Search

ဘုရားပြင်ဆင်ထားတဲ့အရာများ

အားလုံးမှာတိကျတဲ့ရည်ရွယ်ချက်ရှိတယ် ဘုရားမျက်မှောက်တော်ထဲက ထွက်ပြေးတဲ့ ယောန စီးတဲ့သင်္ဘောကိုတိုက်ဖို့ မုန်တိုင်းကိုဘုရားပြင်ဆင်တယ်။ တကယ်တော့ပျက်ဆီးသွားဖို့မဟုတ်ပါဘူး။ ပျက်ဆီးစေချင်ရင် ယောန ဆိုတဲ့ကျမ်းစာတောင်ဖြစ်လာမှာမဟုတ်ဘူး။ ဘုရားက ယောနကို လမ်းမှန်ကိုပြန်တည့်ပေးချင်တာပါ။ ဒါကြောင့် မုန်တိုင်းက ပျက်ဆီးဖို့ထက် မှန်ကန်တဲ့လမ်းကိုရောက်သွားပြီး ယောနရဲ့အားနည်းချက်တွေ ကိုဖေါ်ထုတ်ဖို့ဖြစ်လာတယ်။ သူဘယ်ကနေလာတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာကို လူရှေ့မှာ ထုတ်ဖေါ်ပြောဆိုပြီး ရေထဲလဲရောက်ရော မုန်တိုင်းက ငြိမ်းသွားတာပဲမဟုတ်လား။ တချို့မုန်တိုင်းတွေက သင့်အသက်တာမှာ ဘာတွေအားနည်းလဲ၊ ဘာကြောင့်ဖြစ်တာလဲ မသိမခြင်း မငြိမ်းဘူး။ ဘုရားကအဲ့ဒီအရာတွေသိပြီးကိုင် တွယ်တဲ့အထိ အချိန်ကိုက်သံပတ်ပေးထားတယ်။ နောက် ရေထဲရောက်သွားတော့လဲ ငါးကြီးကို ဘုရားကပြင်ထားပြန်တယ်။ ဘုရားကယောနကိုမသေစေချင်ပါဘူး၊ သိစေချင်တာပါ။ ငါးကြီးဝမ်းဗိုက်ထဲမှာလဲသုံးရက်လုံးလုံးကျဉ်းကြပ်ခြင်းထဲမှာ သူနေရပြီးတော့ သုံးရက်မြောက်သောနေ့မှာတော့ယောန ဆုတောင်းပြီးတော့ဘုရားကို ချီးမွမ်းတယ်။ တချို့အကျဉ်းအကြပ်တွေက ဟိုလူအပြစ်တင် ဒီလူ့အပြစ်တင်နဲ့ အဖြေမထွက်တတ်ဘူး။ ဘယ်သူကြောင့် ဆိုတာက လိုချင်တဲ့ပုဒ်စာရဲ့အဖြေမဟုတ်ဘူး။ ဘုရားကို ချီးမွမ်းတတ်ဖို့ကိုပဲဘုရားက ပြင်ဆင်ပေးတာပါ။ ဘုရားကိုသူဆုတောင်းခြင်း၊ ချီးမွမ်းခြင်းပြီးတဲ့နောက်မှာငါးကြီးက ကုန်းပေါ်မှာ သွားအန်တယ်။ ဒီအကျဉ်းအကြပ်ကလဲသက်တမ်းရှိတယ် ကျေးဇူးတော်ကိုမသိမခြင်း ချီးမွမ်းခြင်းကိုသဘောမပေါက်မချင်းတော့ လွတ်မြောက်မယ့်ပုံမပေါ်ပြန်ဘူး။ ငါးကြီးက ဘုရားသွားစေချင်တဲ့ နိနဝေကို မရောက်ရောက်အောင် ပို့ဆောင်တဲ့ပြင်ဆင်မှုတစ်ခုဆိုတာ ငြင်းလို့မရဘူး။

