရှုလဲ ဘုရားကိုမမေးပဲ အခြားသူတွေပြောသမျှယုံပြီးတော့ ဂတိတွေ ပေးပြီးတော့အမှားလုပ်ခဲ့မိဖူးတာပဲ။ ဘယ်လိုပဲ လဲကျသွားလဲကျသွားသူတို့ရဲ့ထူးခြားတဲ့အချက်ကတော့ ဘယ်တော့မှ ချော်လဲရောထိုင် မလုပ်တာပါပဲ။ ဘယ်တော့မှ မလုပ်ဘူး မိက္ခာကတော့ သူ့ဘ၀ရဲ့ရပ်တည်ချက်ကို သေချာရှင်းလင်းအောင် လုပ်ထားတယ်။ သူမလဲကျဖူးဘူးလို့ မပြောပါဘူး။ ငါလဲသွားရင်တောင် ကြည့်ထားငါပြန်ထလာမယ်လို့သူကျိန်းဝါးခဲ့တယ်။ ငါ လဲသွားပြီးဆိုပြီး ချော်လဲရောထိုင်တော့ ဘယ်တော့မှ လုပ်မှာမဟုတ်သလို၊ လဲရကောင်းမလားဆိုပြီးကိုယ့်ကိုကိုယ်ရော အခြားသူတွေကိုရော အပြစ်တင် နေမှာမဟုတ်ဘူး။ ငါ့မှာမရှိရကောင်းလား၊ ဖြစ်ရမလားဆိုပြီးတော့လဲ ကြေကွဲနေမှာမဟုတ်ဘူး။ လဲရင်လည်း ပြန်ထမယ် အခုငါ့ဆီမှာ မရှိတဲ့အရာလား ဘုရားက ငါ့လိုအပ်ချက်အားလုံပြည့်စုံရာပဲ။ ဒါကြောင့် ငါဘယ်တော့မှ စိတ်ဓါတ်ကျမှာ၊ ရပ်တန့်သွားမှာ မဟုတ်ဘူး။ ဘုရားထားတဲ့ပန်းတိုင်၊ ဘုရား အလိုတော်ရှိတဲ့နေရာကိုတော့ မရောက်ရောက်အောင် ခရီးဆက်မယ်။ ချော်လဲရောထိုင်ဘ၀တော့ ဘယ်တော့မှ မလုပ်ဘူး။ ဒါဘ၀ရဲ့ရပ်တည်ချက်ပဲ။

Zawgyi ဘယ်တော့မှ မလုပ်ဘူး “အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက်ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။” မိက္ခာ ၇:၈ ချော်လဲရောထိုင် ဘဝမှာလဲမကျဖူးတဲ့သူ မရှိပါဘူး။ တချိန်ချိန်မှာ အကြောင်းတစ်ခုခုကြောင့်တော့ လဲကျဖူးကြပါတယ်။ချောက်ပြစ်ကင်းသဲလဲစင်ဆိုတာ လောကမှာမရှိသ လောက်ရှားတယ်။ လူတိုင်း အနည်းနဲ့အများကိုယ်စီ နာကျင်စရာ သက်သေခံချက်တွေရှိတတ်ပါတယ်။ ဖြောင့်မတ်သောသူရဲ့အမှတ်တံဆိပ်က တစ်ခါမှ လဲမကျဖူးတာမဟုတ်ဘူး လဲကျသွားရင်တောင် ဘယ်တော့မှ ချော်လဲရောထိုင်မလုပ်ဘူး၊ အကြိမ်ကြိမ်လဲကျသွားရင်လဲ ပြန်ထတတ်ကြတာသဘာဝပဲ။ ဒါကြောင့်လဲရှောလမုန်မင်းက ဆိုတယ်မဟုတ်လား ဖြောင့်မတ်သောသူဟာ ခုနှစ်ကြိမ်လဲသော်လည်း ပြန်ထအုံးမယ်တဲ့။ (သု ၂၄း ၁၇) ဆာလံဆရာကတော့ လဲသော်လည်း ဆုံးရာသို့မရောက်ဘူးတဲ့။ (ဆာ ၃၇း၂၄) မလဲကျဖူးလို့ မပြောဘူး ဆုံးရာသို့မရောက်ဖူးတဲ့။ ဒါကြောင့် လဲကျဖူးတာ ပြဿ နာမဟုတ်ဘူး ပြန်မထလာတာကပဲ အဓိကပြဿနာပါ။ ကောင်းကင်က မီးကျအောင်ဆုတောင်းပေးခဲ့တဲ့ ဧလိယကြီးလဲ စိတ်ဓါတ်ကျပြီး လဲကျဖူးတယ်။ ပယ်လယ်ကြီး ကိုနှစ်ခြမ်းခွဲ ပစ်ခဲ့တဲ့ မောရှေကြီးလဲ အားနည်းချက်နဲ့လဲကျဖူးတယ်။ ယော်ဒန်မြစ်ကို ရပ်တန့်စေပြီး ယေရိခေါမြို့ကြီးကို ကြွေးကြော်သံကြီးနဲ့ဖြိုချခဲ့တဲ့ ယောရှုလဲ ဘုရားကိုမမေးပဲ အခြားသူတွေပြောသမျှယုံပြီးတော့ ဂတိတွေ ပေးပြီးတော့အမှားလုပ်ခဲ့မိဖူးတာပဲ။ ဘယ်လိုပဲ လဲကျသွားလဲကျသွားသူတို့ရဲ့ထူးခြားတဲ့အချက်ကတော့ ဘယ်တော့မှ ချော်လဲရောထိုင် မလုပ်တာပါပဲ။ ဘယ်တော့မှ မလုပ်ဘူး မိက္ခာကတော့ သူ့ဘဝရဲ့ရပ်တည်ချက်ကို သေချာရှင်းလင်းအောင် လုပ်ထားတယ်။ သူမလဲကျဖူးဘူးလို့ မပြောပါဘူး။ ငါလဲသွားရင်တောင် ကြည့်ထားငါပြန်ထလာမယ်လို့သူကျိန်းဝါးခဲ့တယ်။ ငါ လဲသွားပြီးဆိုပြီး ချော်လဲရောထိုင်တော့ ဘယ်တော့မှ လုပ်မှာမဟုတ်သလို၊ လဲရကောင်းမလားဆိုပြီးကိုယ့်ကိုကိုယ်ရော အခြားသူတွေကိုရော အပြစ်တင် နေမှာမဟုတ်ဘူး။ ငါ့မှာမရှိရကောင်းလား၊ ဖြစ်ရမလားဆိုပြီးတော့လဲ ကြေကွဲနေမှာမဟုတ်ဘူး။ လဲရင်လည်း ပြန်ထမယ် အခုငါ့ဆီမှာ မရှိတဲ့အရာလား ဘုရားက ငါ့လိုအပ်ချက်အားလုံပြည့်စုံရာပဲ။ ဒါကြောင့် ငါဘယ်တော့မှ စိတ်ဓါတ်ကျမှာ၊ ရပ်တန့်သွားမှာ မဟုတ်ဘူး။ ဘုရားထားတဲ့ပန်းတိုင်၊ ဘုရား အလိုတော်ရှိတဲ့နေရာကိုတော့ မရောက်ရောက်အောင် ခရီးဆက်မယ်။ ချော်လဲရောထိုင်ဘဝတော့ ဘယ်တော့မှ မလုပ်ဘူး။ ဒါဘဝရဲ့ရပ်တည်ချက်ပဲ။

16 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube