Search
  • Than Min Htike
ယုံကြည်နေသေးသရွေ့
"မြုံသောသူသည် ခုနှစ်ကြိမ်တိုင်အောင် ဘွားမြင်ပြီ။" (၁ရာ ၂:၅(ခ))
အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ
သင်ဟာ မတိုးတက်တော့ရင် ကျန်ခဲ့မှာဖြစ်တယ်။
လူဟာ ဘယ်သူမှတော့ မပြည့်စုံပါဘူး။ ဒါပေမယ့်အဲ့ဒါ
ဟာ သင့်ဘဝရဲ့ အကြောင်းပြချက်တစ်ခုတော့ မဖြစ်
သင့်ဘူး။ လူဟာ မပြည့်စုံပေမယ့် တိုးတက်နေဖို့တော့လိုတယ်။ ဟန္ဒရဲ့ ဘဝအသက်တာမှာလည်းမပြည့်စုံဘူး။ ဒါပေမယ့် သူဟာ ဘာတတ်နိုင်မှာလည်း ဆိုပြီး ရေစုန်မမျောလိုက်ဘူး။ သူဟာ ဒီအခြေအနေကနေတိုးတက်အောင် ယုံကြည်ခြင်းနဲ့ ဘဝကိုတိုးတက်အောင် ခြေလှမ်းတယ်။ သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ဆုတောင်းခြင်းအသက်တာဟာ ဘဝကို လက်ရှ်ိ အခြေအနေကနေ တိုးတက်စေခဲ့တယ်ဆိုတာ အားလုံးသိတယ်။ သူသားလေးတစ်ယောက်ရတယ်၊ ရှာမွေလ ဆိုတဲ့ သားလေး။ သူတင်မကဘူး တစ်အိမ်ထောင်လုံး ၊ တိုင်းပြည်တစ်ခုလုံးအတွက် တကယ်ကို ဝမ်းမြောက်စရာ ဖြစ်ခဲ့တယ်။ သင့်ရဲ့ တိုးတက်ခြင်းက သင်တစ်ယောက်ထဲပဲ ဝမ်းမြောက်ရတာ မဟုတ်ပါဘူး။ လူများစွာအတွက် ကောင်းကြီးဖြစ်စေမယ်ဆိုတာ မမေ့နဲ့ ။ တိုးတက်နေတဲ့သူတွေဟာပတ်ဝန်းကျင်ကို အမြဲ အကျိုးပြုတယ်။
မတိုးတက်တော့ရင်တော့ သူများမပြောနဲ့
ကိုယ်ဘဝတောင် မှောင်မိုက်ထဲ မှာ ကျင်လည်
ရသလို ဖြစ်စေတယ်။ ဒီကလေးရတဲ့ အခါ ဟန္ဒ ကျေး
ဇူးတော် ချီးမွမ်းပြီး ဆုတောင်းတယ်။ အဲ့ဒီဆုတောင်း
ချက်က သိပ်ကောင်းတယ်။ ကလေးတစ်ယောက်
ရတာ အရမ်းအားရ ဝမ်းမြောက်နေမယ်လို့သင်ထင်
မိရင် မှားလိမ့်မယ်။ ဟန္ဒက ဒီလိုပြောတယ် ဒီလောက်
ပဲ တိုးတက်တာ သူမကျေနပ်ဘူး။ မြုံတဲ့မိန်းမက
ကလေးတစ်ယောက်မွေးခွင့်ရပြီလို့ သူမပြောဘူး
(၇) ယောက်တောင် မွေးပြီလို့ သူကြုံးဝါးတယ်။
သူယုံကြည်ခြင်းကတော့ သြချ လောက်တယ်။
သူယုံတဲ့ အတိုင်းပဲ နောက် သားသမီး (၅) ယောက်
သူထပ်မွေးခွင့်ရတယ်။ သူဟာ မပြည့်စုံပေမယ့် တိုးတက်ဖို့ဆန္ဒရှိတဲ့သူဖြစ်တယ်။
Zawgyi
ယုံကြည်နေသေးသရွေ့
ချက်က သိပ်ကောင်းတယ်။ ကလေးတစ်ယောက်
1 view0 comments