သဘောမပေါက်မခြင်း တချို့လူ တွေ ဘ၀ကို အေးအေးလူလူ ဖြတ် သန်းနေချိန်မှာ ငါကျတော့ ဘာကြောင့်များ တစ်ခုပြီးတစ်ခု အခက်ခဲတွေကြုံရတာလဲလို့မေးခွန်းထုတ်တတ်ကြတယ်။ ဘယ်လောက် ဘုရားသင်ပေးသင်ပေး သဘောမပေါက်တဲ့ လူကတော့ ကောင်းကြီးရဖို့ နည်းနည်းတော့ကြာတယ်။ အခုလဲယောန ဘုရား ဖျက်ဆီးတော့မယ်လို့လိုက်လံကြေငြာနေပြီး ကြားတဲ့လူတွေက ပြောင်းလဲပေမယ့် သူကတော့ဘုရားကိုဒေါသတွေထွက်နေတယ်။ ဒါနဲ့ဘုရားက သူ့ကိုစိတ်ပြေဖို့နဲ့ နားလည်အောင်ရှင်းပြဖို့ အတွက် ကြက်ဆူပင်ကိုပေါက်စေတယ်။ အဲ့ဒီအရိပ်အောက်မှာ ယောန ပျော်နေတုန်းရှိသေးတယ်။ ဘုရားကပိုးကောင်ကိုစေလွှတ်ပြီး ကိုက်ခိုင်းပါလေရော။ ဒါတင်လားဆိုမဟုတ်ဘူး အရှေ့လေကိုစေလွှတ်ပြီးတော့ မပူပူအောင် ယောနအတွက်ပြင်ဆင်ပြန်တယ်။ ဒီအချိန်မှာ အရိပ်မရှိတဲ့အပြင် ပူပြင်းတဲ့အရှေ့လေကိုခံစားရတဲ့ယောန ပေါက်ကွဲပါလေရော။ ဒီအချိန်မှာဘုရားကသူ့ ချစ်ခြင်းကို အခြေအနေတွေနဲ့ ရှင်းပြတယ်။ ဘာမဟုတ်တဲ့ အပင်လေးအတွက် မင်းနှမြောနေမယ်ဆိုရင် လူသိန်းပေါင်းများစွာအတွက် ငါဘယ်လောက်များ ခံစားရမလဲ မင်းသိရင်ကောင်းမယ်။ ယောန သဘောပေါက်မပေါက်တော့မသိဘူး။ ကျွန်တော်တို့ကတော့သဘောပေါက်ဖို့လိုတယ်။ မဟုတ်ရင် မုန်တိုင်းတွေ မျိုမယ့်ငါးတွေ၊ ကိုက်စားမယ် ပိုးကောင်တွေ၊ ပူပြင်းစေမယ့် အရှေ့လေထက်ဆိုးတာတွေကစောင့်နေတယ်။ ဘုရားပျက်ဆီးစေချင်တာမဟုတ်ပါဘူး နားလည်သဘောပေါက်စေချင်ရုံပါ။ တချို့က တော့အရမ်းမြန်တယ် သဘောပေါက်လွယ်တာကို၊ တချို့က ယောနလိုပဲ ဘာနဲ့တွေ့တွေ့ အခုထိ သဘောကိုမပေါက်နိုင်ဘူး။



Zawgyi အားလုံးမှာတိကျတဲ့ရည်ရွယ်ချက်ရှိတယ် ဘုရားမျက်မှောက်တော်ထဲက ထွက်ပြေးတဲ့ ယောန စီးတဲ့သင်္ဘောကိုတိုက်ဖို့ မုန်တိုင်းကိုဘုရားပြင်ဆင်တယ်။ တကယ်တော့ပျက်ဆီးသွားဖို့မဟုတ်ပါဘူး။ ပျက်ဆီးစေချင်ရင် ယောန ဆိုတဲ့ကျမ်းစာတောင်ဖြစ်လာမှာမဟုတ်ဘူး။ ဘုရားက ယောနကို လမ်းမှန်ကိုပြန်တည့်ပေးချင်တာပါ။ ဒါကြောင့် မုန်တိုင်းက ပျက်ဆီးဖို့ထက် မှန်ကန်တဲ့လမ်းကိုရောက်သွားပြီး ယောနရဲ့အားနည်းချက်တွေ ကိုဖေါ်ထုတ်ဖို့ဖြစ်လာတယ်။ သူဘယ်ကနေလာတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာကို လူရှေ့မှာ ထုတ်ဖေါ်ပြောဆိုပြီး ရေထဲလဲရောက်ရော မုန်တိုင်းက ငြိမ်းသွားတာပဲမဟုတ်လား။ တချို့မုန်တိုင်းတွေက သင့်အသက်တာမှာ ဘာတွေအားနည်းလဲ၊ ဘာကြောင့်ဖြစ်တာလဲ မသိမခြင်း မငြိမ်းဘူး။ ဘုရားကအဲ့ဒီအရာတွေသိပြီးကိုင် တွယ်တဲ့အထိ အချိန်ကိုက်သံပတ်ပေးထားတယ်။ နောက် ရေထဲရောက်သွားတော့လဲ ငါးကြီးကို ဘုရားကပြင်ထားပြန်တယ်။ ဘုရားကယောနကိုမသေစေချင်ပါဘူး၊ သိစေချင်တာပါ။ ငါးကြီးဝမ်းဗိုက်ထဲမှာလဲသုံးရက်လုံးလုံးကျဉ်းကြပ်ခြင်းထဲမှာ သူနေရပြီးတော့ သုံးရက်မြောက်သောနေ့မှာတော့ယောန ဆုတောင်းပြီးတော့ဘုရားကို ချီးမွမ်းတယ်။ တချို့အကျဉ်းအကြပ်တွေက ဟိုလူအပြစ်တင် ဒီလူ့အပြစ်တင်နဲ့ အဖြေမထွက်တတ်ဘူး။ ဘယ်သူကြောင့် ဆိုတာက လိုချင်တဲ့ပုဒ်စာရဲ့အဖြေမဟုတ်ဘူး။ ဘုရားကို ချီးမွမ်းတတ်ဖို့ကိုပဲဘုရားက ပြင်ဆင်ပေးတာပါ။ ဘုရားကိုသူဆုတောင်းခြင်း၊ ချီးမွမ်းခြင်းပြီးတဲ့နောက်မှာငါးကြီးက ကုန်းပေါ်မှာ သွားအန်တယ်။ ဒီအကျဉ်းအကြပ်ကလဲသက်တမ်းရှိတယ် ကျေးဇူးတော်ကိုမသိမခြင်း ချီးမွမ်းခြင်းကိုသဘောမပေါက်မချင်းတော့ လွတ်မြောက်မယ့်ပုံမပေါ်ပြန်ဘူး။ ငါးကြီးက ဘုရားသွားစေချင်တဲ့ နိနဝေကို မရောက်ရောက်အောင် ပို့ဆောင်တဲ့ပြင်ဆင်မှုတစ်ခုဆိုတာ ငြင်းလို့မရဘူး။

သဘောမပေါက်မခြင်း တချို့လူ တွေ ဘဝကို အေးအေးလူလူ ဖြတ် သန်းနေချိန်မှာ ငါကျတော့ ဘာကြောင့်များ တစ်ခုပြီးတစ်ခု အခက်ခဲတွေကြုံရတာလဲလို့မေးခွန်းထုတ်တတ်ကြတယ်။ ဘယ်လောက် ဘုရားသင်ပေးသင်ပေး သဘောမပေါက်တဲ့ လူကတော့ ကောင်းကြီးရဖို့ နည်းနည်းတော့ကြာတယ်။ အခုလဲယောန ဘုရား ဖျက်ဆီးတော့မယ်လို့လိုက်လံကြေငြာနေပြီး ကြားတဲ့လူတွေက ပြောင်းလဲပေမယ့် သူကတော့ဘုရားကိုဒေါသတွေထွက်နေတယ်။ ဒါနဲ့ဘုရားက သူ့ကိုစိတ်ပြေဖို့နဲ့ နားလည်အောင်ရှင်းပြဖို့ အတွက် ကြက်ဆူပင်ကိုပေါက်စေတယ်။ အဲ့ဒီအရိပ်အောက်မှာ ယောန ပျော်နေတုန်းရှိသေးတယ်။ ဘုရားကပိုးကောင်ကိုစေလွှတ်ပြီး ကိုက်ခိုင်းပါလေရော။ ဒါတင်လားဆိုမဟုတ်ဘူး အရှေ့လေကိုစေလွှတ်ပြီးတော့ မပူပူအောင် ယောနအတွက်ပြင်ဆင်ပြန်တယ်။ ဒီအချိန်မှာ အရိပ်မရှိတဲ့အပြင် ပူပြင်းတဲ့အရှေ့လေကိုခံစားရတဲ့ယောန ပေါက်ကွဲပါလေရော။ ဒီအချိန်မှာဘုရားကသူ့ ချစ်ခြင်းကို အခြေအနေတွေနဲ့ ရှင်းပြတယ်။ ဘာမဟုတ်တဲ့ အပင်လေးအတွက် မင်းနှမြောနေမယ်ဆိုရင် လူသိန်းပေါင်းများစွာအတွက် ငါဘယ်လောက်များ ခံစားရမလဲ မင်းသိရင်ကောင်းမယ်။ ယောန သဘောပေါက်မပေါက်တော့မသိဘူး။ ကျွန်တော်တို့ကတော့သဘောပေါက်ဖို့လိုတယ်။ မဟုတ်ရင် မုန်တိုင်းတွေ မျိုမယ့်ငါးတွေ၊ ကိုက်စားမယ် ပိုးကောင်တွေ၊ ပူပြင်းစေမယ့် အရှေ့လေထက်ဆိုးတာတွေကစောင့်နေတယ်။ ဘုရားပျက်ဆီးစေချင်တာမဟုတ်ပါဘူး နားလည်သဘောပေါက်စေချင်ရုံပါ။ တချို့က တော့အရမ်းမြန်တယ် သဘောပေါက်လွယ်တာကို၊ တချို့က ယောနလိုပဲ ဘာနဲ့တွေ့တွေ့ အခုထိ သဘောကိုမပေါက်နိုင်ဘူး။

10 views

© 2020 by Miracle Makers Proudly created with abundantlife

  • Facebook
  • YouTube